Premier League

အမြတ်ရော အသုံးစရိတ်ပါ ထိုးတက်လာတာကို ခပ်တည်တည် ချပြလိုက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီရာသီမှာ အသုံးစရိတ်ပိုင်းက မြင့်မားလာခဲ့သလို ဝင်ငွေရှာဖွေနိုင်မှုအပိုင်းမှာလည်း သိသိသာသာကြီး မြင့်တက်လာခဲ့ကြောင်းကို ပြီးခဲ့တဲ့ ဘဏ္ဏာရေးနှစ်အတွက် ရှင်းတမ်းထုတ်ပြန်မှုမှာ ဥက္ကဌ ခယ်လ်ဒွန်း အယ်လ်မူဘာရက်ခ်က ချပြလိုက်ပြီဖြစ်ပါတယ်။

မိုးပြာရောင်တွေအနေနဲ့ စာရင်းမရှိ အင်းမရှိ သုံးချင်တိုင်း သုံးနေတာ မဟုတ်ဘူးလို့ ဆိုချင်နေပုံလည်း ရပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားခဲ့အပြင် ပြိုင်ဘက်အသင်းတွေထက် မက်လောက်အောင် ပေးနေတဲ့ လစာအသုံးစရိတ်ကိုလည်း ဝေဖန်မှုတွေ ရှိနေချိန်မှာ ရငွေနဲ့ သုံးငွေ တတ်နိုင်လို့ ပေးတာဖြစ်ကြောင်း ပြသခဲ့တာပါ။

မန်ချက်စတာစီးတီးတို့အနေနဲ့ ကစားသမား၊ နည်းပြအဖွဲ့အပါအဝင် အသင်းမှာ ရှိရှိသမျှ ဝန်ထမ်းပေါင်း ၅၂၀ ဦးအတွက် တစ်နှစ်လစာ အသုံးစရိတ်အဖြစ် ပေါင် ၄၄၂.၈ သန်း ပေးချေရပြီး ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါင် ၃၈၄ သန်းထက် သန်း ၆၀ နီးပါး ပိုမိုသုံးစွဲထားခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒါပေမယ့် ဒီအခြေအနေတွေကို ကာမိနိုင်ဖို့အတွက် မန်စီးတီးတို့အနေနဲ့ တစ်နှစ်စာ အမြတ်ငွေအဖြစ် ပေါင် ၇၁၂.၈ သန်း စုဆောင်းနိုင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ကထက် ပေါင် ၈၀.၄ သန်း ပိုမိုရရှိခဲ့သလို ဒီကမ္ဘာလုံးဆိုင်ရာ ဝင်ငွေက ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်အသင်းနောက် ပေါင် ၂၂ သန်းသာ လျော့နည်းတယ်လို့လည်း ဆိုပါတယ်။

အပြောင်းအရွှေ့နဲ့ လစာအသုံးစရိတ်ပိုင်းမှာ ဟားလန်းကို ခေါ်ယူခဲ့ရမှုနဲ့ လုပ်ခပေးချေမှုတွေက တစ်နှစ်စာအတွက် ပေါင် ၆၉ သန်းအထိ မြင့်တက်သွားစေခဲ့ပေမယ့် ဇင်ချန်ကို၊ ဂျေဆူးစ်တို့လို ကစားသမားတွေနဲ့ အကယ်ဒမီထွက် လူငယ်တွေကို ရောင်းချထားနိုင်မှုတွေအပြင် တခြားရုပ်သံနဲ့ စပွန်ဆာငွေကြေးတွေကြောင့် ခုလိုမျိုး အမြတ်အစွန်းကို ရှာဖွေနိုင်စေခဲ့တာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီရာသီမွာ အသုံးစရိတ္ပိုင္းက ျမင့္မားလာခဲ့သလို ဝင္ေငြရွာေဖြႏိုင္မႈအပိုင္းမွာလည္း သိသိသာသာႀကီး ျမင့္တက္လာခဲ့ေၾကာင္းကို ၿပီးခဲ့တဲ့ ဘဏၰာေရးႏွစ္အတြက္ ရွင္းတမ္းထုတ္ျပန္မႈမွာ ဥကၠဌ ခယ္လ္ဒြန္း အယ္လ္မူဘာရက္ခ္က ခ်ျပလိုက္ၿပီျဖစ္ပါတယ္။

မိုးျပာေရာင္ေတြအေနနဲ႔ စာရင္းမရွိ အင္းမရွိ သုံးခ်င္တိုင္း သုံးေနတာ မဟုတ္ဘူးလို႔ ဆိုခ်င္ေနပုံလည္း ရၿပီး ကစားသမားေကာင္းေတြကို ေခၚယူထားခဲ့အျပင္ ၿပိဳင္ဘက္အသင္းေတြထက္ မက္ေလာက္ေအာင္ ေပးေနတဲ့ လစာအသုံးစရိတ္ကိုလည္း ေဝဖန္မႈေတြ ရွိေနခ်ိန္မွာ ရေငြနဲ႔ သုံးေငြ တတ္ႏိုင္လို႔ ေပးတာျဖစ္ေၾကာင္း ျပသခဲ့တာပါ။

မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ကစားသမား၊ နည္းျပအဖြဲ႕အပါအဝင္ အသင္းမွာ ရွိရွိသမွ် ဝန္ထမ္းေပါင္း ၅၂၀ ဦးအတြက္ တစ္ႏွစ္လစာ အသုံးစရိတ္အျဖစ္ ေပါင္ ၄၄၂.၈ သန္း ေပးေခ်ရၿပီး ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေပါင္ ၃၈၄ သန္းထက္ သန္း ၆၀ နီးပါး ပိုမိုသုံးစြဲထားခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဒါေပမယ့္ ဒီအေျခအေနေတြကို ကာမိႏိုင္ဖို႔အတြက္ မန္စီးတီးတို႔အေနနဲ႔ တစ္ႏွစ္စာ အျမတ္ေငြအျဖစ္ ေပါင္ ၇၁၂.၈ သန္း စုေဆာင္းႏိုင္ခဲ့ၿပီး လြန္ခဲ့တဲ့ ႏွစ္ကထက္ ေပါင္ ၈၀.၄ သန္း ပိုမိုရရွိခဲ့သလို ဒီကမာၻလုံးဆိုင္ရာ ဝင္ေငြက ထိပ္ဆုံးက ရီးရဲလ္မက္ဒရစ္အသင္းေနာက္ ေပါင္ ၂၂ သန္းသာ ေလ်ာ့နည္းတယ္လို႔လည္း ဆိုပါတယ္။

အေျပာင္းအေ႐ႊ႕နဲ႔ လစာအသုံးစရိတ္ပိုင္းမွာ ဟားလန္းကို ေခၚယူခဲ့ရမႈနဲ႔ လုပ္ခေပးေခ်မႈေတြက တစ္ႏွစ္စာအတြက္ ေပါင္ ၆၉ သန္းအထိ ျမင့္တက္သြားေစခဲ့ေပမယ့္ ဇင္ခ်န္ကို၊ ေဂ်ဆူးစ္တို႔လို ကစားသမားေတြနဲ႔ အကယ္ဒမီထြက္ လူငယ္ေတြကို ေရာင္းခ်ထားႏိုင္မႈေတြအျပင္ တျခား႐ုပ္သံနဲ႔ စပြန္ဆာေငြေၾကးေတြေၾကာင့္ ခုလိုမ်ိဳး အျမတ္အစြန္းကို ရွာေဖြႏိုင္ေစခဲ့တာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.