International

တသက်တာအကောင်းဆုံးကစားသမား ၃ ဦးကို သတ်မှတ်လိုက်တဲ့ ပုပ်ရဟန်းမင်းကြီး

တသက်တာအကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတဲ့ အငြင်းအခုံဟာ တသက်လုံး မပြီးဆုံးနိုင်တဲ့ အငြင်းအခုံဖြစ်နိုင်ပေမယ့် လက်ရှိမှာတော့ ပုပ် ဖရန်စစ်က အဲဒီအငြင်းအခုံမှာ နောက်ထပ် အငြင်းအခုံတစ်ခုကို ထပ်မံဖန်တီးလိုက်ပြီဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက ကက်သလစ်ချာ့ချ်ရဲ့ အကြီးအကဲဖြစ်လာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဟာ တသက်တာအကောင်းဆုံးကစားသမားလို့ သတ်မှတ်လို့ရနိုင်တဲ့ ကစားသမားတွေအများအပြားရှိနေတဲ့ အာဂျင်တီးနားနိုင်ငံသားဖြစ်ပါတယ်။

လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ဒီယေဂို မာရာဒိုနာဟာ အာဂျင်တီးနားဘောလုံးလောကရဲ့ ဂန္တဝင်အဖြစ် အမြဲတမ်း အမှတ်ရနေမယ့်သူဖြစ်ပြီး ၂၀၂၀ ခုနှစ်တုန်းက အသက် ၆၀ အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားကနေပဲ နောက်ထပ် ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ မကြာသေးမီက ဘလွန်ဒေါ ၈ ဆုမြောက် အနိုင်ရရှိခဲ့ပြီးနောက် တသက်တာအကောင်းဆုံးကစားသမားအဖြစ် လက်ရှိမှာ သတ်မှတ်ခြင်း ခံနေရပြီဖြစ်ပါတယ်။

တသက်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံရဖို့အတွက် မက်ဆီရဲ့ ကစားသမားဘဝတလျှောက်လုံး ပြီးခဲ့တဲ့နှစ်မတိုင်ခင်အထိ ကွက်လပ်ဖြစ်နေခဲ့တဲ့အရာက လက်ရွေးစင်အသင်းနဲ့ အဓိကဆုဖလားတွေ ဖြစ်ပြီး ကလပ်အသင်းအဆင့်မှာ အဓိကဆုဖလားအားလုံးကို ဆွတ်ခူးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ လီယွန်နယ် မက်ဆီက ကာတာမှာ ပြင်သစ်ကို အနိုင်ယူပြီး အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တဲ့အချိန်မှာ အဲဒီမေးခွန်းကို အဖြေပေးနိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားနိုင်ငံသားဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးကို မက်ဆီ သို့မဟုတ် မာရာဒိုနာက တသက်တာအကောင်းဆုံးကစားသမားလားလို့ မေးမြန်းခဲ့ရာမှာ အဲဒီအငြင်းအခုံထဲကို နောက်ထပ်နာမည်တစ်ခုကို ထပ်ထည့်ခဲ့တာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ဘရာဇီးလ်ဂန္တဝင် ပီလီကို တသက်တာအကောင်းဆုံးကစားသမားတွေထဲမှာ ထည့်သွင်းခဲ့တာဖြစ်ပြီး မာရာဒိုနာနဲ့ တသက်တာအကောင်းဆုံးကစားသမား အငြင်းအခုံမှာ အမြဲတမ်း ထည့်သွင်းခြင်းခံခဲ့ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူးဟောင်းဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက အသက် ၈၂ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ မာရာဒိုနာတို့ထဲက တသက်တာအကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတာကို ရွေးချယ်ဖို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ပုပ် ဖရန်စစ်က “ကျွန်တော်ကတော့ တတိယမြောက်လူထည့်ချင်တယ်။ ပီလီပါ။ သူတို့တွေ ၃ ယောက်စလုံးက ကျွန်တော် အားပေးတဲ့သူတွေပါ။ ဒီ ၃ ယောက်စလုံးက ကြီးကျယ်ခမ်းနားတယ်။ တစ်ဦးချင်းစီမှာ ထူးခြားမှုတွေ ကိုယ်စီရှိကြတယ်။ အခုအချိန်မှာ မက်ဆီက အရမ်းကောင်းမွန်နေပါတယ်။ မာရာဒိုနာက ကျရှုံးခဲ့တဲ့သူပါ။ သနားစရာကောင်းတယ်။ သူ ခြေချော်ခဲ့တယ်။ သူ့နားက လူတွေက သူ့ကို မကူညီခဲ့ကြဘူး။ သူ ကျွန်တော် ပုပ်ရဟန်းမင်းကြီးဖြစ်ပြီး ပထမဆုံးနှစ်မှာပဲ လာတွေ့ခဲ့တယ်။ သူ့ဘဝက ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့တယ်။ အဲဒါက ရယ်စရာကောင်းတယ်။ အားကစားသမားတွေ တော်တော်များများက ဘဝကို ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့ရတယ်။ ဘောက်ဆင်လောကမှာတောင်မှပါပဲ။ အဲဒါကို သိချင်လိုက်တာ။ မက်ဆီက အရမ်းမှန်ကန်တယ်။ သူက လူကြီးလူကောင်းပါ။ ဒီ ၃ ယောက်ထဲမှာ လူကြီးလူကောင်းအဆန်ဆုံးက ပီလီပါ။ သူက အရမ်းကို အကြင်နာတရားကြီးမားတဲ့သူပါ။ ကျွန်တော် သူနဲ့ စကားပြောခဲ့တယ်။ ဗွေနို ဆိုင်းရပ်စ်မှာတုန်းက လေယာဉ်ပေါ်မှာ သူနဲ့ ဆုံခဲ့တယ်။ သူက ကြီးမြတ်တဲ့လူသားတစ်ယောက်ပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တသက္တာအေကာင္းဆုံးကစားသမားက ဘယ္သူလဲဆိုတဲ့ အျငင္းအခုံဟာ တသက္လုံး မၿပီးဆုံးႏိုင္တဲ့ အျငင္းအခုံျဖစ္ႏိုင္ေပမယ့္ လက္ရွိမွာေတာ့ ပုပ္ ဖရန္စစ္က အဲဒီအျငင္းအခုံမွာ ေနာက္ထပ္ အျငင္းအခုံတစ္ခုကို ထပ္မံဖန္တီးလိုက္ၿပီျဖစ္ပါတယ္။

၂၀၁၃ ခုႏွစ္ကတည္းက ကက္သလစ္ခ်ာ့ခ်္ရဲ႕ အႀကီးအကဲျဖစ္လာခဲ့တဲ့ ပုပ္ရဟန္းမင္းႀကီးဟာ တသက္တာအေကာင္းဆုံးကစားသမားလို႔ သတ္မွတ္လို႔ရႏိုင္တဲ့ ကစားသမားေတြအမ်ားအျပားရွိေနတဲ့ အာဂ်င္တီးနားႏိုင္ငံသားျဖစ္ပါတယ္။

လက္ေ႐ြးစင္အသင္းနဲ႔ ကမာၻ႔ဖလား ၂ ႀကိမ္အထိ ဆြတ္ခူးႏိုင္ခဲ့တဲ့ ဒီေယဂို မာရာဒိုနာဟာ အာဂ်င္တီးနားေဘာလုံးေလာကရဲ႕ ဂႏၲဝင္အျဖစ္ အၿမဲတမ္း အမွတ္ရေနမယ့္သူျဖစ္ၿပီး ၂၀၂၀ ခုႏွစ္တုန္းက အသက္ ၆၀ အ႐ြယ္မွာ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားကေနပဲ ေနာက္ထပ္ ႀကီးက်ယ္ခမ္းနားတဲ့ ကစားသမားျဖစ္တဲ့ လီယြန္နယ္ မက္ဆီဟာ မၾကာေသးမီက ဘလြန္ေဒါ ၈ ဆုေျမာက္ အႏိုင္ရရွိခဲ့ၿပီးေနာက္ တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ လက္ရွိမွာ သတ္မွတ္ျခင္း ခံေနရၿပီျဖစ္ပါတယ္။

တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံရဖို႔အတြက္ မက္ဆီရဲ႕ ကစားသမားဘဝတေလွ်ာက္လုံး ၿပီးခဲ့တဲ့ႏွစ္မတိုင္ခင္အထိ ကြက္လပ္ျဖစ္ေနခဲ့တဲ့အရာက လက္ေ႐ြးစင္အသင္းနဲ႔ အဓိကဆုဖလားေတြ ျဖစ္ၿပီး ကလပ္အသင္းအဆင့္မွာ အဓိကဆုဖလားအားလုံးကို ဆြတ္ခူးထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မွာ လီယြန္နယ္ မက္ဆီက ကာတာမွာ ျပင္သစ္ကို အႏိုင္ယူၿပီး အာဂ်င္တီးနားအတြက္ ကမာၻ႔ဖလားကို ရယူႏိုင္ခဲ့တဲ့အခ်ိန္မွာ အဲဒီေမးခြန္းကို အေျဖေပးႏိုင္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားႏိုင္ငံသားျဖစ္တဲ့ ပုပ္ရဟန္းမင္းႀကီးကို မက္ဆီ သို႔မဟုတ္ မာရာဒိုနာက တသက္တာအေကာင္းဆုံးကစားသမားလားလို႔ ေမးျမန္းခဲ့ရာမွာ အဲဒီအျငင္းအခုံထဲကို ေနာက္ထပ္နာမည္တစ္ခုကို ထပ္ထည့္ခဲ့တာျဖစ္ပါတယ္။

ပုပ္ရဟန္းမင္းႀကီးက ဘရာဇီးလ္ဂႏၲဝင္ ပီလီကို တသက္တာအေကာင္းဆုံးကစားသမားေတြထဲမွာ ထည့္သြင္းခဲ့တာျဖစ္ၿပီး မာရာဒိုနာနဲ႔ တသက္တာအေကာင္းဆုံးကစားသမား အျငင္းအခုံမွာ အၿမဲတမ္း ထည့္သြင္းျခင္းခံခဲ့ရတဲ့ ဘရာဇီးလ္တိုက္စစ္မႉးေဟာင္းဟာ ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလတုန္းက အသက္ ၈၂ ႏွစ္အ႐ြယ္မွာပဲ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

မက္ဆီနဲ႔ မာရာဒိုနာတို႔ထဲက တသက္တာအေကာင္းဆုံးကစားသမားက ဘယ္သူလဲဆိုတာကို ေ႐ြးခ်ယ္ဖို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ပုပ္ ဖရန္စစ္က “ကြၽန္ေတာ္ကေတာ့ တတိယေျမာက္လူထည့္ခ်င္တယ္။ ပီလီပါ။ သူတို႔ေတြ ၃ ေယာက္စလုံးက ကြၽန္ေတာ္ အားေပးတဲ့သူေတြပါ။ ဒီ ၃ ေယာက္စလုံးက ႀကီးက်ယ္ခမ္းနားတယ္။ တစ္ဦးခ်င္းစီမွာ ထူးျခားမႈေတြ ကိုယ္စီရွိၾကတယ္။ အခုအခ်ိန္မွာ မက္ဆီက အရမ္းေကာင္းမြန္ေနပါတယ္။ မာရာဒိုနာက က်ရႈံးခဲ့တဲ့သူပါ။ သနားစရာေကာင္းတယ္။ သူ ေျခေခ်ာ္ခဲ့တယ္။ သူ႔နားက လူေတြက သူ႔ကို မကူညီခဲ့ၾကဘူး။ သူ ကြၽန္ေတာ္ ပုပ္ရဟန္းမင္းႀကီးျဖစ္ၿပီး ပထမဆုံးႏွစ္မွာပဲ လာေတြ႕ခဲ့တယ္။ သူ႔ဘဝက ဆိုးဆိုး႐ြား႐ြား အဆုံးသတ္ခဲ့တယ္။ အဲဒါက ရယ္စရာေကာင္းတယ္။ အားကစားသမားေတြ ေတာ္ေတာ္မ်ားမ်ားက ဘဝကို ဆိုးဆိုး႐ြား႐ြား အဆုံးသတ္ခဲ့ရတယ္။ ေဘာက္ဆင္ေလာကမွာေတာင္မွပါပဲ။ အဲဒါကို သိခ်င္လိုက္တာ။ မက္ဆီက အရမ္းမွန္ကန္တယ္။ သူက လူႀကီးလူေကာင္းပါ။ ဒီ ၃ ေယာက္ထဲမွာ လူႀကီးလူေကာင္းအဆန္ဆုံးက ပီလီပါ။ သူက အရမ္းကို အၾကင္နာတရားႀကီးမားတဲ့သူပါ။ ကြၽန္ေတာ္ သူနဲ႔ စကားေျပာခဲ့တယ္။ ေဗြႏို ဆိုင္းရပ္စ္မွာတုန္းက ေလယာဥ္ေပၚမွာ သူနဲ႔ ဆုံခဲ့တယ္။ သူက ႀကီးျမတ္တဲ့လူသားတစ္ေယာက္ပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.