Premier League Transfer News

နူးရ်ကာဆင်ရဲ့ အခက်အခဲကို အခွင့်ကောင်းယူပြီး နာဗက်စ်ကို ခေါ်မယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဒက်ကလန် ရိုက်စ်ရဲ့ ကွက်လပ်ဖြစ်နေတိုင်း ရုန်းကန်နေရတဲ့ ကွင်းလယ်တစ်နေရာအတွက် အားဖြည့်ဖို့ ဆော်ဒီကလပ် အယ်လ်ဟီလယ်လ်ရဲ့ ရူဘင် နာဗက်စ်ကို လာမယ့် ဆောင်းရာသီ ဈေးကွက်ဖွင့်ချိန်မှာ အငှားနဲ့ ရရှိနိုင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

စိန့်ဂျိမ်းစ်ပါ့ခ်က ငှက်ကျားနည်းပြ အက်ဒီဟောင်းအနေနဲ့ ဒီအသက် ၂၆ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်ကို အလိုရှိနေခဲ့ပေမယ့် ဆော်ဒီရဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ PIF က ပိုင်ဆိုင်ထားတဲ့ အယ်လ်ဟီလယ်လ်နဲ့ PIF ကပဲ ရှယ်ယာအများစုကို ပိုင်ဆိုင်တဲ့ နယူးကာဆယ်လ်တို့ရဲ့ကြားက အပြောင်းအရွှေ့မှာ ပွင့်လင်းမြင်သာမှုကို ချမပြနိုင်မယ့် ကိစ္စက သူတို့တွေကို အတားအဆီးဖြစ်လာစေနိုင်တာပါ။

အယ်လ်ဟီလယ်လ်အနေနဲ့ ဆော်ဒီလိဂ် ရပ်နားချိန်မှာ နာဗက်စ်ကို ပရီးမီးယားလိဂ်ကို ပို့ဆောင်ဖို့ စဉ်းစားနေပေမယ့် အပြောင်းအရွှေ့အတွက် ရိုးသားမှန်ကန်ကြောင်း အယုံကြည်ရှိ/မရှိဆိုတဲ့ မဲပေးမှုကို ပရီးမီးယားလိဂ်ကလပ် ၂၀ ကြားမှာ ဆန္ဒဖော်ထုတ်ရဖွယ်ရှိနေတာကြောင့် ရေနံဆိုရင် ရွံနေတဲ့ အင်္ဂလန်က ပြိုင်ပွဲမှာ နယူးကာဆယ်လ်တို့ နောက်ကောက်ကျဖို့ များနေတာဖြစ်ပါတယ်။

ဒီအချိန်မှာ အာဆင်နယ်တို့အနေနဲ့ ဒက်ကလန် ရိုက်စ်က ရှေ့က နံပါတ် ၈ ကို တက်ကစားရင် နံပါတ် ၆ နေရာမှာ ပြဿနာပေါ်နေပြီး နောက်က နောက်က နံပါတ် ၆ ကို ဆင်းကစားရင် နံပါတ် ၈ မှာ ပြဿနာဖြစ်တတ်တဲ့ ကွင်းလယ်အတွက် နှစ်နေရာလုံးမှာ ကစားနိုင်တဲ့ နာဗက်စ်ကို သောမတ်စ် ပါတေးရဲ့ အခြေအနေ ဘာမှမသိရသေးခင်မှာ ကာလတိုစာချုပ်နဲ့ ခေါ်ယူလိုနေတာပါ။

ဆော်ဒီလိဂ်အနေနဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ တစ်လခွဲနီးပါး ရပ်နားသွားမှာဖြစ်တဲ့အတွက် ဒီကာလမှာ နာဗက်စ်ကို ခေါ်ယူထားမလား၊ ဒါမှမဟုတ် ရာသီကုန်အထိ ညှိနှိုင်းသွားမလားကတော့ စောင့်ကြည့်ရမှာဖြစ်ပြီး နည်းပြ မီခယ်လ် အာတီတာရဲ့ ရွှေ့ကွက်က စိတ်ဝင်စားစရာဖြစ်နေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဒက္ကလန္ ႐ိုက္စ္ရဲ႕ ကြက္လပ္ျဖစ္ေနတိုင္း ႐ုန္းကန္ေနရတဲ့ ကြင္းလယ္တစ္ေနရာအတြက္ အားျဖည့္ဖို႔ ေဆာ္ဒီကလပ္ အယ္လ္ဟီလယ္လ္ရဲ႕ ႐ူဘင္ နာဗက္စ္ကို လာမယ့္ ေဆာင္းရာသီ ေဈးကြက္ဖြင့္ခ်ိန္မွာ အငွားနဲ႔ ရရွိႏိုင္ဖို႔ ႀကိဳးစားေနၿပီျဖစ္ပါတယ္။

စိန႔္ဂ်ိမ္းစ္ပါ့ခ္က ငွက္က်ားနည္းျပ အက္ဒီေဟာင္းအေနနဲ႔ ဒီအသက္ ၂၆ ႏွစ္အ႐ြယ္ ေပၚတူဂီလက္ေ႐ြးစင္ကို အလိုရွိေနခဲ့ေပမယ့္ ေဆာ္ဒီရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈအဖြဲ႕ PIF က ပိုင္ဆိုင္ထားတဲ့ အယ္လ္ဟီလယ္လ္နဲ႔ PIF ကပဲ ရွယ္ယာအမ်ားစုကို ပိုင္ဆိုင္တဲ့ နယူးကာဆယ္လ္တို႔ရဲ႕ၾကားက အေျပာင္းအေ႐ႊ႕မွာ ပြင့္လင္းျမင္သာမႈကို ခ်မျပႏိုင္မယ့္ ကိစၥက သူတို႔ေတြကို အတားအဆီးျဖစ္လာေစႏိုင္တာပါ။

အယ္လ္ဟီလယ္လ္အေနနဲ႔ ေဆာ္ဒီလိဂ္ ရပ္နားခ်ိန္မွာ နာဗက္စ္ကို ပရီးမီးယားလိဂ္ကို ပို႔ေဆာင္ဖို႔ စဥ္းစားေနေပမယ့္ အေျပာင္းအေ႐ႊ႕အတြက္ ႐ိုးသားမွန္ကန္ေၾကာင္း အယုံၾကည္ရွိ/မရွိဆိုတဲ့ မဲေပးမႈကို ပရီးမီးယားလိဂ္ကလပ္ ၂၀ ၾကားမွာ ဆႏၵေဖာ္ထုတ္ရဖြယ္ရွိေနတာေၾကာင့္ ေရနံဆိုရင္ ႐ြံေနတဲ့ အဂၤလန္က ၿပိဳင္ပြဲမွာ နယူးကာဆယ္လ္တို႔ ေနာက္ေကာက္က်ဖို႔ မ်ားေနတာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ အာဆင္နယ္တို႔အေနနဲ႔ ဒက္ကလန္ ႐ိုက္စ္က ေရွ႕က နံပါတ္ ၈ ကို တက္ကစားရင္ နံပါတ္ ၆ ေနရာမွာ ျပႆနာေပၚေနၿပီး ေနာက္က ေနာက္က နံပါတ္ ၆ ကို ဆင္းကစားရင္ နံပါတ္ ၈ မွာ ျပႆနာျဖစ္တတ္တဲ့ ကြင္းလယ္အတြက္ ႏွစ္ေနရာလုံးမွာ ကစားႏိုင္တဲ့ နာဗက္စ္ကို ေသာမတ္စ္ ပါေတးရဲ႕ အေျခအေန ဘာမွမသိရေသးခင္မွာ ကာလတိုစာခ်ဳပ္နဲ႔ ေခၚယူလိုေနတာပါ။

ေဆာ္ဒီလိဂ္အေနနဲ႔ ဒီဇင္ဘာ ၂၉ ရက္ေန႔ကေန ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔အထိ တစ္လခြဲနီးပါး ရပ္နားသြားမွာျဖစ္တဲ့အတြက္ ဒီကာလမွာ နာဗက္စ္ကို ေခၚယူထားမလား၊ ဒါမွမဟုတ္ ရာသီကုန္အထိ ညႇိႏႈိင္းသြားမလားကေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး နည္းျပ မီခယ္လ္ အာတီတာရဲ႕ ေ႐ႊ႕ကြက္က စိတ္ဝင္စားစရာျဖစ္ေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.