Premier League
သုံးမရတဲ့ တပည့်အရင်းကြီးကို ရောင်းထုတ်တော့မယ့် တန်ဟက်
အဲရစ် တန်ဟက်ဟာ ဘရာဇီးလ်တောင်ပံကစားသမားကို မန်ချက်စတာယူနိုက်တက်ကို ခေါ်ယူခဲ့ပြီးနောက် ၁၈ လတောင် မပြည့်သေးခင်မှာပဲ ပြန်ရောင်းထုတ်ဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။
တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နွေရာသီမှာ ပေါင် ၈၅ သန်းနဲ့ အိုင်းယက်စ်ကနေ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ တန်ဟက်ခေါ်ယူခဲ့သမျှ ကစားသမားတွေထဲမှာ စျေးအကြီးဆုံးကစားသမားဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘရာဇီးလ်တောင်ပံကစားသမားဟာ ပေးရတဲ့စျေးနဲ့တန်တဲ့ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ပထမဆုံး ၁၂ ပွဲမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါမပြုလုပ်နိုင်ဘဲ ရာသီသစ်ကို အလွန်ခက်ခက်ခဲခဲ စတင်ခဲ့ရတာ ဖြစ်ပါတယ်။ တန်ဟက်ဟာ အသက် ၂၃ နှစ်အရွယ် ကစားသမားဘက်ကနေ ကာလရှည် ရပ်တည်ပေးခဲ့တာဖြစ်ပြီး ရုန်းကန်နေရတဲ့ ဘရာဇီးလ်ကြယ်ပွင့်ကို ဆက်လက်ကစားခွင့်ပေးခဲ့ပေမယ့်လည်း အဲဒီသဘောထားကို ပြောင်းလဲတော့မှာဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ ဒတ်ချ်လူမျိုးနည်းပြဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် ဖွင့်တဲ့အချိန်ကျရင် ဘရာဇီးလ်တောင်ပံကစားသမားအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
တန်ဟက်ဟာ တိုက်စစ်မှာ သွေးသစ်လောင်းချင်နေတာကြောင့် အန်သိုနီ မာစီယယ်လ်၊ ဂျေဒန် ဆန်ချိုတို့ကို ရောင်းထုတ်ဖို့လည်း ကြိုးပမ်းသွားမှာဖြစ်ပြီး ဒေါ့မွန်ကြယ်ပွင့်ဟောင်းကို ဆော်ဒီ အာရေဗျက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ပြီးကတည်းက ၅၅ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၈ ဂိုးသာ သွင်းယူထားနိုင်ခဲ့တဲ့ အန်တိုနီအတွက် မန်ချက်စတာယူနိုက်တက် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးလောက် ပြန်ရနိုင်မှာမဟုတ်ဘဲ သိသိသာသာ လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးသာ ရရှိနိုင်ဖွယ် ရှိပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: အဲရစ် တန်ဟက်ဟာ ဘရာဇီးလ်တောင်ပံကစားသမားကို မန်ချက်စတာယူနိုက်တက်ကို ခေါ်ယူခဲ့ပြီးနောက် ၁၈ လတောင် မပြည့်သေးခင်မှာပဲ ပြန်ရောင်းထုတ်ဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။
တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နွေရာသီမှာ ပေါင် ၈၅ သန်းနဲ့ အိုင်းယက်စ်ကနေ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ တန်ဟက်ခေါ်ယူခဲ့သမျှ ကစားသမားတွေထဲမှာ ဈေးအကြီးဆုံးကစားသမားဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ ဒတ်ခ်ျလူမျိုးနည်းပြဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် ဖွင့်တဲ့အချိန်ကျရင် ဘရာဇီးလ်တောင်ပံကစားသမားအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.