Premier League Serie A

ချဲလ်ဆီးကို ပြောင်းဖို့ တောင်းဆိုခဲ့တဲ့ မီခေးလ်ကို တုံ့ပြန်လိုက်တဲ့ အိုဆီမန်

ဗစ်တာ အိုဆီမန်ဟာ ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဂျွန်အိုဘီ မီခေးလ်က စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့လာဖို့ တောင်းဆိုခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ တံခါးဖွင့်ခဲ့ပါတယ်။

အိုဆီမန်ဟာ နွေရာသီမှာ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ဆီကနေ စိတ်ဝင်စားခြင်း ခံခဲ့ရပေမယ့်လည်း နိုင်ဂျီးရီးယားကြယ်ပွင့်ဟာ စီးရီးအေချန်ပီယံဖြစ်အောင် အဓိကကျတဲ့အခန်းကဏ္ဍမှာ ပါဝင်ကစားပေးခဲ့တဲ့ နာပိုလီမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း မီခေးလ်က အိုဆီမန်ကို ပိုချက်တီနိုရဲ့အသင်းကို ပြောင်းရွှေ့စေချင်နေတာဖြစ်ပြီး “ကျွန်တော်တို့ သူ့ကို အရမ်းလိုအပ်နေတယ်။ ခင်ဗျား ကျွန်တော်တို့ ချဲလ်ဆီးအသင်းကို ကြည့်လိုက်ပါ။ ကျွန်တော်တို့ အခုအချိန်မှာ ကောင်းကောင်း မကစားနိုင်နေသလို သွင်းဂိုးတွေလည်း ကင်းမဲ့နေတယ်။ ကျွန်တော်တို့မှာ နေရာလွတ်တွေထဲကို ပြေးဝင်နိုင်မယ့်၊ ဖန်တီးပေးနိုင်မယ့် တိုက်စစ်မှူးမရှိပါဘူး။ ကျွန်တော် လီဗာပူးလ်က ဒါဝင် နူးညက်ဇ်ကို ကြည့်ခဲ့တယ်။ သူက ၁၁ ကြိမ်လောက် ဂိုးကန်သွင်းမှုပြုလုပ်ပြီး ပြေးလွှားနေတယ်။ သူ့ဘာသာ အခွင့်အရေးတွေ ဖန်တီးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက နောက်ကနေ ပြေးလွှားနေခဲ့လို့ပါ။ ဒါက ချဲလ်ဆီးမှာ ကျွန်တော်တို့ကို အိုဆီမန် ပေးနိုင်မယ့်အရာပါ။ သူက နောက်ကနေ ပြေးလွှားချင်တဲ့သူပါ။ ဘောလုံးပေးပို့မှုတွေက ရောက်လာမှာသိသာပြီး သူက ကျွန်တော်တို့ကို ဂိုးတွေ ရယူပေးပါလိမ့်မယ်။ ကျွန်တော်တို့ ဂိုးတွေ အရမ်းလိုအပ်နေတယ်လို့ ထင်တယ်။ သူသာ ချဲလ်ဆီးကို လာရင် သူ့အတွက်လည်း တကယ်သင့်တော်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အခု အဲဒီလို လုပ်နိုင်တဲ့သူတစ်ယောက်မှမရှိလို့ပါ။ အဲဒီတော့ သူ အသင်းကို လာရင် ဖိအားအများကြီးရှိမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အဲဒီလို လုပ်နိုင်တဲ့သူကို လိုအပ်နေလို့ပါ။ အဲဒီလို လုပ်နိုင်မယ့်သူကို အသည်းအသန်လိုအပ်နေပါတယ်။ ခင်ဗျား သိလား။ သူ့အတွက် ကျွန်တော်ပေးချင်တဲ့အကြံပေးစကားက ချဲလ်ဆီးကို ပြောင်းပါဆိုတာပဲ။”လို့ ပြောဆိုခဲ့ပါတယ်။

အိုဆီမန်ဟာ မီခေးလ်ရဲ့ Podcast မှာ ဧည့်သည်တော်အဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ တိုက်ရိုက်မေးမြန်းခြင်းမခံခဲ့ရပေမယ့်လည်း နာပိုလီတိုက်စစ်မှူးက ပြီးခဲ့တဲ့နွေရာသီမှာ ဆော်ဒီကလပ် အယ်လ် ဟီလာလ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် အခြား ဥရောပထိပ်တန်းအသင်းကိုသာ ပြောင်းရွှေ့မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဥရောပမှာ ဆက်လက်ကစားချင်လားလို့ မေးမြန်းခဲ့ရာမှာ အိုဆီမန်က “ဟုတ်တာပေါ့။ ကျွန်တော် ပြောခဲ့တာက အမှန်ပါ။ ကျွန်တော် ဩဂုတ်လတုန်းက ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်။ ဒါပေမယ့် တကယ်တော့ ဘုရားသခင်လက်ထဲပဲ အပ်ထားခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် ဒီလူတွေ(ဆော်ဒီအာရေဗျ)ကို ဟင့်အင်းလို့ ပြောလေ သူတို့တွေက ပိုက်ဆံကို တိုးပေးလေပဲ။ ဒီလိုမျိုး မြင်ရတာ အံ့အားသင့်မိခဲ့တာ အမှန်ပါပဲ။ ကျွန်တော် တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ပြီး အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော့်အသင်းနဲ့ ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတာကို စကားပြောခဲ့တယ်။ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် သူတို့ကို ဒီလူတွေကို သဘောကျတယ်။ ကျွန်တော် ဆက်နေချင်တယ်။ ကျွန်တော် အခုတော့ အသင်းကို စွန့်ခွာချင်တယ်လို့ မထင်ဘူးလို့ ပြောခဲ့ပါတယ်။ သူတို့တွေက ကျွန်တော် ဘယ်ကနေလာလဲဆိုတာကို နားလည်တယ်။ ဒါပေမယ့် သူတို့ အပြောင်းအရွှေ့စျေးကွက်ပိတ်တဲ့အချိန်အထိ လက်မလျှော့ခဲ့ဘူး။ ကျွန်တော်တို့ ရာသီအဖွင့်ပွဲစဉ် မကစားခင်မှာ သူတို့ကို ပြောခဲ့တယ်။ အခု ပြီးပြီလို့။ ကျွန်တော် အဲဒီအကြောင်းကို ပြန်ဲပြီး မတွေးချင်ဘူး။ အဲဒါက ကျွန်တော့်ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှု၊ အံ့အားသင့်စရာ ကမ်းလှမ်းဖြစ်ခဲ့တာအမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော့်ကစားသမားဘဝအတွက် ကောင်းမွန်မယ့် ဆုံးဖြတ်ချက်ကို ကျွန်တော် ချမှတ်ရမှာပါ။ ကျွန်တော်တို့ ဘောလုံးကို ပိုက်ဆံအတွက် ကစားတဲ့သူ များနေသရွေ့ ဒီလိုကမ်းလှမ်းမှုတွေ ထပ်ကြုံရဦးမှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဗစ္တာ အိုဆီမန္ဟာ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ဂြၽန္အိုဘီ မီေခးလ္က စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕လာဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတယ္လို႔ တံခါးဖြင့္ခဲ့ပါတယ္။

အိုဆီမန္ဟာ ေႏြရာသီမွာ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဆီကေန စိတ္ဝင္စားျခင္း ခံခဲ့ရေပမယ့္လည္း ႏိုင္ဂ်ီးရီးယားၾကယ္ပြင့္ဟာ စီးရီးေအခ်န္ပီယံျဖစ္ေအာင္ အဓိကက်တဲ့အခန္းက႑မွာ ပါဝင္ကစားေပးခဲ့တဲ့ နာပိုလီမွာပဲ ဆက္ေနဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဟာင္း မီေခးလ္က အိုဆီမန္ကို ပိုခ်က္တီႏိုရဲ႕အသင္းကို ေျပာင္းေ႐ႊ႕ေစခ်င္ေနတာျဖစ္ၿပီး “ကြၽန္ေတာ္တို႔ သူ႔ကို အရမ္းလိုအပ္ေနတယ္။ ခင္ဗ်ား ကြၽန္ေတာ္တို႔ ခ်ဲလ္ဆီးအသင္းကို ၾကည့္လိုက္ပါ။ ကြၽန္ေတာ္တို႔ အခုအခ်ိန္မွာ ေကာင္းေကာင္း မကစားႏိုင္ေနသလို သြင္းဂိုးေတြလည္း ကင္းမဲ့ေနတယ္။ ကြၽန္ေတာ္တို႔မွာ ေနရာလြတ္ေတြထဲကို ေျပးဝင္ႏိုင္မယ့္၊ ဖန္တီးေပးႏိုင္မယ့္ တိုက္စစ္မႉးမရွိပါဘူး။ ကြၽန္ေတာ္ လီဗာပူးလ္က ဒါဝင္ ႏူးညက္ဇ္ကို ၾကည့္ခဲ့တယ္။ သူက ၁၁ ႀကိမ္ေလာက္ ဂိုးကန္သြင္းမႈျပဳလုပ္ၿပီး ေျပးလႊားေနတယ္။ သူ႔ဘာသာ အခြင့္အေရးေတြ ဖန္တီးခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူက ေနာက္ကေန ေျပးလႊားေနခဲ့လို႔ပါ။ ဒါက ခ်ဲလ္ဆီးမွာ ကြၽန္ေတာ္တို႔ကို အိုဆီမန္ ေပးႏိုင္မယ့္အရာပါ။ သူက ေနာက္ကေန ေျပးလႊားခ်င္တဲ့သူပါ။ ေဘာလုံးေပးပို႔မႈေတြက ေရာက္လာမွာသိသာၿပီး သူက ကြၽန္ေတာ္တို႔ကို ဂိုးေတြ ရယူေပးပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ ဂိုးေတြ အရမ္းလိုအပ္ေနတယ္လို႔ ထင္တယ္။ သူသာ ခ်ဲလ္ဆီးကို လာရင္ သူ႔အတြက္လည္း တကယ္သင့္ေတာ္မယ္လို႔ ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔မွာ အခု အဲဒီလို လုပ္ႏိုင္တဲ့သူတစ္ေယာက္မွမရွိလို႔ပါ။ အဲဒီေတာ့ သူ အသင္းကို လာရင္ ဖိအားအမ်ားႀကီးရွိမွာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အဲဒီလို လုပ္ႏိုင္တဲ့သူကို လိုအပ္ေနလို႔ပါ။ အဲဒီလို လုပ္ႏိုင္မယ့္သူကို အသည္းအသန္လိုအပ္ေနပါတယ္။ ခင္ဗ်ား သိလား။ သူ႔အတြက္ ကြၽန္ေတာ္ေပးခ်င္တဲ့အႀကံေပးစကားက ခ်ဲလ္ဆီးကို ေျပာင္းပါဆိုတာပဲ။”လို႔ ေျပာဆိုခဲ့ပါတယ္။

အိုဆီမန္ဟာ မီေခးလ္ရဲ႕ Podcast မွာ ဧည့္သည္ေတာ္အျဖစ္ ပါဝင္ခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ဖို႔ တိုက္႐ိုက္ေမးျမန္းျခင္းမခံခဲ့ရေပမယ့္လည္း နာပိုလီတိုက္စစ္မႉးက ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဆာ္ဒီကလပ္ အယ္လ္ ဟီလာလ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ၿပီးေနာက္ အျခား ဥေရာပထိပ္တန္းအသင္းကိုသာ ေျပာင္းေ႐ႊ႕မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဥေရာပမွာ ဆက္လက္ကစားခ်င္လားလို႔ ေမးျမန္းခဲ့ရာမွာ အိုဆီမန္က “ဟုတ္တာေပါ့။ ကြၽန္ေတာ္ ေျပာခဲ့တာက အမွန္ပါ။ ကြၽန္ေတာ္ ဩဂုတ္လတုန္းက ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ကို ခ်ခဲ့တယ္။ ဒါေပမယ့္ တကယ္ေတာ့ ဘုရားသခင္လက္ထဲပဲ အပ္ထားခဲ့တာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ ဒီလူေတြ(ေဆာ္ဒီအာေရဗ်)ကို ဟင့္အင္းလို႔ ေျပာေလ သူတို႔ေတြက ပိုက္ဆံကို တိုးေပးေလပဲ။ ဒီလိုမ်ိဳး ျမင္ရတာ အံ့အားသင့္မိခဲ့တာ အမွန္ပါပဲ။ ကြၽန္ေတာ္ တာဝန္ရွိသူေတြနဲ႔ စကားေျပာခဲ့ၿပီး အဲဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္အသင္းနဲ႔ ကြၽန္ေတာ္တို႔ ဘာလုပ္ႏိုင္လဲဆိုတာကို စကားေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ ဆုံးျဖတ္ခဲ့တယ္။ ကြၽန္ေတာ္ သူတို႔ကို ဒီလူေတြကို သေဘာက်တယ္။ ကြၽန္ေတာ္ ဆက္ေနခ်င္တယ္။ ကြၽန္ေတာ္ အခုေတာ့ အသင္းကို စြန႔္ခြာခ်င္တယ္လို႔ မထင္ဘူးလို႔ ေျပာခဲ့ပါတယ္။ သူတို႔ေတြက ကြၽန္ေတာ္ ဘယ္ကေနလာလဲဆိုတာကို နားလည္တယ္။ ဒါေပမယ့္ သူတို႔ အေျပာင္းအေ႐ႊ႕ေစ်းကြက္ပိတ္တဲ့အခ်ိန္အထိ လက္မေလွ်ာ့ခဲ့ဘူး။ ကြၽန္ေတာ္တို႔ ရာသီအဖြင့္ပြဲစဥ္ မကစားခင္မွာ သူတို႔ကို ေျပာခဲ့တယ္။ အခု ၿပီးၿပီလို႔။ ကြၽန္ေတာ္ အဲဒီအေၾကာင္းကို ျပန္ဲၿပီး မေတြးခ်င္ဘူး။ အဲဒါက ကြၽန္ေတာ့္ဘဝကို ေျပာင္းလဲသြားေစႏိုင္တဲ့ ႀကီးမားတဲ့ ကမ္းလွမ္းမႈ၊ အံ့အားသင့္စရာ ကမ္းလွမ္းျဖစ္ခဲ့တာအမွန္ပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ့္ကစားသမားဘဝအတြက္ ေကာင္းမြန္မယ့္ ဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္ ခ်မွတ္ရမွာပါ။ ကြၽန္ေတာ္တို႔ ေဘာလုံးကို ပိုက္ဆံအတြက္ ကစားတဲ့သူ မ်ားေနသေ႐ြ႕ ဒီလိုကမ္းလွမ္းမႈေတြ ထပ္ႀကဳံရဦးမွာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.