Premier League

စိတ်ကသိကအောင့်ဖြစ်စရာ အင်တာဗျူးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စီးတီးကြယ်ပွင့်ဟောင်း ၂ ဦး

ရာဟင်း စတားလင်းနဲ့ ကိုး ပါလ်မာတို့ဟာ မန်ချက်စတာစီးတီးနဲ့ ၄-၄ သရေကျခဲ့တဲ့ပွဲစဉ်အပြီး Sky Sports အင်တာဗျူးမှာ စိတ်ကသိကအောင့်ဖြစ်စရာ အခိုက်အတန့်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အသင်းဟောင်းနဲ့ စိတ်လှုပ်ရှားဖွယ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားခဲ့ပြီးနောက် စီးတီးကြယ်ပွင့်ဟောင်း နှစ်ဦးဖြစ်တဲ့ ကိုး ပါလ်မာနဲ့ စတားလင်းတို့ဟာ ပွဲအပြီး မီဒီယာတွေကို ဖြေကြားဖို့ တာဝန်ကို ဆောင်ရွက်ခဲ့ချိန်မှာ စိတ်ကသိကအောင့်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

Sky Sports ကွင်းဘေးစည်း သတင်းထောက် ပက်ထရစ် ဒေးဗစ်ဆင်ရဲ့ မေးခွန်းဟာ မျက်စိယားယံမှုကြောင့် မျက်တောင်ပုတ်ခတ်ပုတ်ခလုပ်နေတဲ့ စတားလင်းကို ဖြေရခက်စေခဲ့တာ ဖြစ်ပါတယ်။

“ခင်ဗျား မျက်လုံးထဲမှာ တစ်ခုခု ရှိနေတာလား။ ဘာတွေဖြစ်နေတာလဲ”လို့ မေးမြန်းခဲ့ချိန်မှာ စတားလင်းက စိတ်မသက်မသာဖြစ်သွားပုံပေါ်ပြီး Sky Sports သတင်းထောက်က “ဪ ခင်ဗျား မျက်လုံးထဲ တစ်ခုခုဝင်နေတာပဲ။ လာစမ်းပါဦး။ ခင်ဗျား မျက်လုံးထဲ မှန်စဝင်နေတယ်”လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ဒေးဗစ်ဆင်က စတားလင်းကို ကူညီပေးဖို့ သွားခဲ့ချိန်မှာ ချဲလ်ဆီးတောင်ပံကစားသမားက နောက်ဆုတ်ပြီး ၎င်းရဲ့ မျက်လုံးထဲမှာ အမှိုက်ဝင်နေတာဖြစ်တယ်လို့ စောဒကတက်ခဲ့ပါတယ်။ အင်တာဗျူးက လုံးဝကို လမ်းချော်သွားခဲ့ပြီး အနည်းငယ် ကသိကအောင့်ဖြစ်စရာအခြေအနေဖြစ်နေတာကြောင့် စတားလင်းက အခြေအနေကို ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် ကြိုးပမ်းတဲ့အနေနဲ့ အသင်းဖော် ကိုး ပါလ်မာကို ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုကို ပေးအပ်ခဲ့ပါတယ်။

အဲဒီနောက်မှာ မန်ချက်စတာစီးတီးကြယ်ပွင့်ဟောင်း ၂ ဦးက အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ကစားရတာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ကြပါတယ်။

“ကျွန်တော် စီးတီးမှာ အရမ်းကောင်းတဲ့အချိန်တွေ ပိုင်ဆိုင်ခဲ့တယ်။ လူတွေက ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာကို သိကြပါတယ်။ ကျွန်တော် ကွင်းထဲဝင်ပြီး စွမ်းဆောင်ပြခဲ့တယ်။ အသင်းလုပ်နေတာတွေကို တည်ဆောက်ရာမှာ အုတ်တစ်ချပ်သဲတပွင့်ဖြစ်ခဲ့တယ်။ ကျွန်တော် အဲဒါရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရတာကို ဂုဏ်ယူမိပါတယ်။”လို့ စတားလင်းက ပြောကြားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ယခုနွေရာသီမှာ မန်စီးတီးကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ ပါလ်မာက “စီးတီးနဲ့ ကျွန်တော် ပထမဆုံးအကြိမ် ချက်ချင်းဆိုသလိုပဲ ရင်ဆိုင်ကစားခဲ့ရတယ်။ ကျွန်တော် ၁၅ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့တဲ့ အသင်းကို ကြီးမားတဲ့ လေးစားမှုရှိပါတယ်။ သူငယ်ချင်းအချို့နဲ့ တွေ့ရတာ အရမ်းကောင်းတယ်။ ကျွန်တော်တို့ နိုင်ပွဲရဖို့ ကံမကောင်းခဲ့ပါဘူး။ ကျွန်တော့်အိမ်မှာလည်း စီးတီးပရိသတ်တွေ အများကြီးရှိတယ်။ ဒါပေမယ့် ဒါက ပြိုင်ပွဲပဲမဟုတ်လား။ ဒီအချိန်ရောက်ဖို့ အချိန်အကြာကြီး စောင့်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် ယုံကြည်မှုရှိခဲ့ပါတယ်။ ကျွန်တော့်မှာ အခု ယုံကြည်မှုအနည်းငယ်ရှိခဲ့တယ်။ မိနစ် ၉၀ အတွင်းမှာ ဖြစ်လာမယ့်အရာတွေကိုပဲ ဆက်ပြီး အာရုံစိုက်ခဲ့တယ်။ ကျွန်တော် ပင်နယ်တီ ကျင့်ခဲ့တယ်လို့ ပြောမှာမဟုတ်ပါဘူး။ ကျွန်တော် မကျင့်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ အရည်အသွေးကိုပဲ ယုံကြည်ခဲ့တာပါ။ ကျွန်တော် ဒီပွဲကို မြင်ရတာ အရမ်းစိတ်လှုပ်ရှားခဲ့တယ်။ ကျွန်တော်တို့ အကြိမ်အနည်းငယ် နောက်ကနေ လိုက်ကစားခဲ့ရပြီး ပြန်လာနိုင်ခဲ့တယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရာဟင္း စတားလင္းနဲ႔ ကိုး ပါလ္မာတို႔ဟာ မန္ခ်က္စတာစီးတီးနဲ႔ ၄-၄ သေရက်ခဲ့တဲ့ပြဲစဥ္အၿပီး Sky Sports အင္တာဗ်ဴးမွာ စိတ္ကသိကေအာင့္ျဖစ္စရာ အခိုက္အတန႔္နဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

အသင္းေဟာင္းနဲ႔ စိတ္လႈပ္ရွားဖြယ္ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ရင္ဆိုင္ကစားခဲ့ၿပီးေနာက္ စီးတီးၾကယ္ပြင့္ေဟာင္း ႏွစ္ဦးျဖစ္တဲ့ ကိုး ပါလ္မာနဲ႔ စတားလင္းတို႔ဟာ ပြဲအၿပီး မီဒီယာေတြကို ေျဖၾကားဖို႔ တာဝန္ကို ေဆာင္႐ြက္ခဲ့ခ်ိန္မွာ စိတ္ကသိကေအာင့္ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

Sky Sports ကြင္းေဘးစည္း သတင္းေထာက္ ပက္ထရစ္ ေဒးဗစ္ဆင္ရဲ႕ ေမးခြန္းဟာ မ်က္စိယားယံမႈေၾကာင့္ မ်က္ေတာင္ပုတ္ခတ္ပုတ္ခလုပ္ေနတဲ့ စတားလင္းကို ေျဖရခက္ေစခဲ့တာ ျဖစ္ပါတယ္။

“ခင္ဗ်ား မ်က္လုံးထဲမွာ တစ္ခုခု ရွိေနတာလား။ ဘာေတြျဖစ္ေနတာလဲ”လို႔ ေမးျမန္းခဲ့ခ်ိန္မွာ စတားလင္းက စိတ္မသက္မသာျဖစ္သြားပုံေပၚၿပီး Sky Sports သတင္းေထာက္က “ဪ ခင္ဗ်ား မ်က္လုံးထဲ တစ္ခုခုဝင္ေနတာပဲ။ လာစမ္းပါဦး။ ခင္ဗ်ား မ်က္လုံးထဲ မွန္စဝင္ေနတယ္”လို႔ ထပ္ေလာင္း ေျပာဆိုခဲ့ပါတယ္။

ေဒးဗစ္ဆင္က စတားလင္းကို ကူညီေပးဖို႔ သြားခဲ့ခ်ိန္မွာ ခ်ဲလ္ဆီးေတာင္ပံကစားသမားက ေနာက္ဆုတ္ၿပီး ၎ရဲ႕ မ်က္လုံးထဲမွာ အမႈိက္ဝင္ေနတာျဖစ္တယ္လို႔ ေစာဒကတက္ခဲ့ပါတယ္။ အင္တာဗ်ဴးက လုံးဝကို လမ္းေခ်ာ္သြားခဲ့ၿပီး အနည္းငယ္ ကသိကေအာင့္ျဖစ္စရာအေျခအေနျဖစ္ေနတာေၾကာင့္ စတားလင္းက အေျခအေနကို ေပါ့ေပါ့ပါးပါးျဖစ္သြားေအာင္ ႀကိဳးပမ္းတဲ့အေနနဲ႔ အသင္းေဖာ္ ကိုး ပါလ္မာကို ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားဆုကို ေပးအပ္ခဲ့ပါတယ္။

အဲဒီေနာက္မွာ မန္ခ်က္စတာစီးတီးၾကယ္ပြင့္ေဟာင္း ၂ ဦးက အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ကစားရတာနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ၾကပါတယ္။

“ကြၽန္ေတာ္ စီးတီးမွာ အရမ္းေကာင္းတဲ့အခ်ိန္ေတြ ပိုင္ဆိုင္ခဲ့တယ္။ လူေတြက ကြၽန္ေတာ္ ဘာလုပ္ႏိုင္လဲဆိုတာကို သိၾကပါတယ္။ ကြၽန္ေတာ္ ကြင္းထဲဝင္ၿပီး စြမ္းေဆာင္ျပခဲ့တယ္။ အသင္းလုပ္ေနတာေတြကို တည္ေဆာက္ရာမွာ အုတ္တစ္ခ်ပ္သဲတပြင့္ျဖစ္ခဲ့တယ္။ ကြၽန္ေတာ္ အဲဒါရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ရတာကို ဂုဏ္ယူမိပါတယ္။”လို႔ စတားလင္းက ေျပာၾကားခဲ့ပါတယ္။

တစ္ဆက္တည္းမွာပဲ ယခုေႏြရာသီမွာ မန္စီးတီးကေန ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ပါလ္မာက “စီးတီးနဲ႔ ကြၽန္ေတာ္ ပထမဆုံးအႀကိမ္ ခ်က္ခ်င္းဆိုသလိုပဲ ရင္ဆိုင္ကစားခဲ့ရတယ္။ ကြၽန္ေတာ္ ၁၅ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့တဲ့ အသင္းကို ႀကီးမားတဲ့ ေလးစားမႈရွိပါတယ္။ သူငယ္ခ်င္းအခ်ိဳ႕နဲ႔ ေတြ႕ရတာ အရမ္းေကာင္းတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ပြဲရဖို႔ ကံမေကာင္းခဲ့ပါဘူး။ ကြၽန္ေတာ့္အိမ္မွာလည္း စီးတီးပရိသတ္ေတြ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ ဒါက ၿပိဳင္ပြဲပဲမဟုတ္လား။ ဒီအခ်ိန္ေရာက္ဖို႔ အခ်ိန္အၾကာႀကီး ေစာင့္ခဲ့ရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ယုံၾကည္မႈရွိခဲ့ပါတယ္။ ကြၽန္ေတာ့္မွာ အခု ယုံၾကည္မႈအနည္းငယ္ရွိခဲ့တယ္။ မိနစ္ ၉၀ အတြင္းမွာ ျဖစ္လာမယ့္အရာေတြကိုပဲ ဆက္ၿပီး အာ႐ုံစိုက္ခဲ့တယ္။ ကြၽန္ေတာ္ ပင္နယ္တီ က်င့္ခဲ့တယ္လို႔ ေျပာမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္ မက်င့္ခဲ့ပါဘူး။ ကြၽန္ေတာ့္ရဲ႕ အရည္အေသြးကိုပဲ ယုံၾကည္ခဲ့တာပါ။ ကြၽန္ေတာ္ ဒီပြဲကို ျမင္ရတာ အရမ္းစိတ္လႈပ္ရွားခဲ့တယ္။ ကြၽန္ေတာ္တို႔ အႀကိမ္အနည္းငယ္ ေနာက္ကေန လိုက္ကစားခဲ့ရၿပီး ျပန္လာႏိုင္ခဲ့တယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.