Ligue1

ဟက်ထရစ်သွင်းခဲ့တဲ့ အမ်ဘာပေကို ပြစ်တင်ကြိမ်းမောင်းခဲ့တဲ့ အန်နရီကေး

ခီလီယန် အမ်ဘာပေဟာ စနေနေ့ညက ပီအက်စ်ဂျီအတွက် အလွန်ကောင်းမွန်တဲ့ ဟက်ထရစ်သွင်းယူပေးခဲ့ပေမယ့်လည်း နည်းပြ လူးဝစ္စ အန်နရီကေးက ပြင်သစ်တိုက်စစ်မှူးနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေသေးတာဖြစ်ပါတယ်။

အမ်ဘာပေဟာ ရင်းမ်စ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ယခုရာသီ ၁၁ ပွဲမြောက် ပါဝင်ကစားပေးခဲ့ပြီး တစ်ဦးတည်း ၃ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီကို အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သလို သွင်းဂိုး စုစုပေါင်း ၁၃ ဂိုးအထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

အသင်းထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ လူသိရှင်ကြား ပြဿနာ တက်ခဲ့ပြီးနောက် ဇူလိုင်လမှာ ပထမအသင်း လူစာရင်းထဲကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် ပြန်လည် ပါဝင်ကစားခွင့်ပေးခြင်းခံခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ် ကစားသမားအတွက် ပြီးပြည့်စုံတဲ့ ညတစ်ည ဖြစ်ခဲ့ပုံပေါ်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဟာ လီဂူးဝမ်းချန်ပီယံတွေနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ပြီး ဆော်ဒီ ပရိုလိဂ်ကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅၇ သန်းနဲ့ ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့်လည်း ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ အဲဒီအချိန်ကတည်းက နည်းပြ လူးဝစ္စ အန်နရီကေးရဲ့လူစာရင်းထဲကို ပြန်လည်ပါဝင်ခွင့် ရရှိခဲ့တာဖြစ်ပြီး စိတ်ပြောင်းပြီး ပြင်သစ်ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆိုသွားနိုင်တယ်လို့ ထင်မြင်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမ်ဘာပေဟာ ရင်းမ်စ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့် နည်းပြကို အထင်ကြီးအောင် လုပ်ပြဖို့အတွက် လုံလောက်ခဲ့ပုံမပေါ်သေးဘဲ အန်နရီကေးက ပြင်သစ်တိုက်စစ်မှူးအနေနဲ့ ပိုပြီး လုပ်ပြဖို့ လိုအပ်သေးတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ဒီနေ့ ခီလီယန်နဲ့ပတ်သက်ပြီး တကယ် မပျော်ရွှင်မိပါဘူး။ ဂိုးတွေနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှ ပြောစရာမရှိပေမယ့် သူ မတူညီတဲ့ပုံစံတွေနဲ့ အသင်းကို ပိုပြီး ကူညီနိုင်ပါသေးတယ်။ ကျွန်တော် ပွဲကို နောက်ထပ်တစ်ကြိမ် ပြန်ကြည့်သွားမှာဖြစ်ပြီး သူ့ကို အရင်ဆုံး အဲဒီအကြောင်း ပြောသွားမှာပါ။ ခင်ဗျားကိုမဟုတ်ပါဘူး။ ခီလီယန်က ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် ကျွန်တော်တို့ ပိုပြီး လိုအပ်ပါတယ်။ ကျွန်တော်တို့ သူ့ကို နောက်ထပ် လုပ်စေချင်တာတွေ ရှိပါတယ်။ ဒါက ကျွန်တော့်အမြင်ပါ။ ကျွန်တော် မှားရင်လည်း မှားမှာပေါ့”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေကို ရင်းမ်စ်နဲ့ပွဲစဉ်က ၎င်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ “ရှင်းရှင်းပြောရရင် ကျွန်တော် ဂိုးတွေ သွင်းယူနိုင်ဖို့ ကောင်းကောင်း ကစားနိုင်ဖို့တောင် မလိုပါဘူး။ ဒါပေမယ့် ကျွန်တော် နှစ်ခုစလုံး လုပ်ချင်တယ်။ ဂိုးလည်း သွင်းချင်တယ်။ ကောင်းကောင်းလည်း ကစားချင်တယ်။ အသင်းကို တတ်နိုင်သမျှ အမြဲတမ်း ကူညီသွားဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါ။”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခီလီယန္ အမ္ဘာေပဟာ စေနေန႔ညက ပီအက္စ္ဂ်ီအတြက္ အလြန္ေကာင္းမြန္တဲ့ ဟက္ထရစ္သြင္းယူေပးခဲ့ေပမယ့္လည္း နည္းျပ လူးဝစၥ အန္နရီေကးက ျပင္သစ္တိုက္စစ္မႉးနဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ေနေသးတာျဖစ္ပါတယ္။

အမ္ဘာေပဟာ ရင္းမ္စ္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ယခုရာသီ ၁၁ ပြဲေျမာက္ ပါဝင္ကစားေပးခဲ့ၿပီး တစ္ဦးတည္း ၃ ဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီကို အမွတ္ေပးဇယားထိပ္ဆုံးကို ျပန္လည္ပို႔ေဆာင္ေပးႏိုင္ခဲ့သလို သြင္းဂိုး စုစုေပါင္း ၁၃ ဂိုးအထိ ရွိလာခဲ့ၿပီလည္း ျဖစ္ပါတယ္။

အသင္းထိပ္ပိုင္း တာဝန္ရွိသူေတြနဲ႔ လူသိရွင္ၾကား ျပႆနာ တက္ခဲ့ၿပီးေနာက္ ဇူလိုင္လမွာ ပထမအသင္း လူစာရင္းထဲကေန ထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ ျပန္လည္ ပါဝင္ကစားခြင့္ေပးျခင္းခံခဲ့ရတဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ ကစားသမားအတြက္ ၿပီးျပည့္စုံတဲ့ ညတစ္ည ျဖစ္ခဲ့ပုံေပၚပါတယ္။

ကမာၻ႔ဖလားခ်န္ပီယံဟာ လီဂူးဝမ္းခ်န္ပီယံေတြနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျငင္းဆန္ခဲ့ၿပီး ေဆာ္ဒီ ပ႐ိုလိဂ္ကေန ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅၇ သန္းနဲ႔ ကမ္းလွမ္းျခင္းခံခဲ့ရေပမယ့္လည္း ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။ အမ္ဘာေပဟာ အဲဒီအခ်ိန္ကတည္းက နည္းျပ လူးဝစၥ အန္နရီေကးရဲ႕လူစာရင္းထဲကို ျပန္လည္ပါဝင္ခြင့္ ရရွိခဲ့တာျဖစ္ၿပီး စိတ္ေျပာင္းၿပီး ျပင္သစ္ကလပ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားႏိုင္တယ္လို႔ ထင္ျမင္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမ္ဘာေပဟာ ရင္းမ္စ္နဲ႔ပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ေပမယ့္ နည္းျပကို အထင္ႀကီးေအာင္ လုပ္ျပဖို႔အတြက္ လုံေလာက္ခဲ့ပုံမေပၚေသးဘဲ အန္နရီေကးက ျပင္သစ္တိုက္စစ္မႉးအေနနဲ႔ ပိုၿပီး လုပ္ျပဖို႔ လိုအပ္ေသးတယ္လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဒီေန႔ ခီလီယန္နဲ႔ပတ္သက္ၿပီး တကယ္ မေပ်ာ္႐ႊင္မိပါဘူး။ ဂိုးေတြနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ ဘာမွ ေျပာစရာမရွိေပမယ့္ သူ မတူညီတဲ့ပုံစံေတြနဲ႔ အသင္းကို ပိုၿပီး ကူညီႏိုင္ပါေသးတယ္။ ကြၽန္ေတာ္ ပြဲကို ေနာက္ထပ္တစ္ႀကိမ္ ျပန္ၾကည့္သြားမွာျဖစ္ၿပီး သူ႔ကို အရင္ဆုံး အဲဒီအေၾကာင္း ေျပာသြားမွာပါ။ ခင္ဗ်ားကိုမဟုတ္ပါဘူး။ ခီလီယန္က ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔ ပိုၿပီး လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို ေနာက္ထပ္ လုပ္ေစခ်င္တာေတြ ရွိပါတယ္။ ဒါက ကြၽန္ေတာ့္အျမင္ပါ။ ကြၽန္ေတာ္ မွားရင္လည္း မွားမွာေပါ့”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပကို ရင္းမ္စ္နဲ႔ပြဲစဥ္က ၎ရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ “ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္ ဂိုးေတြ သြင္းယူႏိုင္ဖို႔ ေကာင္းေကာင္း ကစားႏိုင္ဖို႔ေတာင္ မလိုပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ ႏွစ္ခုစလုံး လုပ္ခ်င္တယ္။ ဂိုးလည္း သြင္းခ်င္တယ္။ ေကာင္းေကာင္းလည္း ကစားခ်င္တယ္။ အသင္းကို တတ္ႏိုင္သမွ် အၿမဲတမ္း ကူညီသြားဖို႔က ကြၽန္ေတာ့္ရဲ႕ ရည္မွန္းခ်က္ပါ။”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.