Ligue1 MLS Messi Premier League

လာမယ့်နှစ်တွေမှာ ဘလွန်ဒေါရမယ့်သူတွေကို သတ်မှတ်ခဲ့တဲ့ မက်ဆီ

အင်တာ မိုင်ယာမီကြယ်ပွင့် လီယွန်နယ် မက်ဆီဟာ တနင်္လာနေ့ညက ၈ ကြိမ်မြောက် ဘလွန်ဒေါဆုကို ဆွတ်ခူးခဲ့ပြီးနောက် လာမယ့်နှစ်တွေမှာ ဘယ်ကစားသမားတွေက ဒီဆုအတွက် ယှဉ်ပြိုင်ကြမလဲဆိုတာကို ဟောကိန်းထုတ်ခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကို အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက ၂၀၂၃ ခုနှစ်အတွက် ဘလွန်ဒေါဆုကို လက်ရွေးစင်အသင်းနဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုကြောင့် ရရှိခဲ့တယ်ဆိုတာကို သိရှိနေပြီး ဒီဆုဟာ အာဂျင်တီးနားကစားသမားတွေအားလုံး၊ နည်းပြအဖွဲ့ဝင်တွေအားလုံး၊ အာဂျင်တီးနားနိုင်ငံသားတွေအားလုံးအတွက် လက်ဆောင်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားကို ပေးအပ်တဲ့ ဆုအတွက် မဝေးလှတဲ့ အနာဂတ်မှာ မန်ချက်စတာစီးတီးကြယ်ပွင့် အာလင်း ဟာလန်းနဲ့ ပီအက်စ်ဂျီကြယ်ပွင့်တို့ကြား လှပတဲ့ တိုက်ပွဲဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

“ဟာလန်းနဲ့ အမ်ဘာပေတို့က တစ်နေ့မှာ ဘလွန်ဒေါဆုကို ရရှိကြလိမ့်မယ်။ အာလင်းက ဒီဆုနဲ့ အရမ်းကို ထိုက်တန်ခဲ့ပါတယ်။ သူက ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားရခဲ့ပြီး ပြိုင်ပွဲအားလုံးရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပါတယ်။ ဒီဆုက ဒီနေ့မှာ မင်းရဲ့ ဆုလည်း ဖြစ်ခဲ့ရမှာပါ။ လာမယ့်နှစ်တွေမှာ မင်း အနိုင်ရရှိလိမ့်မယ်ဆိုတာ ငါ သေချာပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အင္တာ မိုင္ယာမီၾကယ္ပြင့္ လီယြန္နယ္ မက္ဆီဟာ တနလၤာေန႔ညက ၈ ႀကိမ္ေျမာက္ ဘလြန္ေဒါဆုကို ဆြတ္ခူးခဲ့ၿပီးေနာက္ လာမယ့္ႏွစ္ေတြမွာ ဘယ္ကစားသမားေတြက ဒီဆုအတြက္ ယွဥ္ၿပိဳင္ၾကမလဲဆိုတာကို ေဟာကိန္းထုတ္ခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ၿပီးခဲ့တဲ့ႏွစ္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းကို ေအာင္ျမင္မႈရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲတေလွ်ာက္ အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ ေ႐ႊေဘာလုံးဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက ၂၀၂၃ ခုႏွစ္အတြက္ ဘလြန္ေဒါဆုကို လက္ေ႐ြးစင္အသင္းနဲ႔ ရရွိခဲ့တဲ့ ေအာင္ျမင္မႈေၾကာင့္ ရရွိခဲ့တယ္ဆိုတာကို သိရွိေနၿပီး ဒီဆုဟာ အာဂ်င္တီးနားကစားသမားေတြအားလုံး၊ နည္းျပအဖြဲ႕ဝင္ေတြအားလုံး၊ အာဂ်င္တီးနားႏိုင္ငံသားေတြအားလုံးအတြက္ လက္ေဆာင္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မက္ဆီက ကမာၻေပၚက အေကာင္းဆုံးကစားသမားကို ေပးအပ္တဲ့ ဆုအတြက္ မေဝးလွတဲ့ အနာဂတ္မွာ မန္ခ်က္စတာစီးတီးၾကယ္ပြင့္ အာလင္း ဟာလန္းနဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္တို႔ၾကား လွပတဲ့ တိုက္ပြဲျဖစ္လာလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

“ဟာလန္းနဲ႔ အမ္ဘာေပတို႔က တစ္ေန႔မွာ ဘလြန္ေဒါဆုကို ရရွိၾကလိမ့္မယ္။ အာလင္းက ဒီဆုနဲ႔ အရမ္းကို ထိုက္တန္ခဲ့ပါတယ္။ သူက ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ဖလားရခဲ့ၿပီး ၿပိဳင္ပြဲအားလုံးရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့ပါတယ္။ ဒီဆုက ဒီေန႔မွာ မင္းရဲ႕ ဆုလည္း ျဖစ္ခဲ့ရမွာပါ။ လာမယ့္ႏွစ္ေတြမွာ မင္း အႏိုင္ရရွိလိမ့္မယ္ဆိုတာ ငါ ေသခ်ာပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.