La Liga

နိုင်ပွဲရခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ တနင်္ဂနွေနေ့က အလာဗက်စ်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အစောပိုင်း ဂိုးခွင့်ပြုခဲ့ရပေမယ့်လည်း ၂-၁ နဲ့ နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာဟာ အလာဗက်စ်နဲ့ပွဲမှာ အနိုင် ၃ မှတ်အပြည့် ရယူနိုင်ခဲ့ပေမယ့်လည်း ပရိသတ်တွေက အသင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်ခဲ့ကြတာဖြစ်ပြီး X လူမှုကွန်ရက်ပေါ်မှာ မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

အလာဗက်စ်ဟာ ပွဲစစချင်း ၁၇ စက္ကန့်အကြာမှာပဲ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် အလွန်ကောင်းမွန်တဲ့ စတင်မှုကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဂန်ဒိုဝမ်ရဲ့ လူပေးမှားမှုကို ဂူရီဒီက ကြားဖြတ်ရယူခဲ့ပြီး ဂျာဗီ လိုပက်ဇ်ဆီ အလျင်အမြန် ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဘယ်နောက်ခံလူက ဆမ်မြူရယ် အိုမိုရိုဒီယွန်ဆီကို တိကျသေချာတဲ့ အနိမ့်ဘော ဖြတ်တင်ပေးပို့ခဲ့ရာမှာ အလာဗက်စ်တိုက်စစ်မှူးက ဘာစီလိုနာဂိုးပေါက်ထဲကို သက်တောင့်သက်သာပဲ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ဦးဆောင်ခွင့် ရရှိခဲ့လို့ တက်ကြွသွားခဲ့တဲ့ အလာဗက်စ်ဟာ နောက်ထပ် ဦးဆောင်ဂိုး ရရှိဖို့ အခွင့်အရေးတွေ ရရှိခဲ့ပြီး အိုမိုရိုဒီယွန်ဟာ အပိုင်ဂိုးသွင်းခွင့် အများအပြား ရရှိခဲ့ပေမယ့်လည်း အခွင့်အရေးကို အသုံးချနိုင်ခြင်းမရှိခဲ့မှုကြောင့် ပထမပိုင်းအပြီးမှာ ၁-၀ နဲ့သာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်းက ပြန်လည်သက်ဝင်လာခဲ့တာကို မြင်တွေ့ခဲ့ရပြီး ရောဘတ် လီဗန်ဒေါ့ဗ်စကီးက ၅၃ မိနစ်မှာ ကွန်ဒေရဲ့ ဖြတ်တင်ပေးပို့မှုကနေ အလွန်ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်နဲ့ အဆုံးသတ်ပြီး ချေပဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ အလာဗက်စ်ကို ဆက်လက်ပြီး ဖိအားပေးနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ပင်နယ်တီဧရိယာထဲမှာ အက်ဘ်ကာက ဖာရန် တောရက်စ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် ပင်နယ်တီ ကန်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးက ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာကြောင့် ဘာစီလိုနာက ၂-၁ နဲ့ နိုင်ပွဲ ရရှိခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲဟာ ကတ်တလန်အသင်းကြီးအတွက် လာလီဂါမှာ ၂ ပွဲဆက်တိုက် နိုင်ပွဲသာမကဘဲ အမှတ်ပေးဇယား ဒုတိယနေရာက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကိုလည်း ၂ မှတ်အကွာကနေပါ ဖိအားလိုက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အလာဗက်စ်ဟာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အောက်ပိုင်းမှာ ဆက်လက်ရပ်တည်ခဲ့ရပြီး ဘာစီလိုနာရဲ့ နိုင်ပွဲအပေါ်မှာ ပရိသတ်တွေက ပျော်ရွှင်ခြင်းမရှိကြောင်း X ပေါ်မှာ ထုတ်ဖော်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

“နိုင်ပွဲရဖို့ ပင်နယ်တီတွေကိုပဲ မှီခိုနေရတယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “အရမ်းဆိုးရွားတဲ့ စွမ်းဆောင်ရည်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာဟာ တနဂၤေႏြေန႔က အလာဗက္စ္နဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ အေစာပိုင္း ဂိုးခြင့္ျပဳခဲ့ရေပမယ့္လည္း ၂-၁ နဲ႔ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။

ဘာစီလိုနာဟာ အလာဗက္စ္နဲ႔ပြဲမွာ အႏိုင္ ၃ မွတ္အျပည့္ ရယူႏိုင္ခဲ့ေပမယ့္လည္း ပရိသတ္ေတြက အသင္းရဲ႕ စြမ္းေဆာင္ရည္ကို စိတ္ပ်က္ခဲ့ၾကတာျဖစ္ၿပီး X လူမႈကြန္ရက္ေပၚမွာ မေက်နပ္ခ်က္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

အလာဗက္စ္ဟာ ပြဲစစခ်င္း ၁၇ စကၠန႔္အၾကာမွာပဲ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အလြန္ေကာင္းမြန္တဲ့ စတင္မႈကို ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး ဂန္ဒိုဝမ္ရဲ႕ လူေပးမွားမႈကို ဂူရီဒီက ၾကားျဖတ္ရယူခဲ့ၿပီး ဂ်ာဗီ လိုပက္ဇ္ဆီ အလ်င္အျမန္ ေပးပို႔ခဲ့တာျဖစ္ပါတယ္။

ဘယ္ေနာက္ခံလူက ဆမ္ျမဴရယ္ အိုမို႐ိုဒီယြန္ဆီကို တိက်ေသခ်ာတဲ့ အနိမ့္ေဘာ ျဖတ္တင္ေပးပို႔ခဲ့ရာမွာ အလာဗက္စ္တိုက္စစ္မႉးက ဘာစီလိုနာဂိုးေပါက္ထဲကို သက္ေတာင့္သက္သာပဲ ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

အေစာပိုင္းမွာ ဦးေဆာင္ခြင့္ ရရွိခဲ့လို႔ တက္ႂကြသြားခဲ့တဲ့ အလာဗက္စ္ဟာ ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိဖို႔ အခြင့္အေရးေတြ ရရွိခဲ့ၿပီး အိုမို႐ိုဒီယြန္ဟာ အပိုင္ဂိုးသြင္းခြင့္ အမ်ားအျပား ရရွိခဲ့ေပမယ့္လည္း အခြင့္အေရးကို အသုံးခ်ႏိုင္ျခင္းမရွိခဲ့မႈေၾကာင့္ ပထမပိုင္းအၿပီးမွာ ၁-၀ နဲ႔သာ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဘာစီလိုနာအသင္းက ျပန္လည္သက္ဝင္လာခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက ၅၃ မိနစ္မွာ ကြန္ေဒရဲ႕ ျဖတ္တင္ေပးပို႔မႈကေန အလြန္ေကာင္းမြန္တဲ့ ေခါင္းတိုက္ခ်က္နဲ႔ အဆုံးသတ္ၿပီး ေခ်ပဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဟာ အလာဗက္စ္ကို ဆက္လက္ၿပီး ဖိအားေပးႏိုင္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ပင္နယ္တီဧရိယာထဲမွာ အက္ဘ္ကာက ဖာရန္ ေတာရက္စ္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီးေနာက္ ပင္နယ္တီ ကန္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးက ပင္နယ္တီကို အမွားအယြင္းမရွိ ကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ဘာစီလိုနာက ၂-၁ နဲ႔ ႏိုင္ပြဲ ရရွိခဲ့တာျဖစ္ၿပီး ဒီႏိုင္ပြဲဟာ ကတ္တလန္အသင္းႀကီးအတြက္ လာလီဂါမွာ ၂ ပြဲဆက္တိုက္ ႏိုင္ပြဲသာမကဘဲ အမွတ္ေပးဇယား ဒုတိယေနရာက ၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ကိုလည္း ၂ မွတ္အကြာကေနပါ ဖိအားလိုက္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အလာဗက္စ္ဟာ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းျပသႏိုင္ခဲ့ေပမယ့္လည္း ရႈံးနိမ့္ခဲ့တာေၾကာင့္ အမွတ္ေပးဇယား ေအာက္ပိုင္းမွာ ဆက္လက္ရပ္တည္ခဲ့ရၿပီး ဘာစီလိုနာရဲ႕ ႏိုင္ပြဲအေပၚမွာ ပရိသတ္ေတြက ေပ်ာ္႐ႊင္ျခင္းမရွိေၾကာင္း X ေပၚမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

“ႏိုင္ပြဲရဖို႔ ပင္နယ္တီေတြကိုပဲ မွီခိုေနရတယ္”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “အရမ္းဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.