La Liga Match Report Premier League UCL&UEL

စည်ဘီယာ နှစ်ခါသောက်ပြီး အုပ်စုတက်ဖို့ အခြေအနေကောင်းသွားတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ တိုမီယာစုတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဒက်ကလန် ရိုက်စ်နဲ့ ဟာဗတ်ဇ်တို့ကိုပဲ ဆက်လက်အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဆီဗီလာတို့ကတော့ ဂိုးသမား ဒမီထရိုဗစ်ချ်၊ ခံစစ်မှာ ဘာဒေ၊ ဂူဒဲလ်၊ ဟွမ်လူ ဆန်ချက်ဇ်နဲ့ ဆာလက်စ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဖာနန်ဒို၊ ယိုအန် ဟော်ဒန်၊ ဂျီဘရီလ် ဆိုး၊ လာမယ်လာနဲ့ ပက်ဒရိုဆာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အန်နက်ဆီရီကိုပဲ အထောင်တင်ကစားလာခဲ့တာပါ။

ပွဲစစချင်းမှာပဲ ရတဲ့ ထောင့်ကန်ဘောကနေ တစ်ယောက်တည်း ခေါင်းတိုက်ရတာကို ဖြုန်းတီးပစ်ခဲ့တဲ့ ဟာဗတ်ဇ်ကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဂိုးသွင်းဖို့တောင် ယုံကြည်မှု ပျောက်ဆုံးနေပုံကို တွေ့ခဲ့ရသလို အာတီတာပါ မျက်နှာကြီး ကိုင်ပြီး ခေါင်းငုံ့ပစ်ခဲ့ရတာကတော့ အာဆင်နယ်ဖန်တွေအတွက် ငိုအားထက် ရယ်အားသန်ခဲ့ရတဲ့နောက် အိမ်ရှင်တွေကပဲ ဘောလုံးကိုင်ပြီး ဖိကစားနေခဲ့ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာတော့ အဆင်နယ်တို့ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဂျော်ဂျင်ညိုမှ ဟုတ်ရဲ့လားလို့ ထင်ရလောက်အောင် ညာတောင်ပံကို Through Ball ခင်းပေးလိုက်တဲ့ ဖန်တီးမှုကနေ ဆာကာက ပြေးထွက်ရယူပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ထရော့ဆတ် ပိတ်သွင်းဖို့ကတော့ ငှက်ပျောသီး အခွံနွှာတာထက်တောင် လွယ်ကူနေခဲ့တာပါ။

ပထမပိုင်းတစ်ပိုင်းလုံးကို ဆီဗီလာတို့ ခံစစ်သာ ပိတ်ကစားပြီး ဧရိယာထဲမှာ အမြဲတမ်း ၅ ယောက် ၆ ယောက်အထိ ပိတ်ဆို့သွားခဲ့လို့ အိမ်ရှင်တွေ ကန်ခွင့်မသာခဲ့ဘဲ တစ်ကြိမ်သာ ဂိုးပေါက်တည့်နိုင်ခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်ခဲ့ရသလို ဒုတိယပိုင်းအစမှာတော့ ဒဏ်ရာပြဿနာအနည်းငယ် ရှိနေတဲ့ တိုမီယာစုအစား ဇင်ချန်ကိုကို ထည့်သွင်းလာခဲ့ပါတယ်။

ဟာဗတ်ဇ်ရဲ့ ထိုးဖောက်ကန်သွင်းမှုတချို့ကို မြင်ခဲ့ရပေမယ့် အနည်းငယ်တော့ အားမရစရာဖြစ်ခဲ့ရသလို ဂျာမန်တိုက်စစ်သမားအနေနဲ့ Curl Ball ကန်ချက်တွေမှာ အားနည်းနေဆဲဖြစ်လို့ ဂိုးတိုင်ဘေးပဲ ရောက်နေခဲ့ရပြီး ထရော့ဆတ်ကလည်း လောကြီးနေခဲ့လို့ အာဆင်နယ်တို့ ဂိုးရသင့်ရဲ့သားနဲ့ ဂိုးပေါက်တည့်မှုက နည်းလွန်းနေခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်ကြောက ဆွဲပြေးလာတဲ့ မာတီနယ်လီက ဆီဗီလာခံစစ်ကြားကနေ အကွက်မြင်မြင် ခင်းပေးလိုက်တဲ့ ဘောလုံးကို ဆာကာက ညာတောင်ပံကနေ အတွင်းကို တစ်ချက်ခေါက်ပြီး ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဂိုးသမားဘေးကနေ အဝေးတိုင်ခြေကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ အာဆင်နယ်တို့ဘက်က ထရော့ဆတ်၊ မာတီနယ်လီ၊ ဆာကာနဲ့ ဂျော်ဂျင်ညိုတို့အစား ဖာဘီယို ဗီယာရာ၊ နယ်လ်ဆန်၊ ကီဗီယာနဲ့ အယ်လ်နန်နီတို့ကို ထည့်သွင်းပြီး ပစ်မှတ်ထား လူချကစားခံနေရတဲ့ တောင်ပံသမားတွေကို အနားပေးသွားခဲ့ကြသလို အိမ်ကွင်းအနိုင်ရလဒ်ကို ထိန်းသိမ်းသွားခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က ဆီဗီလာတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရယူနိုင်ခဲ့ပြီး နှစ်ကျော့စလုံးမှာ နှိပ်ကွပ်နိုင်ခဲ့တာကြောင့် လာမယ့် လွန်းစ်နဲ့
အိမ်ကွင်းပွဲစဉ်ကို သရေရတာနဲ့ နောက်တစ်ဆင့် တက်နိုင်ဖို့ ရှိနေသလို အနိုင်ရခဲ့မယ်ဆိုရင်တော့ အုပ်စုဗိုလ်အဖြစ်ပါ သေချာမှာဖြစ်ပြီး လက်ရှိ လေးပွဲကစားပြီးချိန်မှာတော့ သုံးပွဲနိုင် တစ်ပွဲရှုံး ရလဒ်နဲ့ အုပ်စု(ဘီ)ကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ တိုမီယာစုတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ဒက္ကလန္ ႐ိုက္စ္နဲ႔ ဟာဗတ္ဇ္တို႔ကိုပဲ ဆက္လက္အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ ထေရာ့ဆတ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဆီဗီလာတို႔ကေတာ့ ဂိုးသမား ဒမီထ႐ိုဗစ္ခ်္၊ ခံစစ္မွာ ဘာေဒ၊ ဂူဒဲလ္၊ ဟြမ္လူ ဆန္ခ်က္ဇ္နဲ႔ ဆာလက္စ္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဖာနန္ဒို၊ ယိုအန္ ေဟာ္ဒန္၊ ဂ်ီဘရီလ္ ဆိုး၊ လာမယ္လာနဲ႔ ပက္ဒ႐ိုဆာတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အန္နက္ဆီရီကိုပဲ အေထာင္တင္ကစားလာခဲ့တာပါ။

ပြဲစစခ်င္းမွာပဲ ရတဲ့ ေထာင့္ကန္ေဘာကေန တစ္ေယာက္တည္း ေခါင္းတိုက္ရတာကို ျဖဳန္းတီးပစ္ခဲ့တဲ့ ဟာဗတ္ဇ္ကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ဂိုးသြင္းဖို႔ေတာင္ ယုံၾကည္မႈ ေပ်ာက္ဆုံးေနပုံကို ေတြ႕ခဲ့ရသလို အာတီတာပါ မ်က္ႏွာႀကီး ကိုင္ၿပီး ေခါင္းငုံ႔ပစ္ခဲ့ရတာကေတာ့ အာဆင္နယ္ဖန္ေတြအတြက္ ငိုအားထက္ ရယ္အားသန္ခဲ့ရတဲ့ေနာက္ အိမ္ရွင္ေတြကပဲ ေဘာလုံးကိုင္ၿပီး ဖိကစားေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ အဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေဂ်ာ္ဂ်င္ညိဳမွ ဟုတ္ရဲ႕လားလို႔ ထင္ရေလာက္ေအာင္ ညာေတာင္ပံကို Through Ball ခင္းေပးလိုက္တဲ့ ဖန္တီးမႈကေန ဆာကာက ေျပးထြက္ရယူၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ထေရာ့ဆတ္ ပိတ္သြင္းဖို႔ကေတာ့ ငွက္ေပ်ာသီး အခြံႏႊာတာထက္ေတာင္ လြယ္ကူေနခဲ့တာပါ။

ပထမပိုင္းတစ္ပိုင္းလုံးကို ဆီဗီလာတို႔ ခံစစ္သာ ပိတ္ကစားၿပီး ဧရိယာထဲမွာ အၿမဲတမ္း ၅ ေယာက္ ၆ ေယာက္အထိ ပိတ္ဆို႔သြားခဲ့လို႔ အိမ္ရွင္ေတြ ကန္ခြင့္မသာခဲ့ဘဲ တစ္ႀကိမ္သာ ဂိုးေပါက္တည့္ႏိုင္ခဲ့လို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ခဲ့ရသလို ဒုတိယပိုင္းအစမွာေတာ့ ဒဏ္ရာျပႆနာအနည္းငယ္ ရွိေနတဲ့ တိုမီယာစုအစား ဇင္ခ်န္ကိုကို ထည့္သြင္းလာခဲ့ပါတယ္။

ဟာဗတ္ဇ္ရဲ႕ ထိုးေဖာက္ကန္သြင္းမႈတခ်ိဳ႕ကို ျမင္ခဲ့ရေပမယ့္ အနည္းငယ္ေတာ့ အားမရစရာျဖစ္ခဲ့ရသလို ဂ်ာမန္တိုက္စစ္သမားအေနနဲ႔ Curl Ball ကန္ခ်က္ေတြမွာ အားနည္းေနဆဲျဖစ္လို႔ ဂိုးတိုင္ေဘးပဲ ေရာက္ေနခဲ့ရၿပီး ထေရာ့ဆတ္ကလည္း ေလာႀကီးေနခဲ့လို႔ အာဆင္နယ္တို႔ ဂိုးရသင့္ရဲ႕သားနဲ႔ ဂိုးေပါက္တည့္မႈက နည္းလြန္းေနခဲ့တာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယ အႏိုင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ကြင္းလယ္ေၾကာက ဆြဲေျပးလာတဲ့ မာတီနယ္လီက ဆီဗီလာခံစစ္ၾကားကေန အကြက္ျမင္ျမင္ ခင္းေပးလိုက္တဲ့ ေဘာလုံးကို ဆာကာက ညာေတာင္ပံကေန အတြင္းကို တစ္ခ်က္ေခါက္ၿပီး ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ဂိုးသမားေဘးကေန အေဝးတိုင္ေျခကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ အာဆင္နယ္တို႔ဘက္က ထေရာ့ဆတ္၊ မာတီနယ္လီ၊ ဆာကာနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔အစား ဖာဘီယို ဗီယာရာ၊ နယ္လ္ဆန္၊ ကီဗီယာနဲ႔ အယ္လ္နန္နီတို႔ကို ထည့္သြင္းၿပီး ပစ္မွတ္ထား လူခ်ကစားခံေနရတဲ့ ေတာင္ပံသမားေတြကို အနားေပးသြားခဲ့ၾကသလို အိမ္ကြင္းအႏိုင္ရလဒ္ကို ထိန္းသိမ္းသြားခဲ့ၾကတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔က ဆီဗီလာတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရယူႏိုင္ခဲ့ၿပီး ႏွစ္ေက်ာ့စလုံးမွာ ႏွိပ္ကြပ္ႏိုင္ခဲ့တာေၾကာင့္ လာမယ့္ လြန္းစ္နဲ႔
အိမ္ကြင္းပြဲစဥ္ကို သေရရတာနဲ႔ ေနာက္တစ္ဆင့္ တက္ႏိုင္ဖို႔ ရွိေနသလို အႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ အုပ္စုဗိုလ္အျဖစ္ပါ ေသခ်ာမွာျဖစ္ၿပီး လက္ရွိ ေလးပြဲကစားၿပီးခ်ိန္မွာေတာ့ သုံးပြဲႏိုင္ တစ္ပြဲရႈံး ရလဒ္နဲ႔ အုပ္စု(ဘီ)ကို ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.