ချဲလ်ဆီးတို့ကတော့ အိမ်ကွင်းမှာ ကစားသမားတစ်ယောက်နှစ်ယောက်ကလွဲရင် အကောင်းဆုံး တိုက်ပွဲဝင်ကစားသွားနိုင်မှုနဲ့အတူ ချန်ပီယံပါလို့ ဝင့်ကြွားပြီး ဘာမှ မဟုတ်သေးတဲ့ ခနော်နီ ခနော်နဲ့ မန်ချက်စတာစီးတီးတို့ကို ဒီအဆင့်နဲ့ နောက်တစ်နှစ်ယူဖို့ မမှန်းနဲ့ဦးလို့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ သရေပွဲနဲ့အတူ ပညာပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးတို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ အယ်လ်ဗာရက်ဇ်၊ ဖိုဒန်နဲ့ ဒိုကူးတို့ကို ကစားစေခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းတစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။
အိမ်ရှင် ချဲလ်ဆီးတို့ကတော့ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ ဒီဆာဆီ၊ သီယာဂို ဆေးလ်ဗား၊ ရီးစ် ဂျိမ်းစ်နဲ့ ကူကူရဲလားတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ အန်ဇို ဖာနန်ဒက်ဇ်၊ ကိုင်စီဒိုနဲ့ ဂါလာဂါတို့ကို ခင်းကျင်းလာခဲ့ကြပြီး တိုက်စစ်မှာတော့ အသင်းဟောင်းကို ရင်ဆိုင်ခဲ့ကြတဲ့ ပါးလ်မား၊ စတာလင်တို့နဲ့အတူ ဂျက်ဆန်ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၂၅ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဟားလန်းကို လက်ဆွဲမိခဲ့တဲ့ ချဲလ်ဆီးနောက်ခံလူ ကူကူရဲလားကြောင့် ပေးခဲ့ရတဲ့ မျက်နှာကြီးရာ ဟင်းဖတ်ပါ ပင်နယ်တီကို နော်ဝေသားက သူကိုယ်တိုင်ပဲ အမှားအယွင်းမရှိ ကန်သွင်းပြီး အဝေးကွင်းမှာ ဧည့်သည်တွေကို ဦးဆောင်စေခဲ့တာပါ။
ဒါပေမယ့် မန်စီးတီးတို့ရဲ့ အပျော်က ၄ မိနစ်သာ ခံလိုက်သလို ပွဲချိန် ၂၉ မိနစ်မှာတော့ ချဲလ်ဆီးတို့ ပြန်လည်ချေပသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို ဂါလာဂါက အနီးတိုင်ဘက်ကို ကန်ပို့ပေးရာမှာ သီယာဂို ဆေးလ်ဗားက ခပ်စောင်းစောင်းနဲ့ နောက်ပြန်ခေါင်းတိုက်သွင်းခဲ့တာကို ဂိုးသမား အီဒါဆန် မကာကွယ်နိုင်ခဲ့တာကြောင့် တစ်ဂိုးစီသရေဖြစ်နေခဲ့ကြပါတယ်။
ပွဲချိန် ၃၇ မိနစ်မှာတော့ အိမ်ရှင် ချဲလ်ဆီးတို့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ပါးလ်မားက ဧရိယာထဲကို ခင်းပေးရာမှာ ပေးပို့မှုက သိပ်မကောင်းပေမယ့် အိုးနင်းခွက်နင်းနဲ့ ခြေချင်းခလုပ်တိုက်နေတဲ့ ဂွါဒီယောလ်ကြောင့် ပြန်ရသွားတဲ့ ရီးစ် ဂျိမ်းစ်က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးတဲ့ ဘောလုံးကို စတာလင်က အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ချဲလ်ဆီးခံစစ်က ကူကူရဲလားတစ်ယောက်သာ ခြေစွမ်းပုံမှန်ရှိခဲ့ပြီး ကပ္ပတိန်လက်ပတ်ကြီးနဲ့ ကျက်သရေတုံးနေတဲ့ ရီးစ် ဂျိမ်းစ်က နောက်တန်းကို မထိန်းကျောင်းနိုင်ခဲ့သလို သီယာဂို ဆေးလ်ဗားကတော့ လေးလေးလံလံနဲ့ မကြာခဏ အမှားတွေ ကျူးလွန်နေခဲ့ချိန်မှာ သူတို့နှစ်ဦးကြားက လူသစ် ဒီဆာဆီကလည်း ရုန်းကန်နေခဲ့ရတာကြောင့် မန်စီးတီးတိုက်စစ်ကို ထိန်းချုပ်ဖို့ ခက်နေခဲ့တာပါ။
နာကျင်အချိန်ပို ၁ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို အတိုပေးရာမှာ ချဲလ်ဆီးဘက်က ပါးလ်မားက ပြေးထွက်တားဆီးဖို့ နောက်ကျနေတာကြောင့် ဘာနာဒို ဆေးလ်ဗားက ဖြတ်တင်ခွင့်ရခဲ့ရာမှာ အသုံးမကျတဲ့ သီယာဂို ဆေးလ်ဗားရဲ့ နေရာယူပုံ အမှားကြောင့် အာကန်ဂျီက ခေါင်းတိုက်သွင်းပြီး ပထမပိုင်းမှာ နှစ်ဂိုးစီသရေဖြစ်နေခဲ့ကြပါတယ်။
ဒုတိယပိုင်းစပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ မန်စီးတီးတို့ နောက်တစ်ကြိမ် ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ချဲလ်ဆီးတို့ရဲ့ ဘယ်ခြမ်းခံစစ် ပေါ့လျော့မှုကနေ ဘောလုံးရသွားခဲ့တဲ့ အယ်လ်ဗာရက်ဇ်က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ လျင်လျင်မြန်မြန် ပြေးပြီး အနီးတိုင်ကို ပိတ်ဆို့ရမယ့်အစား နောက်ကျနေခဲ့တဲ့ ဒီဆာဆီကြောင့် ကျေးဇူးတင်စရာဖြစ်သွားရတဲ့ ဟားလန်းက ရီးစ် ဂျိမ်းစ်ရှေ့ကနေ ပိတ်သွင်းယူသွားနိုင်ခဲ့တာပါ။
မန်စီးတီးတို့ဘက်က စတင်အပြောင်းအလဲလုပ်ခဲ့သလို ဒိုကူးနေရာမှာ ဂရီးလစ်ရှ် ဝင်လာခဲ့ပြီး သူ့ကို ရိုက်လှဲပြီး ကြိုဆိုတဲ့ ကိုင်စီဒိုကတော့ အဝါထိခဲ့အပြီးမှာ ချဲလ်ဆီးတို့ဘက်က လူစားလဲမှုတွေ စတင်ခဲ့ပြီး တိုင်ပတ်နေတဲ့ ရီးစ် ဂျိမ်းစ်နဲ့ အကျိုးမပြုနိုင်တဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့အစား ဂူစတိုနဲ့ မူဒရစ်ခ်တို့ကို ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၆၇ မိနစ်မှာတော့ ချဲလ်ဆီးတို့ သရေကျစေမယ့် တတိယဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်ကနေ လွတ်သွားတဲ့ ဂါလာဂါက အပြင်းကန်သွင်းခဲ့ရာမှာ မန်စီးတီးဂိုးသမား အီဒါဆန် မကာကွယ်နိုင်ဘဲ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်က ပြေးလိုက်လာခဲ့တဲ့ ဂျက်ဆန်က အနီးကပ် အနေအထားက ပိတ်သွင်းအဆုံးသတ်သွားခဲ့တာပါ။
ဒီနောက်မှာ စတာလင်ရဲ့ ဖန်တီးမှုကနေ ပြန်လည်ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ဂူစတိုက ဘယ်ခြေနဲ့ ကန်ရာမှာ ဘားကျော်သွားခဲ့ပြီး မန်စီးတီးတို့ကတော့ ကွင်းလယ်ကို အားပြုနိုင်ဖို့ အယ်လ်ဗာရက်ဇ်အစား ကိုဗာချစ်ချ်ကို ထည့်သွင်းပြီး ပြောင်းလဲလာခဲ့လို့ မူဒရစ်ခ်ကို ထည့်သွင်းဖို့ ကွင်းလယ်တစ်ယောက် အလျော့ခံထားခဲ့ရတဲ့ ချဲလ်ဆီးတို့ ကစားကွက်ပိုင်းအရ အောက်ရောက်သွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၈၆ မိနစ်မှာတော့ မန်စီးတီးတို့ စတုတ္ထ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်တိုက်စစ်ကနေ ကိုဗာချစ်ချ်ရဲ့ ထိုးဖောက်မှုက ခံစစ်နဲ့ငြိပြီး ကျန်ခဲ့တဲ့ ဘောလုံးကို အမြဲတမ်း လူမိုက်ကံကောင်းဖြစ်လေ့ရှိတဲ့ ရိုဒရီက ဧရိယာထိပ်ကနေ ကန်သွင်းရာမှာ လူနဲ့ အိမ်သာတိုင် မှားနေသလား မေးရမယ့် သီယာဂို ဆေးလ်ဗားက ခြေထောက်ကို ဆန့်ထုတ်ရောင်းပြီး ဂိုးသမား ဆန်းချက်ဇ်ကို အနိုင်ယူပေးခဲ့တာပါ။
ဒီနောက်မှာတော့ ပိုချက်တီနိုအနေနဲ့ အိမ်ကွင်းမှာ ဖောင်ဖျက်ဖို့ အဝါထိထားတဲ့ ကိုင်စီဒိုအစား ဘရိုယာကို ဗျူဟာမြောက် ထည့်သွင်းလာခဲ့သလို ဒီအပြောင်းအလဲက အကျိုးပေးခဲ့ပြီး ချဲလ်ဆီးတို့ တန်ပြန်တိုက်စစ်ကနေ စတာလင်က ဧရိယာထဲကို ခင်းပေးရာမှာ ထိန်းသိမ်းကန်သွင်းဖို့ ကြိုးစားခဲ့တဲ့ ဘရိုယာကို ရူဘင် ဒီယက်စ်က ခြေချိတ်မိခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး မနိုင်မဲမဲတဲ့ မန်စီးတီးကစားသမားတွေကြောင့် အချင်းများခဲ့ရပါတယ်။
ပွဲတွေဖြစ်ခဲ့ပြီးမှ ကန်ခဲ့ရတဲ့ ချဲလ်ဆီးတို့ရဲ့ ပင်နယ်တီကိုတော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်လူ ကိုးလ် ပါးလ်မားက တည်တည်ငြိမ်ငြိမ်နဲ့ ဂိုးဘယ်ဘက်အပေါ်ထောင့်ကို ကန်သွင်းပြီး စတုတ္ထမြောက်ဂိုးနဲ့ အိမ်ရှင်တွေကို သရေတစ်မှတ် ရှာဖွေပေးနိုင်ခဲ့ကြသလို မန်စီးတီး ဆိုတာ ဘယ်သူမှ မထိပါးနိုင်တဲ့ အသင်းမျိုး မဟုတ်ဘဲ ဆပ်ပြာသည် လင်ပျောက်နေတဲ့ အသင်းမျိုးသာဖြစ်ကြောင်း သက်သေပြသွားခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့ရဲ့ လေးဂိုးသွင်းယူမှုကို ခံခဲ့ရတဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ ရေနံတွေလည်း မကူနိုင်တော့ဘဲ အဝေးကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ သရေကျခဲ့ရသလို အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ တစ်မှတ်သာ ကွာတော့ပြီး နောက်လာမယ့်ပွဲမှာ လီဗာပူးလ်နဲ့ပါ ကန်ရဦးမယ့်အချိန်မှာ ဖိအားတွေ တိုးပွားခဲ့ရပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ခ်ဲလ္ဆီးတို႔ကေတာ့ အိမ္ကြင္းမွာ ကစားသမားတစ္ေယာက္ႏွစ္ေယာက္ကလြဲရင္ အေကာင္းဆုံး တိုက္ပြဲဝင္ကစားသြားႏိုင္မႈနဲ႔အတူ ခ်န္ပီယံပါလို႔ ဝင့္ႂကြားၿပီး ဘာမွ မဟုတ္ေသးတဲ့ ခေနာ္နီ ခေနာ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ကို ဒီအဆင့္နဲ႔ ေနာက္တစ္ႏွစ္ယူဖို႔ မမွန္းနဲ႔ဦးလို႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာ သေရပြဲနဲ႔အတူ ပညာေပးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။
မန္စီးတီးတို႔အေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ေဝၚလ္ကာ၊ အာကန္ဂ်ီ၊ ႐ူဘင္ ဒီယက္စ္နဲ႔ ဂြါဒီေယာလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗား၊ အယ္လ္ဗာရက္ဇ္၊ ဖိုဒန္နဲ႔ ဒိုကူးတို႔ကို ကစားေစခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းတစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။
အိမ္ရွင္ ခ်ဲလ္ဆီးတို႔ကေတာ့ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ ဒီဆာဆီ၊ သီယာဂို ေဆးလ္ဗား၊ ရီးစ္ ဂ်ိမ္းစ္နဲ႔ ကူကူရဲလားတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ အန္ဇို ဖာနန္ဒက္ဇ္၊ ကိုင္စီဒိုနဲ႔ ဂါလာဂါတို႔ကို ခင္းက်င္းလာခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ အသင္းေဟာင္းကို ရင္ဆိုင္ခဲ့ၾကတဲ့ ပါးလ္မား၊ စတာလင္တို႔နဲ႔အတူ ဂ်က္ဆန္ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၂၅ မိနစ္မွာ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထဲမွာ ဟားလန္းကို လက္ဆြဲမိခဲ့တဲ့ ခ်ဲလ္ဆီးေနာက္ခံလူ ကူကူရဲလားေၾကာင့္ ေပးခဲ့ရတဲ့ မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါ ပင္နယ္တီကို ေနာ္ေဝသားက သူကိုယ္တိုင္ပဲ အမွားအယြင္းမရွိ ကန္သြင္းၿပီး အေဝးကြင္းမွာ ဧည့္သည္ေတြကို ဦးေဆာင္ေစခဲ့တာပါ။
ဒါေပမယ့္ မန္စီးတီးတို႔ရဲ႕ အေပ်ာ္က ၄ မိနစ္သာ ခံလိုက္သလို ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ျပန္လည္ေခ်ပသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို ဂါလာဂါက အနီးတိုင္ဘက္ကို ကန္ပို႔ေပးရာမွာ သီယာဂို ေဆးလ္ဗားက ခပ္ေစာင္းေစာင္းနဲ႔ ေနာက္ျပန္ေခါင္းတိုက္သြင္းခဲ့တာကို ဂိုးသမား အီဒါဆန္ မကာကြယ္ႏိုင္ခဲ့တာေၾကာင့္ တစ္ဂိုးစီသေရျဖစ္ေနခဲ့ၾကပါတယ္။
ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ အိမ္ရွင္ ခ်ဲလ္ဆီးတို႔ ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့ၾကၿပီး ဒုတိယဂိုးကို သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ပါးလ္မားက ဧရိယာထဲကို ခင္းေပးရာမွာ ေပးပို႔မႈက သိပ္မေကာင္းေပမယ့္ အိုးနင္းခြက္နင္းနဲ႔ ေျခခ်င္းခလုပ္တိုက္ေနတဲ့ ဂြါဒီေယာလ္ေၾကာင့္ ျပန္ရသြားတဲ့ ရီးစ္ ဂ်ိမ္းစ္က ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးတဲ့ ေဘာလုံးကို စတာလင္က အနီးကပ္ပိတ္သြင္းယူႏိုင္ခဲ့ပါတယ္။
ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးခံစစ္က ကူကူရဲလားတစ္ေယာက္သာ ေျခစြမ္းပုံမွန္ရွိခဲ့ၿပီး ကပၸတိန္လက္ပတ္ႀကီးနဲ႔ က်က္သေရတုံးေနတဲ့ ရီးစ္ ဂ်ိမ္းစ္က ေနာက္တန္းကို မထိန္းေက်ာင္းႏိုင္ခဲ့သလို သီယာဂို ေဆးလ္ဗားကေတာ့ ေလးေလးလံလံနဲ႔ မၾကာခဏ အမွားေတြ က်ဴးလြန္ေနခဲ့ခ်ိန္မွာ သူတို႔ႏွစ္ဦးၾကားက လူသစ္ ဒီဆာဆီကလည္း ႐ုန္းကန္ေနခဲ့ရတာေၾကာင့္ မန္စီးတီးတိုက္စစ္ကို ထိန္းခ်ဳပ္ဖို႔ ခက္ေနခဲ့တာပါ။
နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ မန္စီးတီးတို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကို အတိုေပးရာမွာ ခ်ဲလ္ဆီးဘက္က ပါးလ္မားက ေျပးထြက္တားဆီးဖို႔ ေနာက္က်ေနတာေၾကာင့္ ဘာနာဒို ေဆးလ္ဗားက ျဖတ္တင္ခြင့္ရခဲ့ရာမွာ အသုံးမက်တဲ့ သီယာဂို ေဆးလ္ဗားရဲ႕ ေနရာယူပုံ အမွားေၾကာင့္ အာကန္ဂ်ီက ေခါင္းတိုက္သြင္းၿပီး ပထမပိုင္းမွာ ႏွစ္ဂိုးစီသေရျဖစ္ေနခဲ့ၾကပါတယ္။
ဒုတိယပိုင္းစၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ မန္စီးတီးတို႔ ေနာက္တစ္ႀကိမ္ ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခ်ဲလ္ဆီးတို႔ရဲ႕ ဘယ္ျခမ္းခံစစ္ ေပါ့ေလ်ာ့မႈကေန ေဘာလုံးရသြားခဲ့တဲ့ အယ္လ္ဗာရက္ဇ္က ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ လ်င္လ်င္ျမန္ျမန္ ေျပးၿပီး အနီးတိုင္ကို ပိတ္ဆို႔ရမယ့္အစား ေနာက္က်ေနခဲ့တဲ့ ဒီဆာဆီေၾကာင့္ ေက်းဇူးတင္စရာျဖစ္သြားရတဲ့ ဟားလန္းက ရီးစ္ ဂ်ိမ္းစ္ေရွ႕ကေန ပိတ္သြင္းယူသြားႏိုင္ခဲ့တာပါ။
မန္စီးတီးတို႔ဘက္က စတင္အေျပာင္းအလဲလုပ္ခဲ့သလို ဒိုကူးေနရာမွာ ဂရီးလစ္ရွ္ ဝင္လာခဲ့ၿပီး သူ႔ကို ႐ိုက္လွဲၿပီး ႀကိဳဆိုတဲ့ ကိုင္စီဒိုကေတာ့ အဝါထိခဲ့အၿပီးမွာ ခ်ဲလ္ဆီးတို႔ဘက္က လူစားလဲမႈေတြ စတင္ခဲ့ၿပီး တိုင္ပတ္ေနတဲ့ ရီးစ္ ဂ်ိမ္းစ္နဲ႔ အက်ိဳးမျပဳႏိုင္တဲ့ အန္ဇို ဖာနန္ဒက္ဇ္တို႔အစား ဂူစတိုနဲ႔ မူဒရစ္ခ္တို႔ကို ထည့္သြင္းလာခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ သေရက်ေစမယ့္ တတိယဂိုးကို ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထိပ္ကေန လြတ္သြားတဲ့ ဂါလာဂါက အျပင္းကန္သြင္းခဲ့ရာမွာ မန္စီးတီးဂိုးသမား အီဒါဆန္ မကာကြယ္ႏိုင္ဘဲ ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္က ေျပးလိုက္လာခဲ့တဲ့ ဂ်က္ဆန္က အနီးကပ္ အေနအထားက ပိတ္သြင္းအဆုံးသတ္သြားခဲ့တာပါ။
ဒီေနာက္မွာ စတာလင္ရဲ႕ ဖန္တီးမႈကေန ျပန္လည္ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရးကို ဂူစတိုက ဘယ္ေျခနဲ႔ ကန္ရာမွာ ဘားေက်ာ္သြားခဲ့ၿပီး မန္စီးတီးတို႔ကေတာ့ ကြင္းလယ္ကို အားျပဳႏိုင္ဖို႔ အယ္လ္ဗာရက္ဇ္အစား ကိုဗာခ်စ္ခ်္ကို ထည့္သြင္းၿပီး ေျပာင္းလဲလာခဲ့လို႔ မူဒရစ္ခ္ကို ထည့္သြင္းဖို႔ ကြင္းလယ္တစ္ေယာက္ အေလ်ာ့ခံထားခဲ့ရတဲ့ ခ်ဲလ္ဆီးတို႔ ကစားကြက္ပိုင္းအရ ေအာက္ေရာက္သြားခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ မန္စီးတီးတို႔ စတုတၳ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္တိုက္စစ္ကေန ကိုဗာခ်စ္ခ်္ရဲ႕ ထိုးေဖာက္မႈက ခံစစ္နဲ႔ၿငိၿပီး က်န္ခဲ့တဲ့ ေဘာလုံးကို အၿမဲတမ္း လူမိုက္ကံေကာင္းျဖစ္ေလ့ရွိတဲ့ ႐ိုဒရီက ဧရိယာထိပ္ကေန ကန္သြင္းရာမွာ လူနဲ႔ အိမ္သာတိုင္ မွားေနသလား ေမးရမယ့္ သီယာဂို ေဆးလ္ဗားက ေျခေထာက္ကို ဆန႔္ထုတ္ေရာင္းၿပီး ဂိုးသမား ဆန္းခ်က္ဇ္ကို အႏိုင္ယူေပးခဲ့တာပါ။
ဒီေနာက္မွာေတာ့ ပိုခ်က္တီႏိုအေနနဲ႔ အိမ္ကြင္းမွာ ေဖာင္ဖ်က္ဖို႔ အဝါထိထားတဲ့ ကိုင္စီဒိုအစား ဘ႐ိုယာကို ဗ်ဴဟာေျမာက္ ထည့္သြင္းလာခဲ့သလို ဒီအေျပာင္းအလဲက အက်ိဳးေပးခဲ့ၿပီး ခ်ဲလ္ဆီးတို႔ တန္ျပန္တိုက္စစ္ကေန စတာလင္က ဧရိယာထဲကို ခင္းေပးရာမွာ ထိန္းသိမ္းကန္သြင္းဖို႔ ႀကိဳးစားခဲ့တဲ့ ဘ႐ိုယာကို ႐ူဘင္ ဒီယက္စ္က ေျခခ်ိတ္မိခဲ့တာေၾကာင့္ ပင္နယ္တီ ေပးခဲ့ရၿပီး မႏိုင္မဲမဲတဲ့ မန္စီးတီးကစားသမားေတြေၾကာင့္ အခ်င္းမ်ားခဲ့ရပါတယ္။
ပြဲေတြျဖစ္ခဲ့ၿပီးမွ ကန္ခဲ့ရတဲ့ ခ်ဲလ္ဆီးတို႔ရဲ႕ ပင္နယ္တီကိုေတာ့ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ခဲ့တဲ့ လူငယ္ကြင္းလယ္လူ ကိုးလ္ ပါးလ္မားက တည္တည္ၿငိမ္ၿငိမ္နဲ႔ ဂိုးဘယ္ဘက္အေပၚေထာင့္ကို ကန္သြင္းၿပီး စတုတၳေျမာက္ဂိုးနဲ႔ အိမ္ရွင္ေတြကို သေရတစ္မွတ္ ရွာေဖြေပးႏိုင္ခဲ့ၾကသလို မန္စီးတီး ဆိုတာ ဘယ္သူမွ မထိပါးႏိုင္တဲ့ အသင္းမ်ိဳး မဟုတ္ဘဲ ဆပ္ျပာသည္ လင္ေပ်ာက္ေနတဲ့ အသင္းမ်ိဳးသာျဖစ္ေၾကာင္း သက္ေသျပသြားခဲ့တာပါ။
ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔ရဲ႕ ေလးဂိုးသြင္းယူမႈကို ခံခဲ့ရတဲ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ေရနံေတြလည္း မကူႏိုင္ေတာ့ဘဲ အေဝးကြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ သေရက်ခဲ့ရသလို အမွတ္ေပးဇယားထိပ္မွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ေပမယ့္ လီဗာပူးလ္၊ အာဆင္နယ္တို႔နဲ႔ တစ္မွတ္သာ ကြာေတာ့ၿပီး ေနာက္လာမယ့္ပြဲမွာ လီဗာပူးလ္နဲ႔ပါ ကန္ရဦးမယ့္အခ်ိန္မွာ ဖိအားေတြ တိုးပြားခဲ့ရပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.