Premier League

ဘုန်းမောက်ကို ရှုံးလို့ တင်းနေတဲ့ ပရိသတ်နဲ့ ပြဿနာတက်ခဲ့တဲ့အကြောင်း ရှင်းပြခဲ့တဲ့ ထရစ်ပီယာ

ကီရန် ထရစ်ပီယာဟာ ဘုန်းမောက်ကို စနေနေ့ညနေက ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်ပရိသတ်တစ်ဦးနဲ့ ဒေါသတကြီး ထိပ်တိုက်တွေ့ဆုံမှုနဲ့ပတ်သက်ပြီး အရေးမကြီးဟန်နဲ့ ငြင်းပယ်ခဲ့ပါတယ်။

အဓိကကစားသမားတွေ အများအပြားကို လက်လွှတ်ထားရတဲ့ ငှက်ကျားတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ ချန်ပီယံလိဂ်မှာ ဒေါ့မွန်ကို ရှုံးနိမ့်ခဲ့ရာကနေ နိုင်ပွဲပြန်လည်ရယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒေါမနစ် ဆိုလန်ကီက မိနစ် ၆၀ မှာ နယူးကာဆယ် ကစားသမားရဲ့ ဘောလုံးရှင်းထုတ်ရာကနေ ထွက်လာတဲ့ ဘောလုံးကို အခွင့်ကောင်းယူ အဆုံးသတ်သွားခဲ့တာဖြစ်ပြီး ၇၃ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် ရှုပ်ယှက်ခတ်နေတဲ့ကြားက ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အမှန်တော့ ဘုန်းမောက်ဟာ ဒီထက်တောင် ဂိုးတွေ ပိုမိုသွင်းယူနိုင်ခဲ့ရမှာဖြစ်ပြီး နယူးကာဆယ်ဟာ ခံစစ်ပိုင်းမှာ အရမ်းကို ထိခိုက်လွယ်နေခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၉ ကြိမ်အထိ ခွင့်ပြုခဲ့ရာမှာ ၁၀ ကြိမ်က ဂိုးပေါက်တည့်ခဲ့တာဖြစ်ပါတယ်။ ပွဲပြီး ဝီစီမှုတ်ချိန်မှာ ထရစ်ပီယာက အဝေးကွင်းပရိသတ်တွေရှိရာဆီကို လမ်းလျှောက်သွားခဲ့ပြီး အဲဒီထဲက ပရိသတ်တစ်ဦးနဲ့ အကြီးအကျယ် အငြင်းအခုံဖြစ်ခဲ့တာကြောင့် လုံခြုံရေးတွေက ဝင်ဆွဲခဲ့ရတာဖြစ်ပါတယ်။

ဂျိုလင်တန်ကလည်း ထရစ်ပီယာကို ကျန်အသင်းသားတွေအားလုံး စုဝေးနေတဲ့ ကွင်းလယ်စက်ဝိုင်းဆီကို ပြန်ဆွဲဖို့ ပြေးလာခဲ့ပြီး နည်းပြ အက်ဒီဟောင်းကို ပရိသတ်က စိတ်မသက်မသာဖြစ်စေမယ့် စကားတွေ ပြောခဲ့တဲ့အကြောင်း နယူးကာဆယ်နောက်ခံလူက ပြောပြခဲ့ပုံပေါ်ပေမယ့်လည်း အဲဒီဖြစ်စဉ်အပြီးမှာတော့ အရေးမကြီးဟန်နဲ့ ပြောဆိုခဲ့ပြီး ပရိသတ်တွေကို ခက်ခဲတဲ့ ကာလအတွင်း အသင်းနောက်ကနေ ရပ်တည်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ပရိသတ်တွေက အရမ်းစိတ်ခံစားမှုပြင်းထန်နေကြတယ်။ ဟုတ်တာပေါ့။ သူတို့တွေ အဲဒီလိုဖြစ်မှာပါ။ သူတို့တွေ ခရီးအရှည်ကြီး ထွက်ခဲ့ရပြီး ကျွန်တော်တို့ ကစားတာကို ကြည့်ဖို့အတွက် ငွေကြေးအများအပြား သုံးစွဲခဲ့ရတယ်။ ကျွန်တော်က သူတို့ထဲက တစ်ယောက်နဲ့ စကားစမြည်ပြောခဲ့တာပါ။ ကျွန်တော်တို့ အရာအားလုံး ပေးခဲ့တဲ့အကြောင်း ပြောခဲ့တာပါ။ ဘာမှ ထိတ်လန့်နေစရာမလိုပါဘူး။ ကျွန်တော်တို့ လိင်္ဂမှာ ကောင်းမွန်တဲ့ရပ်တည်မှုမှာရှိနေတုန်းပါပဲ။ ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ရှိနေဆဲပါ။ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်မှာ ရှိနေတုန်းပါပဲ။ ဘာမှ စိုးရိမ်ထိတ်လန့်နေစရာမလိုပါဘူး။ကျွန်တော်တို့ အနိုင်ယူခံခဲ့ရတယ်။ ဒီရလဒ်အတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်။ ဒါပေမယ့်လည်း အရေးအကြီးဆုံးအရာက အသင်းသားတွေက အရာအားလုံးပေးနေတာပါ။ ကျွန်တော်တို့ ဒီလိုအခြေအနေအောက်မှာ ပိုပြီး ပေးနေပါတယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကီရန္ ထရစ္ပီယာဟာ ဘုန္းေမာက္ကို စေနေန႔ညေနက ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ နယူးကာဆယ္ပရိသတ္တစ္ဦးနဲ႔ ေဒါသတႀကီး ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ပတ္သက္ၿပီး အေရးမႀကီးဟန္နဲ႔ ျငင္းပယ္ခဲ့ပါတယ္။

အဓိကကစားသမားေတြ အမ်ားအျပားကို လက္လႊတ္ထားရတဲ့ ငွက္က်ားေတြဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္မွာ ခ်န္ပီယံလိဂ္မွာ ေဒါ့မြန္ကို ရႈံးနိမ့္ခဲ့ရာကေန ႏိုင္ပြဲျပန္လည္ရယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဘုန္းေမာက္ကို ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ေဒါမနစ္ ဆိုလန္ကီက မိနစ္ ၆၀ မွာ နယူးကာဆယ္ ကစားသမားရဲ႕ ေဘာလုံးရွင္းထုတ္ရာကေန ထြက္လာတဲ့ ေဘာလုံးကို အခြင့္ေကာင္းယူ အဆုံးသတ္သြားခဲ့တာျဖစ္ၿပီး ၇၃ မိနစ္မွာ ေထာင့္ကန္ေဘာကေနတဆင့္ ရႈပ္ယွက္ခတ္ေနတဲ့ၾကားက ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အမွန္ေတာ့ ဘုန္းေမာက္ဟာ ဒီထက္ေတာင္ ဂိုးေတြ ပိုမိုသြင္းယူႏိုင္ခဲ့ရမွာျဖစ္ၿပီး နယူးကာဆယ္ဟာ ခံစစ္ပိုင္းမွာ အရမ္းကို ထိခိုက္လြယ္ေနခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၉ ႀကိမ္အထိ ခြင့္ျပဳခဲ့ရာမွာ ၁၀ ႀကိမ္က ဂိုးေပါက္တည့္ခဲ့တာျဖစ္ပါတယ္။ ပြဲၿပီး ဝီစီမႈတ္ခ်ိန္မွာ ထရစ္ပီယာက အေဝးကြင္းပရိသတ္ေတြရွိရာဆီကို လမ္းေလွ်ာက္သြားခဲ့ၿပီး အဲဒီထဲက ပရိသတ္တစ္ဦးနဲ႔ အႀကီးအက်ယ္ အျငင္းအခုံျဖစ္ခဲ့တာေၾကာင့္ လုံၿခဳံေရးေတြက ဝင္ဆြဲခဲ့ရတာျဖစ္ပါတယ္။

ဂ်ိဳလင္တန္ကလည္း ထရစ္ပီယာကို က်န္အသင္းသားေတြအားလုံး စုေဝးေနတဲ့ ကြင္းလယ္စက္ဝိုင္းဆီကို ျပန္ဆြဲဖို႔ ေျပးလာခဲ့ၿပီး နည္းျပ အက္ဒီေဟာင္းကို ပရိသတ္က စိတ္မသက္မသာျဖစ္ေစမယ့္ စကားေတြ ေျပာခဲ့တဲ့အေၾကာင္း နယူးကာဆယ္ေနာက္ခံလူက ေျပာျပခဲ့ပုံေပၚေပမယ့္လည္း အဲဒီျဖစ္စဥ္အၿပီးမွာေတာ့ အေရးမႀကီးဟန္နဲ႔ ေျပာဆိုခဲ့ၿပီး ပရိသတ္ေတြကို ခက္ခဲတဲ့ ကာလအတြင္း အသင္းေနာက္ကေန ရပ္တည္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

“ပရိသတ္ေတြက အရမ္းစိတ္ခံစားမႈျပင္းထန္ေနၾကတယ္။ ဟုတ္တာေပါ့။ သူတို႔ေတြ အဲဒီလိုျဖစ္မွာပါ။ သူတို႔ေတြ ခရီးအရွည္ႀကီး ထြက္ခဲ့ရၿပီး ကြၽန္ေတာ္တို႔ ကစားတာကို ၾကည့္ဖို႔အတြက္ ေငြေၾကးအမ်ားအျပား သုံးစြဲခဲ့ရတယ္။ ကြၽန္ေတာ္က သူတို႔ထဲက တစ္ေယာက္နဲ႔ စကားစျမည္ေျပာခဲ့တာပါ။ ကြၽန္ေတာ္တို႔ အရာအားလုံး ေပးခဲ့တဲ့အေၾကာင္း ေျပာခဲ့တာပါ။ ဘာမွ ထိတ္လန႔္ေနစရာမလိုပါဘူး။ ကြၽန္ေတာ္တို႔ လိဂၤမွာ ေကာင္းမြန္တဲ့ရပ္တည္မႈမွာရွိေနတုန္းပါပဲ။ ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္မွာ ရွိေနဆဲပါ။ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္မွာ ရွိေနတုန္းပါပဲ။ ဘာမွ စိုးရိမ္ထိတ္လန႔္ေနစရာမလိုပါဘူး။ကြၽန္ေတာ္တို႔ အႏိုင္ယူခံခဲ့ရတယ္။ ဒီရလဒ္အတြက္ ကြၽန္ေတာ္တို႔ ေတာင္းပန္ပါတယ္။ ဒါေပမယ့္လည္း အေရးအႀကီးဆုံးအရာက အသင္းသားေတြက အရာအားလုံးေပးေနတာပါ။ ကြၽန္ေတာ္တို႔ ဒီလိုအေျခအေနေအာက္မွာ ပိုၿပီး ေပးေနပါတယ္။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.