Premier League

ဟာလန်း ကလုန်းကြီးရဲ့ လွဲချော်မှုကို ကာကွယ်လိုက်တဲ့ တန်ဟက်

အဲရစ် တန်ဟက်က စနေနေ့ညနေက လူတန်တောင်းကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရတဲ့ပွဲစဉ်မှာ ပေါင် ၇၂ သန်းတန် နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ရာ့စ်မွတ်စ် ဟွိုင်လွန်းဟာ နောက်ထပ်တစ်ကြိမ် ရုန်းကန်ခဲ့ရပြီးနောက် ဒိန်းမတ်တိုက်စစ်မှူးရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးတွေက မကြာမီ စီးဆင်းလာလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ တန်းတက် လူတန်ကို လင်ဒီလော့ဖ်ရဲ့ ဒုတိယပိုင်း သွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့်လည်း အိမ်ရှင်အသင်းအတွက် ပိုမို သက်တောင့်သက်သာရှိတဲ့ ညနေခင်း ဖြစ်ခဲ့ရမှာ ဖြစ်ပါတယ်။

ဟွိုင်လွန်းဟာ အစောပိုင်းအချိန်တွေအတွင်း အဖွင့်ဂိုးသွင်းယူဖို့ ရွှေရောင်အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ကန်ချက်ကို လူတန်ဂိုးသမား သောမတ်စ် ကာမင်စကီးက ပိတ်ဆို့ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ကိုပင်ဟေဂင်ကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ပွဲစဉ်က သွင်းဂိုး ၂ ဂိုးကြောင့် စုစုပေါင်းသွင်းဂိုး ၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဟွိုင်လွန်းဟာ လူတန်နဲ့ပွဲစဉ် ပွဲကစားချိန်နှောင်းပိုင်းမှာ တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရပြီး လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်ဆုံးနေတာ ၉ ပွဲအထိ ရှိနေခဲ့ပြီဖြစ်ပေမယ့် တန်ဟက်က ၎င်းရဲ့ နွေရာသီအဓိကကစားသမားခေါ်ယူမှုနဲ့ပတ်သက်ပြီး စိုးရိမ်ခြင်းမရှိတာဖြစ်ပါတယ်။

“ရာ့စ်မွတ်စ် ဟွိုင်လွန်းက ချန်ပီယံလိဂ်မှာ ၅ ဂိုး သွင်းယူခဲ့ပါတယ်။ သူ့မှာ ယုံကြည်ချက်ရှိပြီး ဂိုးတွေက ရောက်လာပါလိမ့်မယ်။ ကျွန်တော်တို့သာ စောစောစီးစီး ဂိုးသွင်းယူနိုင်ခဲ့ရင် တည်ငြိမ်မှု၊ မန်နေဂျာ၊ နည်းပြတွေ၊ အသင်းအတွက် ပိုကောင်းပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျား မသွင်းနိုင်ဘူးဆိုရင်လည်း ဆက်ပြီး လုပ်ဖို့ လိုပါတယ်။ ဆက်ပြီး စုဖွဲ့ထားပြီး ဘာအခွင့်အရေးမှ မပေးခဲ့တဲ့အတွက် အသင်းကို ကျွန်တော် ချီးကျူးရမှာပါ။ ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ပွဲလိုအပ်ခဲ့ပြီး အနိုင်ရခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ စောစောစီးစီး ဂိုးသွင်းယူပြီး ဒုတိယဂိုးရပြီး ပိုပြီး သက်တောင့်သက်သာဖြစ်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် တစ်ဂိုးကလွဲပြီး မသွင်းနိုင်ခဲ့ဘူး။ ကျွန်တော် အဲဒါကို ပျော်ရွှင်မိပါတယ်။ ကျွန်တော် ကလင်းရှစ်တ်ရခဲ့တာကို ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမပြီးခင်မှာ အခွင့်အရေးတွေ အများကြီးရခဲ့ပြီး ခင်ဗျား အဲဒီထဲက တစ်ကြိမ်တော့ ဂိုးပေါက်ထဲ သွင်းနိုင်ခဲ့သင့်ပါတယ်။ ပထမပိုင်းအပြီးမှာ ဒုတိယဂိုးရခဲ့ရင် ပွဲက ပြီးသွားမှာပါ။ အခုတော့ သူတို့ကို ခင်ဗျား အသက်ရှင်ခွင့်ပေးထားပြီး မှားယွင်းတဲ့နေရာကို ဘောလုံးကျသွားတာနဲ့ သူတို့တွေ ချေပဂိုး သွင်းသွားနိုင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ္ တန္ဟက္က စေနေန႔ညေနက လူတန္ေတာင္းကို ခက္ခက္ခဲခဲ အႏိုင္ကစားခဲ့ရတဲ့ပြဲစဥ္မွာ ေပါင္ ၇၂ သန္းတန္ ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ရာ့စ္မြတ္စ္ ဟြိဳင္လြန္းဟာ ေနာက္ထပ္တစ္ႀကိမ္ ႐ုန္းကန္ခဲ့ရၿပီးေနာက္ ဒိန္းမတ္တိုက္စစ္မႉးရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုးေတြက မၾကာမီ စီးဆင္းလာလိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ တန္းဆင္းဇုန္မွာ ႐ုန္းကန္ေနရတဲ့ တန္းတက္ လူတန္ကို လင္ဒီေလာ့ဖ္ရဲ႕ ဒုတိယပိုင္း သြင္းဂိုးေၾကာင့္ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ေပမယ့္လည္း အိမ္ရွင္အသင္းအတြက္ ပိုမို သက္ေတာင့္သက္သာရွိတဲ့ ညေနခင္း ျဖစ္ခဲ့ရမွာ ျဖစ္ပါတယ္။

ဟြိဳင္လြန္းဟာ အေစာပိုင္းအခ်ိန္ေတြအတြင္း အဖြင့္ဂိုးသြင္းယူဖို႔ ေ႐ႊေရာင္အခြင့္အေရးကို ပိုင္ဆိုင္ခဲ့ေပမယ့္လည္း ၎ရဲ႕ ကန္ခ်က္ကို လူတန္ဂိုးသမား ေသာမတ္စ္ ကာမင္စကီးက ပိတ္ဆို႔ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒိန္းမတ္တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ ဂိုးေတြ သြင္းယူႏိုင္ခဲ့ၿပီး ကိုပင္ေဟဂင္ကို ၄-၃ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ဗုဒၶဟူးေန႔ပြဲစဥ္က သြင္းဂိုး ၂ ဂိုးေၾကာင့္ စုစုေပါင္းသြင္းဂိုး ၅ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။

ဟြိဳင္လြန္းဟာ လူတန္နဲ႔ပြဲစဥ္ ပြဲကစားခ်ိန္ေႏွာင္းပိုင္းမွာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီး လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ေပ်ာက္ဆုံးေနတာ ၉ ပြဲအထိ ရွိေနခဲ့ၿပီျဖစ္ေပမယ့္ တန္ဟက္က ၎ရဲ႕ ေႏြရာသီအဓိကကစားသမားေခၚယူမႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ျခင္းမရွိတာျဖစ္ပါတယ္။

“ရာ့စ္မြတ္စ္ ဟြိဳင္လြန္းက ခ်န္ပီယံလိဂ္မွာ ၅ ဂိုး သြင္းယူခဲ့ပါတယ္။ သူ႔မွာ ယုံၾကည္ခ်က္ရွိၿပီး ဂိုးေတြက ေရာက္လာပါလိမ့္မယ္။ ကြၽန္ေတာ္တို႔သာ ေစာေစာစီးစီး ဂိုးသြင္းယူႏိုင္ခဲ့ရင္ တည္ၿငိမ္မႈ၊ မန္ေနဂ်ာ၊ နည္းျပေတြ၊ အသင္းအတြက္ ပိုေကာင္းပါလိမ့္မယ္။ ဒါေပမယ့္ ခင္ဗ်ား မသြင္းႏိုင္ဘူးဆိုရင္လည္း ဆက္ၿပီး လုပ္ဖို႔ လိုပါတယ္။ ဆက္ၿပီး စုဖြဲ႕ထားၿပီး ဘာအခြင့္အေရးမွ မေပးခဲ့တဲ့အတြက္ အသင္းကို ကြၽန္ေတာ္ ခ်ီးက်ဴးရမွာပါ။ ေကာင္းမြန္တဲ့ေန႔တစ္ေန႔ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ပြဲလိုအပ္ခဲ့ၿပီး အႏိုင္ရခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေစာေစာစီးစီး ဂိုးသြင္းယူၿပီး ဒုတိယဂိုးရၿပီး ပိုၿပီး သက္ေတာင့္သက္သာျဖစ္ခဲ့သင့္ပါတယ္။ ကြၽန္ေတာ္တို႔ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ တစ္ဂိုးကလြဲၿပီး မသြင္းႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္ အဲဒါကို ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္ ကလင္းရွစ္တ္ရခဲ့တာကို ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္တို႔ ပထမပိုင္းမၿပီးခင္မွာ အခြင့္အေရးေတြ အမ်ားႀကီးရခဲ့ၿပီး ခင္ဗ်ား အဲဒီထဲက တစ္ႀကိမ္ေတာ့ ဂိုးေပါက္ထဲ သြင္းႏိုင္ခဲ့သင့္ပါတယ္။ ပထမပိုင္းအၿပီးမွာ ဒုတိယဂိုးရခဲ့ရင္ ပြဲက ၿပီးသြားမွာပါ။ အခုေတာ့ သူတို႔ကို ခင္ဗ်ား အသက္ရွင္ခြင့္ေပးထားၿပီး မွားယြင္းတဲ့ေနရာကို ေဘာလုံးက်သြားတာနဲ႔ သူတို႔ေတြ ေခ်ပဂိုး သြင္းသြားႏိုင္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.