Premier League

ဝုလ်ဗ်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့မှုကို တုံ့ပြန်လိုက်တဲ့ ပိုစတီကိုဂလူ

အန်ဂီ ပိုစတီကိုဂလူဟာ မိုလီနာကွင်းမှာ ဝုလ်ဗ်စ်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း အသင်းရဲ့ အားထုတ်မှုနဲ့ ပေးဆပ်မှုအတွက် ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။

မြောက်လန်ဒန်သားတွေဟာ စနေနေ့ နေ့လယ်မှာ တနင်္လာနေ့ညက ချဲလ်ဆီးကို အိမ်ကွင်းမှာ ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မိုလီနာကွင်းကို သွားရောက်ပြီး ဝုလ်ဗ်စ်နဲ့ ရင်ဆိုင်ခဲ့ရာမှာ အဓိကကစားသမားအများအပြားဟာ ပွဲပယ်နဲ့ ဒဏ်ရာရနေတာကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရန်နန် ဂျွန်ဆင်က ပထမပိုင်း ၃ မိနစ်မှာပဲ ဧည့်သည်တွေအတွက် အနီးကပ် ပိတ်သွင်းယူပြီး ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့ပေမယ့်လည်း ဝုလ်ဗ်စ်က ကောင်းကောင်း ပြန်လည်တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်တွေဟာ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေတာကြောင့် ဂိုးမရရှိခဲ့တာဖြစ်ပြီး နာကျင်အချိန်ပိုမှသာ ချေပဂိုးနဲ့ နောက်ကျ အနိုင်ဂိုးတွေ ရရှိခဲ့တာဖြစ်ပါတယ်။

လက်ပစ်ဘောအမြန်ပေးရာကနေ လူစားဝင်ကစားသမား ပါဘလို ဆာရာဘီရာက ဘောလုံးကို တစ်ချက်ထိန်းပြီး ဂိုးအောက်ထောင့်ထဲကို တစ်ရာသီတာအကောင်းဆုံးသွင်းဂိုး ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နိုင်မယ့် သွင်းဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ရုတ်တရက်ပဲ နှစ်သင်းစလုံးဟာ ပွဲကစားချိန် နောက်ဆုံးမိနစ်တွေမှာ အနိုင်ဂိုးအတွက် တိုက်ပွဲဝင်ဖို့ ဖြစ်လာခဲ့ပြီး ဝုလ်ဗ်စ်က ဆာရာဘီရာရဲ့ ပြစ်ဒဏ်ဘော အမြန်ပေးပို့မှုကနေတဆင့် အလွန်ကောင်းမွန်တဲ့ ကစားပုံနဲ့ စပါးစ်နောက်ခံတန်းရဲ့ နောက်မှာ ရှိတဲ့ လီမီနာဆီ ပေးပို့ခဲ့ပြီးနောက် ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီးမှာ လက်သီးပုန်းထိုးခံခဲ့ရပေမယ့်လည်း ပိုစတီကိုဂလူက တိုးတက်အောင် လုပ်ရမယ့်နေရာတွေ အများကြီး ရှိနေတာတောင်မှပဲ အသင်းရဲ့ စိတ်ဓာတ်ပိုင်းကြောင့် ပျော်ရွှင်နေတာဖြစ်ပါတယ်။

“စိတ်ပျက်ခဲ့တာ သိသာပါတယ်။ အထူးသဖြင့် အရမ်းနောက်ကျတဲ့အချိန်မှ ဖြစ်ခဲ့တာတွေကြောင့်ပါ။ ဒါပေမယ့် အဲဒါက ဘောလုံးရဲ့ နာကျင်မှုတွေထဲက အစိတ်အပိုင်းတစ်ခုပါ။ အရာအားလုံးက ဒီလိုအခြေအနေတွေမှာ ဖြစ်တတ်ပြီး ခင်ဗျား အဲဒါကို လက်ခံရမှာပဲ။ ကစားသမားတွေရဲ့ အားထုတ်မှုနဲ့ ပေးဆပ်မှုကို အပြစ်ပြောလို့မရပါဘူး။ ဝုလ်ဗ်စ်အိမ်ကွင်းမှာ အမြဲတမ်း ခက်ခဲတဲ့ပွဲစဉ်ဖြစ်မှာပါပဲ။ ကျွန်တော်တို့ မထိန်းထားနိုင်ခဲ့ပါဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္ဂီ ပိုစတီကိုဂလူဟာ မိုလီနာကြင္းမွာ ဝုလ္ဗ္စ္ကို ရႈံးနိမ့္ခဲ့ေပမယ့္လည္း အသင္းရဲ႕ အားထုတ္မႈနဲ႔ ေပးဆပ္မႈအတြက္ ဂုဏ္ယူမိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေျမာက္လန္ဒန္သားေတြဟာ စေနေန႔ ေန႔လယ္မွာ တနလၤာေန႔ညက ခ်ဲလ္ဆီးကို အိမ္ကြင္းမွာ ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ မိုလီနာကြင္းကို သြားေရာက္ၿပီး ဝုလ္ဗ္စ္နဲ႔ ရင္ဆိုင္ခဲ့ရာမွာ အဓိကကစားသမားအမ်ားအျပားဟာ ပြဲပယ္နဲ႔ ဒဏ္ရာရေနတာေၾကာင့္ ပါဝင္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘရန္နန္ ဂြၽန္ဆင္က ပထမပိုင္း ၃ မိနစ္မွာပဲ ဧည့္သည္ေတြအတြက္ အနီးကပ္ ပိတ္သြင္းယူၿပီး ဦးေဆာင္ဂိုး သြင္းယူေပးသြားခဲ့ေပမယ့္လည္း ဝုလ္ဗ္စ္က ေကာင္းေကာင္း ျပန္လည္တုံ႔ျပန္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္ေတြဟာ ပိုမိုေကာင္းမြန္တဲ့ အခြင့္အေရးေတြ ပိုင္ဆိုင္ခဲ့ေပမယ့္လည္း အဆုံးသတ္ပိုင္းမွာ လိုအပ္ခ်က္ေတြရွိေနတာေၾကာင့္ ဂိုးမရရွိခဲ့တာျဖစ္ၿပီး နာက်င္အခ်ိန္ပိုမွသာ ေခ်ပဂိုးနဲ႔ ေနာက္က် အႏိုင္ဂိုးေတြ ရရွိခဲ့တာျဖစ္ပါတယ္။

လက္ပစ္ေဘာအျမန္ေပးရာကေန လူစားဝင္ကစားသမား ပါဘလို ဆာရာဘီရာက ေဘာလုံးကို တစ္ခ်က္ထိန္းၿပီး ဂိုးေအာက္ေထာင့္ထဲကို တစ္ရာသီတာအေကာင္းဆုံးသြင္းဂိုး ဆန္ခါတင္စာရင္းထဲမွာ ပါဝင္ႏိုင္မယ့္ သြင္းဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

႐ုတ္တရက္ပဲ ႏွစ္သင္းစလုံးဟာ ပြဲကစားခ်ိန္ ေနာက္ဆုံးမိနစ္ေတြမွာ အႏိုင္ဂိုးအတြက္ တိုက္ပြဲဝင္ဖို႔ ျဖစ္လာခဲ့ၿပီး ဝုလ္ဗ္စ္က ဆာရာဘီရာရဲ႕ ျပစ္ဒဏ္ေဘာ အျမန္ေပးပို႔မႈကေနတဆင့္ အလြန္ေကာင္းမြန္တဲ့ ကစားပုံနဲ႔ စပါးစ္ေနာက္ခံတန္းရဲ႕ ေနာက္မွာ ရွိတဲ့ လီမီနာဆီ ေပးပို႔ခဲ့ၿပီးေနာက္ ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ပြဲၿပီးဆုံးခါနီးမွာ လက္သီးပုန္းထိုးခံခဲ့ရေပမယ့္လည္း ပိုစတီကိုဂလူက တိုးတက္ေအာင္ လုပ္ရမယ့္ေနရာေတြ အမ်ားႀကီး ရွိေနတာေတာင္မွပဲ အသင္းရဲ႕ စိတ္ဓာတ္ပိုင္းေၾကာင့္ ေပ်ာ္႐ႊင္ေနတာျဖစ္ပါတယ္။

“စိတ္ပ်က္ခဲ့တာ သိသာပါတယ္။ အထူးသျဖင့္ အရမ္းေနာက္က်တဲ့အခ်ိန္မွ ျဖစ္ခဲ့တာေတြေၾကာင့္ပါ။ ဒါေပမယ့္ အဲဒါက ေဘာလုံးရဲ႕ နာက်င္မႈေတြထဲက အစိတ္အပိုင္းတစ္ခုပါ။ အရာအားလုံးက ဒီလိုအေျခအေနေတြမွာ ျဖစ္တတ္ၿပီး ခင္ဗ်ား အဲဒါကို လက္ခံရမွာပဲ။ ကစားသမားေတြရဲ႕ အားထုတ္မႈနဲ႔ ေပးဆပ္မႈကို အျပစ္ေျပာလို႔မရပါဘူး။ ဝုလ္ဗ္စ္အိမ္ကြင္းမွာ အၿမဲတမ္း ခက္ခဲတဲ့ပြဲစဥ္ျဖစ္မွာပါပဲ။ ကြၽန္ေတာ္တို႔ မထိန္းထားႏိုင္ခဲ့ပါဘူး။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.