Premier League

လူတန်ကို သရဲနီတို့ အနိုင်ယူနိုင်ပါ့မလားဆိုတာကို ဟောကိန်းထုတ်လိုက်တဲ့ ဘာဘာတော့ဗ်

ဒီမီတာ ဘာဘာတော့ဗ်က ယနေ့ည လူတန်တောင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က နိုင်ပွဲနဲ့အတူ အဲရစ် တန်ဟက်အပေါ်က ဖိအားတွေကို လျော့ပါးစေနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်က ရာသီကို ဆိုးရွားစွာ စတင်ခဲ့ရပြီးနောက် ပြင်းထန်တဲ့ ပြစ်တင်ဝေဖန်မှုတွေကို ခံခဲ့ရသူဖြစ်ပြီး သရဲနီတွေဟာ ပြိုင်ပွဲစုံမှာ ၉ ပွဲအထိ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေရပြီး ဗုဒ္ဓဟူးနေ့မှာ ကိုပင်ဟေဂင်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ကိုပင်ဟေဂင်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ရဲ့ အငြင်းပွားဖွယ် အနီကတ်ကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပေမယ့်လည်း တန်ဟက်ရဲ့ အနာဂတ်ဟာ အန္တရာယ်ရှိတဲ့အနေအထားမှာ ရှိနေပြီလို့ ပြောဆိုမှုတွေက ရှိနေဆဲဖြစ်ပြီး ဘာဘာတော့ဗ်က အသင်းဟောင်းကို တန်းဆင်းဇုန်ထဲမှာ တိုက်ပွဲဝင်နေရတဲ့ လူတန်နဲ့ပွဲမှာ သတိထားဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက်က ဂရုစိုက်ရမှာပါ။ ဘာလို့လဲဆိုတော့ အမှတ်ပေးဇယားအောက်ခြေနားက ဒီလိုအသင်းတွေက ဘာမှ ဆုံးရှုံးဖို့ မရှိတော့တာကြောင့်ပါ။ သူတို့တွေက ခံစစ်ပိုင်းမှာ စည်းကမ်းတကျ ရှိနေမှာဖြစ်ပြီး ပြီးရင်တော့ ခင်ဗျားကို လီဗာပူးလ်နဲ့ပွဲတုန်းကလုပ်ခဲ့တဲ့အတိုင်း တိုက်စစ်ဆင်ပါလိမ့်မယ်။ သူတို့တွေက လူတွေကို အံ့အားသင့်အောင် လုပ်နိုင်တယ်”

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်းက တန်ဟက်ရဲ့အသင်းကို နိုင်ပွဲရယူဖို့အတွက် နောက်ဆုံးအခိုက်အတန့်အထိ စောင့်ဆိုင်းမနေဖို့ တောင်းဆိုခဲ့ပြီး ဘူဂေးရီးယားတိုက်စစ်မှူးက ယူနိုက်တက်အတွက် မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲစဉ်လို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

“မန်ယူနိုက်တက်က အဲဒါကို ရိုးရိုးရှင်းရှင်းပဲ လုပ်ရမှာပါ။ တိုက်စစ်မှာ သေစေလောက်တဲ့အထိ ကစားပြီး မိနစ် ၉၀ မတိုင်ခင်အထိ လွှတ်ထားလို့မရပါဘူး။ အနီကတ်လည်း ထိလို့မရဘူး။ ဒီပွဲက မန်ယူနိုက်တက်အတွက် မဖြစ်မနေအနိုင်ယူရမယ့်ပွဲပါ။ အဲဒီတော့ ကျွန်တော်ကတော့ သူတို့ အနိုင်ရမယ့်ဘက်က ရှိပါတယ်။ ခန့်မှန်းရလဒ်ကတော့ ၂-၀ ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီမီတာ ဘာဘာေတာ့ဗ္က ယေန႔ည လူတန္ေတာင္းနဲ႔ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္က ႏိုင္ပြဲနဲ႔အတူ အဲရစ္ တန္ဟက္အေပၚက ဖိအားေတြကို ေလ်ာ့ပါးေစႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

တန္ဟက္ဟာ မန္ခ်က္စတာယူႏိုက္တက္က ရာသီကို ဆိုး႐ြားစြာ စတင္ခဲ့ရၿပီးေနာက္ ျပင္းထန္တဲ့ ျပစ္တင္ေဝဖန္မႈေတြကို ခံခဲ့ရသူျဖစ္ၿပီး သရဲနီေတြဟာ ၿပိဳင္ပြဲစုံမွာ ၉ ပြဲအထိ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၈ ေနရာမွာ ရပ္တည္ေနရၿပီး ဗုဒၶဟူးေန႔မွာ ကိုပင္ေဟဂင္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း ၄-၃ နဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ကိုပင္ေဟဂင္နဲ႔ပြဲမွာ ရက္ရွ္ဖို႔ဒ္ရဲ႕ အျငင္းပြားဖြယ္ အနီကတ္ေၾကာင့္ ရႈံးနိမ့္ခဲ့တာျဖစ္ေပမယ့္လည္း တန္ဟက္ရဲ႕ အနာဂတ္ဟာ အႏၲရာယ္ရွိတဲ့အေနအထားမွာ ရွိေနၿပီလို႔ ေျပာဆိုမႈေတြက ရွိေနဆဲျဖစ္ၿပီး ဘာဘာေတာ့ဗ္က အသင္းေဟာင္းကို တန္းဆင္းဇုန္ထဲမွာ တိုက္ပြဲဝင္ေနရတဲ့ လူတန္နဲ႔ပြဲမွာ သတိထားဖို႔ သတိေပးခဲ့တာျဖစ္ပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္က ဂ႐ုစိုက္ရမွာပါ။ ဘာလို႔လဲဆိုေတာ့ အမွတ္ေပးဇယားေအာက္ေျခနားက ဒီလိုအသင္းေတြက ဘာမွ ဆုံးရႈံးဖို႔ မရွိေတာ့တာေၾကာင့္ပါ။ သူတို႔ေတြက ခံစစ္ပိုင္းမွာ စည္းကမ္းတက် ရွိေနမွာျဖစ္ၿပီး ၿပီးရင္ေတာ့ ခင္ဗ်ားကို လီဗာပူးလ္နဲ႔ပြဲတုန္းကလုပ္ခဲ့တဲ့အတိုင္း တိုက္စစ္ဆင္ပါလိမ့္မယ္။ သူတို႔ေတြက လူေတြကို အံ့အားသင့္ေအာင္ လုပ္ႏိုင္တယ္”

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးေဟာင္းက တန္ဟက္ရဲ႕အသင္းကို ႏိုင္ပြဲရယူဖို႔အတြက္ ေနာက္ဆုံးအခိုက္အတန႔္အထိ ေစာင့္ဆိုင္းမေနဖို႔ ေတာင္းဆိုခဲ့ၿပီး ဘူေဂးရီးယားတိုက္စစ္မႉးက ယူႏိုက္တက္အတြက္ မျဖစ္မေန အႏိုင္ကစားရမယ့္ပြဲစဥ္လို႔လည္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“မန္ယူႏိုက္တက္က အဲဒါကို ႐ိုး႐ိုးရွင္းရွင္းပဲ လုပ္ရမွာပါ။ တိုက္စစ္မွာ ေသေစေလာက္တဲ့အထိ ကစားၿပီး မိနစ္ ၉၀ မတိုင္ခင္အထိ လႊတ္ထားလို႔မရပါဘူး။ အနီကတ္လည္း ထိလို႔မရဘူး။ ဒီပြဲက မန္ယူႏိုက္တက္အတြက္ မျဖစ္မေနအႏိုင္ယူရမယ့္ပြဲပါ။ အဲဒီေတာ့ ကြၽန္ေတာ္ကေတာ့ သူတို႔ အႏိုင္ရမယ့္ဘက္က ရွိပါတယ္။ ခန႔္မွန္းရလဒ္ကေတာ့ ၂-၀ ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.