Match Report Premier League

ဘန်လေကို အိမ်ကွင်းမှာ ခေတ်ဟောင်းစတိုင်နဲ့ အနိုင်ယူတဲ့ အာဆင်နယ်

အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ တိုမီယာစု၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဒက်ကလန် ရိုက်စ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘန်လေတို့ကတော့ ဂိုးသမား ထရက်ဖို့ဒ်၊ ခံစစ်မှာ အိုရှေး၊ ဘိုင်ယာ၊ ဗီတင်ညိုနဲ့ တေလာတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဘရောင်းဟေးလ်၊ ဘာဂါ၊ ဂွတ်ဒ်မွန်ဆန်နဲ့ ကိုလီယိုရှိုးတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အမ်ဒူနီနဲ့ ရိုဒရီရက်ဇ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

အာဆင်နယ်တို့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် ခေတ်ဟောင်းစတိုင်ကြီးနဲ့ဖြစ်နေသလို Through Ball တွေ Penetration Pass တွေကို မမြင်ရဘဲ တောင်ပံတွေကနေပဲ ဖြတ်တင်ဖို့ ကြိုးစားနေခဲ့တာက ဒီနေ့ လူစာရင်းမှာ ပါဝင်လာသူတွေရဲ့ အရည်အချင်းကို မေးခွန်းထုတ်စရာဖြစ်ခဲ့ရသလို ထုံးစံအတိုင်း ချဲလ်ဆီးဂျင်းနှစ်ကောင်ရဲ့ လူရာမဝင်မှုကလည်း ပြဿနာကြီးပဲဖြစ်ခဲ့ပါတယ်။

ဘန်လေကို ခပ်ကြမ်းကြမ်း ကစားနေပေမယ့် ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက အာဆင်နယ်ကစားသမားတွေကို အကာအကွယ်ပေးဖို့ တမင်ပဲ ပျက်ကွက်နေခဲ့သလို ဧည့်သည်တွေ ပိတ်ကစားတဲ့ ခံစစ်ကြားကနေ လုပ်ရဲကိုင်ရဲ မရှိတဲ့ ဟာဗတ်ဇ်နဲ့ ကပ္ပတိန်လက်ပတ်ကြီးသာ ပတ်ထားပြီး လူမလေး ခွေးမခန့် (ဒိုင်လူကြီးနဲ့ တစ်ဖက်ကစားသမားတွေ မခန့်တဲ့) ဂျော်ဂျင်ညိုကလည်း အသင်းကို အကျိုးမပြုနိုင်တာကြောင့် ဂိုးမှ ရပါတော့မလား ထင်ခဲ့ရတာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံတိုက်စစ်ကနေ မာတီနယ်လီ ဆွဲယူလာပြီး ဧရိယာထဲကို ဖြတ်တင်ပေးရာမှာ ဟာဗတ်ဇ် အသုံးမကျလို့ အမြင့်ဘောတွေပါ လိုက်လုနေရတဲ့ ဆာကာရဲ့ ခေါင်းတိုက်ချပေးမှုကနေ ထရော့ဆတ်က ပြေးဝင်ပိတ်သွင်းခဲ့ရာမှာ ဘန်လေခံစစ်နဲ့ ဂိုးသမားတို့ အငိုက်မိသွားခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းကို အာဆင်နယ်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဘန်လေတို့ တင်ကစားလာခဲ့တာကို တွေ့ခဲ့ရသလို နည်းပြ အာတီတာအနေနဲ့တော့ အသင်းကို အပြောင်းအလဲလုပ်စရာ လူသိပ်မပါတာကြောင့် ပုံမှန်အတိုင်းပဲ ဆက်ကစားနေခဲ့ပြီး ပွဲပန်းနေတဲ့ ဆာကာကလည်း မလန်းဆန်းတော့တာကြောင့် တိုက်စစ်ကို ကူညီနိုင်မှု နည်းလာခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ ဘန်လေတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ကိုလီယိုရှိုး တိုးဝင်ခဲ့ရာမှာ အပြတ်မရှင်းဘဲ ဘော်ဒီကာနေတဲ့ တိုမီယာစုကြောင့် နောက်ကနေ ဖိတွန်းပြီး ရယူသွားနိုင်ခဲ့သလို ဂိုးရှေ့ကို ချိုးပေးရာမှာ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဘရောင်းဟေးလ်က ကန်သွင်းခဲ့ရာမှာ ရိုဒရီရက်ဇ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ အာဆင်နယ်ခံစစ်က ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ မာတီနယ်လီကြောင့် ရခဲ့တဲ့ ဘယ်ထောင့်ကန်ဘောကို ထရော့ဆတ်က ကန်တင်ပေးရာမှာ ချိန်သားကိုက် ပြေးဝင်နေရာယူနိုင်ခဲ့တဲ့ ဆာလီဘာက ဘန်လေဂိုးသမား ထရက်ဖို့ဒ်ရှေ့ကနေ အပိုင်ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ ပရီးမီးယားလိဂ်မှာ ကြောင်ပျောက်နေပေမယ့် နေရာလွတ်တွေ ရှာပေးနိုင်တဲ့ ဟာဗတ်ဇ်အစား ဖာဘီယို ဗီယာရာကို ထည့်သွင်းခဲ့ရာမှာတော့ တိုက်စစ်က ဂျပုနှစ်ကောင်ဖြစ်သွားတာကြောင့် လောက်လောက်လားလား မလုပ်နိုင်တော့ဘဲဖြစ်ခဲ့ရသလို ထရော့ဆတ်နဲ့ ရိုက်စ်တို့ကတော့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို ဖြုန်းတီးသွားခဲ့ကြသေးတာဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေပဲ အလုပ်ဖြစ်နေခဲ့မှုကနေ ထရော့ဆတ် ကန်တင်ပေးတာကို ဘန်လေခံစစ်က ရှင်းထုတ်ရာမှာ ဘားထိပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဧရိယာထဲ ပြေးဝင်လာတဲ့ ဇင်ချန်ကိုက ခုန်ပြီး မြောက်နေတဲ့ အနေအထားကနေ ကန်သွင်းယူခဲ့တာကြောင့် လှလှပပပဲ ဂိုးဖြစ်သွားခဲ့တာပါ။

အာဆင်နယ်တို့ဘက်က ဆာကာနဲ့ ထရော့ဆတ်တို့အစား နကီးတီးယားနဲ့ နယ်လ်ဆန်တို့ကို ထည့်သွင်းလာခဲ့သလို ဘန်လေတို့ဘက်ကတော့ အမ်ဒူနီနဲ့ ကိုလီယိုရှိုးတို့အစား ရမ်ဆေးနဲ့ လာဆန်တို့ကို ပြောင်းလဲသွားခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာတော့ အထူအပါး နားမလည်တဲ့ ဖာဘီယို ဗီယာရာရဲ့ ခြေထောက်မြှောက်ဝင်မှုက ဘရောင်းဟေးလ်ရဲ့ ဒူးကို ကန်မိတာကြောင့် တိုက်ရိုက်အနီနဲ့ အထုတ်ပယ်ခံခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဆယ်ယောက်ကျန် အာဆင်နယ်တို့ မာတီနယ်လီအစား ကီဗီယာကို ထည့်သွင်းပြီး ပိတ်ကစားသွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ ဘန်လေတို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကြပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကို ရေနစ်တဲ့ စပါးစ်တို့ကို ကျော်တက်ပြီး ရောက်ရှိလာနိုင်ခဲ့ကြကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ တိုမီယာစု၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ဒက္ကလန္ ႐ိုက္စ္နဲ႔ ဟာဗတ္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ ထေရာ့ဆတ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဘန္ေလတို႔ကေတာ့ ဂိုးသမား ထရက္ဖို႔ဒ္၊ ခံစစ္မွာ အိုေရွး၊ ဘိုင္ယာ၊ ဗီတင္ညိဳနဲ႔ ေတလာတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဘေရာင္းေဟးလ္၊ ဘာဂါ၊ ဂြတ္ဒ္မြန္ဆန္နဲ႔ ကိုလီယိုရႈိးတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အမ္ဒူနီနဲ႔ ႐ိုဒရီရက္ဇ္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

အာဆင္နယ္တို႔ ေဘာလုံးကိုင္ကစားခဲ့ေပမယ့္ ေခတ္ေဟာင္းစတိုင္ႀကီးနဲ႔ျဖစ္ေနသလို Through Ball ေတြ Penetration Pass ေတြကို မျမင္ရဘဲ ေတာင္ပံေတြကေနပဲ ျဖတ္တင္ဖို႔ ႀကိဳးစားေနခဲ့တာက ဒီေန႔ လူစာရင္းမွာ ပါဝင္လာသူေတြရဲ႕ အရည္အခ်င္းကို ေမးခြန္းထုတ္စရာျဖစ္ခဲ့ရသလို ထုံးစံအတိုင္း ခ်ဲလ္ဆီးဂ်င္းႏွစ္ေကာင္ရဲ႕ လူရာမဝင္မႈကလည္း ျပႆနာႀကီးပဲျဖစ္ခဲ့ပါတယ္။

ဘန္ေလကို ခပ္ၾကမ္းၾကမ္း ကစားေနေပမယ့္ ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာက အာဆင္နယ္ကစားသမားေတြကို အကာအကြယ္ေပးဖို႔ တမင္ပဲ ပ်က္ကြက္ေနခဲ့သလို ဧည့္သည္ေတြ ပိတ္ကစားတဲ့ ခံစစ္ၾကားကေန လုပ္ရဲကိုင္ရဲ မရွိတဲ့ ဟာဗတ္ဇ္နဲ႔ ကပၸတိန္လက္ပတ္ႀကီးသာ ပတ္ထားၿပီး လူမေလး ေခြးမခန႔္ (ဒိုင္လူႀကီးနဲ႔ တစ္ဖက္ကစားသမားေတြ မခန႔္တဲ့) ေဂ်ာ္ဂ်င္ညိဳကလည္း အသင္းကို အက်ိဳးမျပဳႏိုင္တာေၾကာင့္ ဂိုးမွ ရပါေတာ့မလား ထင္ခဲ့ရတာပါ။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံတိုက္စစ္ကေန မာတီနယ္လီ ဆြဲယူလာၿပီး ဧရိယာထဲကို ျဖတ္တင္ေပးရာမွာ ဟာဗတ္ဇ္ အသုံးမက်လို႔ အျမင့္ေဘာေတြပါ လိုက္လုေနရတဲ့ ဆာကာရဲ႕ ေခါင္းတိုက္ခ်ေပးမႈကေန ထေရာ့ဆတ္က ေျပးဝင္ပိတ္သြင္းခဲ့ရာမွာ ဘန္ေလခံစစ္နဲ႔ ဂိုးသမားတို႔ အငိုက္မိသြားခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းကို အာဆင္နယ္တို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ဘန္ေလတို႔ တင္ကစားလာခဲ့တာကို ေတြ႕ခဲ့ရသလို နည္းျပ အာတီတာအေနနဲ႔ေတာ့ အသင္းကို အေျပာင္းအလဲလုပ္စရာ လူသိပ္မပါတာေၾကာင့္ ပုံမွန္အတိုင္းပဲ ဆက္ကစားေနခဲ့ၿပီး ပြဲပန္းေနတဲ့ ဆာကာကလည္း မလန္းဆန္းေတာ့တာေၾကာင့္ တိုက္စစ္ကို ကူညီႏိုင္မႈ နည္းလာခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဘန္ေလတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ကိုလီယိုရႈိး တိုးဝင္ခဲ့ရာမွာ အျပတ္မရွင္းဘဲ ေဘာ္ဒီကာေနတဲ့ တိုမီယာစုေၾကာင့္ ေနာက္ကေန ဖိတြန္းၿပီး ရယူသြားႏိုင္ခဲ့သလို ဂိုးေရွ႕ကို ခ်ိဳးေပးရာမွာ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဘေရာင္းေဟးလ္က ကန္သြင္းခဲ့ရာမွာ ႐ိုဒရီရက္ဇ္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ အာဆင္နယ္ခံစစ္က ဘာမွ မတတ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ မာတီနယ္လီေၾကာင့္ ရခဲ့တဲ့ ဘယ္ေထာင့္ကန္ေဘာကို ထေရာ့ဆတ္က ကန္တင္ေပးရာမွာ ခ်ိန္သားကိုက္ ေျပးဝင္ေနရာယူႏိုင္ခဲ့တဲ့ ဆာလီဘာက ဘန္ေလဂိုးသမား ထရက္ဖို႔ဒ္ေရွ႕ကေန အပိုင္ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာပါ။

ဒီေနာက္မွာေတာ့ ပရီးမီးယားလိဂ္မွာ ေၾကာင္ေပ်ာက္ေနေပမယ့္ ေနရာလြတ္ေတြ ရွာေပးႏိုင္တဲ့ ဟာဗတ္ဇ္အစား ဖာဘီယို ဗီယာရာကို ထည့္သြင္းခဲ့ရာမွာေတာ့ တိုက္စစ္က ဂ်ပုႏွစ္ေကာင္ျဖစ္သြားတာေၾကာင့္ ေလာက္ေလာက္လားလား မလုပ္ႏိုင္ေတာ့ဘဲျဖစ္ခဲ့ရသလို ထေရာ့ဆတ္နဲ႔ ႐ိုက္စ္တို႔ကေတာ့ ဂိုးရႏိုင္တဲ့ အခြင့္အေရးေတြကို ျဖဳန္းတီးသြားခဲ့ၾကေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တတိယဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေနပဲ အလုပ္ျဖစ္ေနခဲ့မႈကေန ထေရာ့ဆတ္ ကန္တင္ေပးတာကို ဘန္ေလခံစစ္က ရွင္းထုတ္ရာမွာ ဘားထိၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ဧရိယာထဲ ေျပးဝင္လာတဲ့ ဇင္ခ်န္ကိုက ခုန္ၿပီး ေျမာက္ေနတဲ့ အေနအထားကေန ကန္သြင္းယူခဲ့တာေၾကာင့္ လွလွပပပဲ ဂိုးျဖစ္သြားခဲ့တာပါ။

အာဆင္နယ္တို႔ဘက္က ဆာကာနဲ႔ ထေရာ့ဆတ္တို႔အစား နကီးတီးယားနဲ႔ နယ္လ္ဆန္တို႔ကို ထည့္သြင္းလာခဲ့သလို ဘန္ေလတို႔ဘက္ကေတာ့ အမ္ဒူနီနဲ႔ ကိုလီယိုရႈိးတို႔အစား ရမ္ေဆးနဲ႔ လာဆန္တို႔ကို ေျပာင္းလဲသြားခဲ့ၿပီး ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ အထူအပါး နားမလည္တဲ့ ဖာဘီယို ဗီယာရာရဲ႕ ေျခေထာက္ေျမႇာက္ဝင္မႈက ဘေရာင္းေဟးလ္ရဲ႕ ဒူးကို ကန္မိတာေၾကာင့္ တိုက္႐ိုက္အနီနဲ႔ အထုတ္ပယ္ခံခဲ့ရပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဆယ္ေယာက္က်န္ အာဆင္နယ္တို႔ မာတီနယ္လီအစား ကီဗီယာကို ထည့္သြင္းၿပီး ပိတ္ကစားသြားခဲ့သလို ပြဲခ်ိန္အျပည့္မွာေတာ့ ဘန္ေလတို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၾကၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၂ ေနရာကို ေရနစ္တဲ့ စပါးစ္တို႔ကို ေက်ာ္တက္ၿပီး ေရာက္ရွိလာႏိုင္ခဲ့ၾကေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.