Premier League

လီဗာပူးလ်ကို ဘာကြောင့် မပြောင်းခဲ့တာလဲဆိုတာ ပြောပြခဲ့တဲ့ ကိုင်ဆေဒို

မွိုက်စ် ကိုင်ဆေဒိုဟာ အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် နောက်ဆုံးမိနစ်မှာ ဖုန်းခေါ်ဆိုမှုတစ်ခုက လီဗာပူးလ်ကို ငြင်းပယ်ပြီး ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်စေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ဩဂုတ်လမှာ ကိုင်ဆေဒိုအတွက် အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၁ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းပယ်ခံခဲ့ရတာဖြစ်ပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ အီကွေဒေါလက်ရွေးစင်ကြယ်ပွင့်ဟာ အန်းဖီးကို ပြောင်းရွှေ့ချင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

လီဗာပူးလ်ဟာ အဲဒီအချိန်တုန်းက ဘရိုက်တန်ကွင်းလယ်ကစားသမားဖြစ်တဲ့ ကိုင်ဆေဒိုကို ခေါ်ယူနိုင်မယ်လို့ အပိုင်တွက်ထားတာကြောင့် ဆေးစစ်မှု ခံယူဖို့အတွက် စီစဉ်ထားပြီးဖြစ်ပေမယ့်လည်း အီကွေဒေါကွင်းလယ်လူဟာ ကမ်းလှမ်းမှုအများအပြား ငြင်းပယ်ခံခဲ့ရတဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ချင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ချဲလ်ဆီးဟာ ပေါင် ၁၁၅ သန်းတန်ကြေးရှိတဲ့ ကမ်းလှမ်းမှုအသစ် ပြုလုပ်ခဲ့ပြီး ကိုင်ဆေဒိုကို အပြီးသတ်ခေါ်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ကိုင်ဆေဒိုက ဇန်နဝါရီလမှာ ချဲလ်ဆီးကို ပေါင် ၁၀၆.၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်ဆီကနေ ဖုန်းခေါ်မှုက အန်းဖီးအစား စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ ဘယ်လို အကူအညီဖြစ်စေခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အဲဒါက ကောင်းမွန်တဲ့ စကားစမြည်ပြောဆိုမှုဖြစ်ခဲ့ပါတယ်။ ကျွန်တော် ပြောချင်တာက ကမ္ဘာ့ချန်ပီယံတစ်ယောက်က၊ ကမ္ဘာပေါ်က အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးက ခင်ဗျားကို ဖုန်းဆက်တာပါ။ အဲဒီဖုန်းခေါ်ဆိုမှုကို ရရှိခဲ့တာက အရမ်းကောင်းပြီး သူက ကျွန်တော့်ကို ဒီလာချင်အောင် စည်းရုံးခဲ့တာပါ။ သူက ချဲလ်ဆီးက အရမ်းကောင်းတဲ့အသင်းတဲ့။ ဒီမှာ လူငယ်ကစားသမားတွေ အများကြီးရှိတယ်။ ဒီမှာ စည်းလုံးညီညွတ်မှုလည်း ရှိတယ်။ ကျွန်တော်က အသင်းထဲမှာ စည်းလုံးမှုရှိတာကို အမြဲတမ်း သဘောကျခဲ့တဲ့သူပါ။ ဘာလို့လဲဆိုတော့ ဒီလို စည်းလုံးညီညွတ်မှုရှိနေရင် ကျွန်တော်တို့ ရင်ဆိုင်ရနိုင်တဲ့ ဖိအားတွေနဲ့ အရာအားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်မယ်လို့ ထင်လို့ပါ။ အဲဒါကပဲ ကျွန်တော့်ကို ဒီလာချင်အောင် လှုံ့ဆော်ခဲ့တာပါ။ အခု ကျွန်တော် သူနဲ့အတူ ကစားရတာ ပျော်ရွှင်နေတယ်။ လေ့ကျင့်ရေးအတူတူလုပ်ရတာရောပဲ။ ကျွန်တော်တို့ အမြဲတမ်း အတူတကွရှိကြတယ်။ အဲဒီတော့ ကျွန်တော် အရမ်းပျော်ရွှင်မိပြီး နေ့တိုင်း အရာအားလုံးကို ပိုကောင်းလာအောင်လုပ်ဖို့ ကြိုးစားနေတယ်။ အန်ဇိုစကားအတိုင်းဆိုရင် အသင်းမှာရှိတဲ့အားလုံးအတွက် စံနမူနာကောင်းဖြစ်ဖို့ ကြိုးစားနေပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မြိဳက္စ္ ကိုင္ေဆဒိုဟာ အနာဂတ္ကို ဆုံးျဖတ္ဖို႔အတြက္ ေနာက္ဆုံးမိနစ္မွာ ဖုန္းေခၚဆိုမႈတစ္ခုက လီဗာပူးလ္ကို ျငင္းပယ္ၿပီး ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ေစခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ဟာ ဩဂုတ္လမွာ ကိုင္ေဆဒိုအတြက္ အသင္းစံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၁၁ သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း ျငင္းပယ္ခံခဲ့ရတာျဖစ္ၿပီး သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ အီေကြေဒါလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ အန္းဖီးကို ေျပာင္းေ႐ႊ႕ခ်င္ခဲ့တယ္လို႔ ယုံၾကည္ရပါတယ္။

လီဗာပူးလ္ဟာ အဲဒီအခ်ိန္တုန္းက ဘ႐ိုက္တန္ကြင္းလယ္ကစားသမားျဖစ္တဲ့ ကိုင္ေဆဒိုကို ေခၚယူႏိုင္မယ္လို႔ အပိုင္တြက္ထားတာေၾကာင့္ ေဆးစစ္မႈ ခံယူဖို႔အတြက္ စီစဥ္ထားၿပီးျဖစ္ေပမယ့္လည္း အီေကြေဒါကြင္းလယ္လူဟာ ကမ္းလွမ္းမႈအမ်ားအျပား ျငင္းပယ္ခံခဲ့ရတဲ့ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ခ်င္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ခ်ဲလ္ဆီးဟာ ေပါင္ ၁၁၅ သန္းတန္ေၾကးရွိတဲ့ ကမ္းလွမ္းမႈအသစ္ ျပဳလုပ္ခဲ့ၿပီး ကိုင္ေဆဒိုကို အၿပီးသတ္ေခၚယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ကိုင္ေဆဒိုက ဇန္နဝါရီလမွာ ခ်ဲလ္ဆီးကို ေပါင္ ၁၀၆.၇ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ အန္ဇို ဖာနန္ဒက္ဇ္ဆီကေန ဖုန္းေခၚမႈက အန္းဖီးအစား စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕ဖို႔ ဘယ္လို အကူအညီျဖစ္ေစခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“အဲဒါက ေကာင္းမြန္တဲ့ စကားစျမည္ေျပာဆိုမႈျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ေျပာခ်င္တာက ကမာၻ႔ခ်န္ပီယံတစ္ေယာက္က၊ ကမာၻေပၚက အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးက ခင္ဗ်ားကို ဖုန္းဆက္တာပါ။ အဲဒီဖုန္းေခၚဆိုမႈကို ရရွိခဲ့တာက အရမ္းေကာင္းၿပီး သူက ကြၽန္ေတာ့္ကို ဒီလာခ်င္ေအာင္ စည္း႐ုံးခဲ့တာပါ။ သူက ခ်ဲလ္ဆီးက အရမ္းေကာင္းတဲ့အသင္းတဲ့။ ဒီမွာ လူငယ္ကစားသမားေတြ အမ်ားႀကီးရွိတယ္။ ဒီမွာ စည္းလုံးညီၫြတ္မႈလည္း ရွိတယ္။ ကြၽန္ေတာ္က အသင္းထဲမွာ စည္းလုံးမႈရွိတာကို အၿမဲတမ္း သေဘာက်ခဲ့တဲ့သူပါ။ ဘာလို႔လဲဆိုေတာ့ ဒီလို စည္းလုံးညီၫြတ္မႈရွိေနရင္ ကြၽန္ေတာ္တို႔ ရင္ဆိုင္ရႏိုင္တဲ့ ဖိအားေတြနဲ႔ အရာအားလုံးကို ရင္ဆိုင္ေျဖရွင္းႏိုင္မယ္လို႔ ထင္လို႔ပါ။ အဲဒါကပဲ ကြၽန္ေတာ့္ကို ဒီလာခ်င္ေအာင္ လႈံ႕ေဆာ္ခဲ့တာပါ။ အခု ကြၽန္ေတာ္ သူနဲ႔အတူ ကစားရတာ ေပ်ာ္႐ႊင္ေနတယ္။ ေလ့က်င့္ေရးအတူတူလုပ္ရတာေရာပဲ။ ကြၽန္ေတာ္တို႔ အၿမဲတမ္း အတူတကြရွိၾကတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ အရမ္းေပ်ာ္႐ႊင္မိၿပီး ေန႔တိုင္း အရာအားလုံးကို ပိုေကာင္းလာေအာင္လုပ္ဖို႔ ႀကိဳးစားေနတယ္။ အန္ဇိုစကားအတိုင္းဆိုရင္ အသင္းမွာရွိတဲ့အားလုံးအတြက္ စံနမူနာေကာင္းျဖစ္ဖို႔ ႀကိဳးစားေနပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.