Premier League UCL&UEL

ရက်ရှ်ဖို့ဒ်ကျတော့ အနီထိပြီး အန်ဒိုကျတော့ အနီမထိလို့ ပေါက်ကွဲခဲ့တဲ့ သရဲနီပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ လီဗာပူးလ်ကွင်းလယ်လူ ဝါးတားရု အန်ဒိုဟာ ဗုဒ္ဓဟူးနေ့ညနေက ချန်ပီယံလိဂ်ပွဲစဉ်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ် ထုတ်ပယ်ခံခဲ့ရတဲ့ အလားတူ ဖြစ်စဉ်အတွက် အနီကတ်ပြမခံခဲ့ရတဲ့အတွက် ဒေါသထွက်ခဲ့ကြပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ကိုပင်ဟေဂင်ကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဘောလုံးကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေချိန်အတွင်း အီးလီးယက်စ် ဂျီလတ်ရဲ့ ခြေထောက်ပေါ် တက်နင်းမိခဲ့ပြီးနောက် ပထမပိုင်းမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒိုင်လူကြီး ဒိုနာတက်စ် ရူးမက်စ်က ပွဲကို ဆက်ကစားခွင့်ပေးခဲ့ပေမယ့်လည်း VAR က ပြင်းထန်တဲ့ ပြစ်ဒဏ်ကျူးလွန်မှုအတွက် ပြန်လည်စစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့ပြီး ရက်ရှ်ဖို့ဒ်ဟာ ရူးမက်စ် ကွင်းဘေးမော်နီတာမှာ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် အနီကတ်ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အဲရစ် တန်ဟက်က ရက်ရှ်ဖို့ဒ်ဟာ ၎င်းရဲ့ ခြေထောက်ထဲက ဘောလုံးကို ကာကွယ်ဖို့ တားဆီးခဲ့ပေမယ့်လည်း ဂျီလတ်ရဲ့ခြေထောက်ကို မတော်တဆ နင်းမိခဲ့တာသာဖြစ်ပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က ပြင်းထန်လွန်းတယ်လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ကြာသပတေးနေ့ညမှာ တူးလူးစ်အိမ်ကွင်းမှာ လီဗာပူးလ်တို့ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အန်ဒိုက အလားတူဖြစ်စဉ်ကနေ အနီကတ်ပြသခံရမယ့်အရေးကနေ လွတ်မြောက်သွားခဲ့ပြီးနောက် ပိုလို့တောင် ဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အန်ဒိုဟာ ဘောလုံးကို ကြားဖြတ်ရယူဖို့ ကြိုးပမ်းရာမှာ ရက်ရှ်ဖို့ဒ်အတိုင်းပဲ ခြေထောက်ကို ဆန့်ထုတ်ခဲ့ပေမယ့်လည်း ဘောလုံးအစား တူးလူးစ် တိုက်စစ်မှူး ဒါလင်ဂါရဲ့ ခြေထောက်ကိုသာ တက်နင်းမိခဲ့တာဖြစ်ပါတယ်။

အန်ဒိုဟာ ၎င်းရဲ့ အဆင်အခြင်မဲ့ ဖျက်ထုတ်မှုကြောင့် အဝါကတ်ပြား ပြသခြင်းခံခဲ့ရပေမယ့်လည်း VAR က အဲဒီဖြစ်စဥ်ကို ပြန်လည်သုံးသပ်ခြင်းမရှိခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်ပရိသတ်တစ်ဦးက X မှာ “ကျွန်တော် ဒါကို နားမလည်နိုင်ပါဘူး။ ဒီလို ဆုံးဖြတ်ချက်တွေကြောင့် ခေါင်းငိုက်စိုက်ဖြစ်ခဲ့ရတယ်။ ကျွန်တော် အခုအချိန်မှာ ဘောလုံးနဲ့ပတ်သက်ပြီး အရမ်း စိတ်ရှုပ်ထွေးမိနေပြီ”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကွာခြားချက်က မားကပ်စ်က ရည်ရွယ်ချက်မရှိသလို ဒေါသထွက်နေတာလည်း မရှိဘူး။ သူ ကစားသမားကို တက်နင်းမိခဲ့တယ်ဆိုတာတောင် မသိဘဲ ဘောလုံးကို ကာကွယ်ဖို့ပဲ ကြိုးစားခဲ့တာပါ။ ဒီ ပြစ်ဒဏ်ကျူးလွန်မှု ၂ ကြိမ်ထဲက တစ်ခုက အနီကတ်ဖြစ်ရမယ်ဆိုရင် အဲဒါက ဒီညက ပြစ်ဒဏ်ကျူးလွန်မှုပဲ။ ကျွန်တော်တို့က အခုအချိန်မှာ အသင်းတွေနဲ့ရော စနစ်တွေနဲ့ပါ ယှဉ်ပြိုင်ကစားနေရတယ်။”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ လီဗာပူးလ္ကြင္းလယ္လူ ဝါးတား႐ု အန္ဒိုဟာ ဗုဒၶဟူးေန႔ညေနက ခ်န္ပီယံလိဂ္ပြဲစဥ္မွာ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ ထုတ္ပယ္ခံခဲ့ရတဲ့ အလားတူ ျဖစ္စဥ္အတြက္ အနီကတ္ျပမခံခဲ့ရတဲ့အတြက္ ေဒါသထြက္ခဲ့ၾကပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ကိုပင္ေဟဂင္ကို ၄-၃ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ေဘာလုံးကို ထိန္းသိမ္းဖို႔ ႀကိဳးပမ္းေနခ်ိန္အတြင္း အီးလီးယက္စ္ ဂ်ီလတ္ရဲ႕ ေျခေထာက္ေပၚ တက္နင္းမိခဲ့ၿပီးေနာက္ ပထမပိုင္းမွာ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒိုင္လူႀကီး ဒိုနာတက္စ္ ႐ူးမက္စ္က ပြဲကို ဆက္ကစားခြင့္ေပးခဲ့ေပမယ့္လည္း VAR က ျပင္းထန္တဲ့ ျပစ္ဒဏ္က်ဴးလြန္မႈအတြက္ ျပန္လည္စစ္ေဆးမႈေတြ စတင္ျပဳလုပ္ခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ဟာ ႐ူးမက္စ္ ကြင္းေဘးေမာ္နီတာမွာ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ အနီကတ္ျပသျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္က ရက္ရွ္ဖို႔ဒ္ဟာ ၎ရဲ႕ ေျခေထာက္ထဲက ေဘာလုံးကို ကာကြယ္ဖို႔ တားဆီးခဲ့ေပမယ့္လည္း ဂ်ီလတ္ရဲ႕ေျခေထာက္ကို မေတာ္တဆ နင္းမိခဲ့တာသာျဖစ္ၿပီး ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္က ျပင္းထန္လြန္းတယ္လို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ၾကာသပေတးေန႔ညမွာ တူးလူးစ္အိမ္ကြင္းမွာ လီဗာပူးလ္တို႔ ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း အန္ဒိုက အလားတူျဖစ္စဥ္ကေန အနီကတ္ျပသခံရမယ့္အေရးကေန လြတ္ေျမာက္သြားခဲ့ၿပီးေနာက္ ပိုလို႔ေတာင္ ေဒါသထြက္ခဲ့ၾကတာ ျဖစ္ပါတယ္။

အန္ဒိုဟာ ေဘာလုံးကို ၾကားျဖတ္ရယူဖို႔ ႀကိဳးပမ္းရာမွာ ရက္ရွ္ဖို႔ဒ္အတိုင္းပဲ ေျခေထာက္ကို ဆန႔္ထုတ္ခဲ့ေပမယ့္လည္း ေဘာလုံးအစား တူးလူးစ္ တိုက္စစ္မႉး ဒါလင္ဂါရဲ႕ ေျခေထာက္ကိုသာ တက္နင္းမိခဲ့တာျဖစ္ပါတယ္။

အန္ဒိုဟာ ၎ရဲ႕ အဆင္အျခင္မဲ့ ဖ်က္ထုတ္မႈေၾကာင့္ အဝါကတ္ျပား ျပသျခင္းခံခဲ့ရေပမယ့္လည္း VAR က အဲဒီျဖစ္စဥ္ကို ျပန္လည္သုံးသပ္ျခင္းမရွိခဲ့တာျဖစ္ၿပီး မန္ယူႏိုက္တက္ပရိသတ္တစ္ဦးက X မွာ “ကြၽန္ေတာ္ ဒါကို နားမလည္ႏိုင္ပါဘူး။ ဒီလို ဆုံးျဖတ္ခ်က္ေတြေၾကာင့္ ေခါင္းငိုက္စိုက္ျဖစ္ခဲ့ရတယ္။ ကြၽန္ေတာ္ အခုအခ်ိန္မွာ ေဘာလုံးနဲ႔ပတ္သက္ၿပီး အရမ္း စိတ္ရႈပ္ေထြးမိေနၿပီ”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ကြာျခားခ်က္က မားကပ္စ္က ရည္႐ြယ္ခ်က္မရွိသလို ေဒါသထြက္ေနတာလည္း မရွိဘူး။ သူ ကစားသမားကို တက္နင္းမိခဲ့တယ္ဆိုတာေတာင္ မသိဘဲ ေဘာလုံးကို ကာကြယ္ဖို႔ပဲ ႀကိဳးစားခဲ့တာပါ။ ဒီ ျပစ္ဒဏ္က်ဴးလြန္မႈ ၂ ႀကိမ္ထဲက တစ္ခုက အနီကတ္ျဖစ္ရမယ္ဆိုရင္ အဲဒါက ဒီညက ျပစ္ဒဏ္က်ဴးလြန္မႈပဲ။ ကြၽန္ေတာ္တို႔က အခုအခ်ိန္မွာ အသင္းေတြနဲ႔ေရာ စနစ္ေတြနဲ႔ပါ ယွဥ္ၿပိဳင္ကစားေနရတယ္။”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.