MLS Messi

ဘလွန်ဒေါဆုရခဲ့ပေမယ့်လည်း ရသင့်တဲ့ဆုတစ်ဆုနဲ့လွဲချော်ခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ တနင်္လာနေ့က ဘလွန်ဒေါဆုကို ၈ ကြိမ်မြောက် စံချိန်တင် အနိုင်ရရှိခဲ့ပေမယ့်လည်း နောက်ထပ် တစ်ဦးချင်းဆုတစ်ခုကိုတော့ လွဲချော်ခဲ့ပါတယ်။

မက်ဆီဟာ ၂၀၂၃ ဘလွန်ဒေါဆုကို လက်ခံရယူခဲ့ချိန်မှာ တသက်တာအကောင်းဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို အခိုင်အမာ ကမ္ဗည်းထိုးနိုင်ခဲ့ပြီဖြစ်ပြီး အာလင်း ဟာလန်းနဲ့ အမ်ဘာပေတို့လို ကစားသမားတွေကို အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဟာ အင်တာမိုင်ယာမီနဲ့ အမေရိကားမှာ အလွန်ကောင်းမွန်တဲ့ စတင်မှုကို ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း မေဂျာလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားသစ်ဆုနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဒီဆုကို လီယွန်နယ် မက်ဆီအစား အသင်းကို အဆင့် ၆ နေရာမှာ ရာသီပြီးဆုံးပြီး ပလေးအော့ဖ်ကစားခွင့် ရရှိအောင် သွင်းဂိုး ၁၇ ဂိုးနဲ့ ကူညီပေးခဲ့တဲ့ အတ္တလန္တာယူနိုက်တက် တိုက်စစ်မှူး ဂယော်ဂို့စ် ဂီယာကူးမားကစ်က ရရှိသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီကနေ အင်တာ မိုင်ယာမီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အကောင်းဆုံးခြေစွမ်း ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အင်တာ မိုင်ယာမီကို ပထမဆုံးသော ဆုဖလားအဖြစ် လိဂ်ဖလားရရှိအောင် ပြိုင်ပွဲတလျှောက် သွင်းဂိုး ၁၀ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မက်ဆီဟာ မေဂျာလိဂ်မှာတော့ ၆ ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် တစ်နှစ်တာအကောင်းဆုံး ကစားသမားသစ်ဆုနဲ့ လွဲချော်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ တနလၤာေန႔က ဘလြန္ေဒါဆုကို ၈ ႀကိမ္ေျမာက္ စံခ်ိန္တင္ အႏိုင္ရရွိခဲ့ေပမယ့္လည္း ေနာက္ထပ္ တစ္ဦးခ်င္းဆုတစ္ခုကိုေတာ့ လြဲေခ်ာ္ခဲ့ပါတယ္။

မက္ဆီဟာ ၂၀၂၃ ဘလြန္ေဒါဆုကို လက္ခံရယူခဲ့ခ်ိန္မွာ တသက္တာအေကာင္းဆုံးကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ကို အခိုင္အမာ ကမၺည္းထိုးႏိုင္ခဲ့ၿပီျဖစ္ၿပီး အာလင္း ဟာလန္းနဲ႔ အမ္ဘာေပတို႔လို ကစားသမားေတြကို အလဲထိုးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၂၀၂၂ ကမာၻ႔ဖလားခ်န္ပီယံဟာ အင္တာမိုင္ယာမီနဲ႔ အေမရိကားမွာ အလြန္ေကာင္းမြန္တဲ့ စတင္မႈကို ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ေမဂ်ာလိဂ္ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားသစ္ဆုနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဒီဆုကို လီယြန္နယ္ မက္ဆီအစား အသင္းကို အဆင့္ ၆ ေနရာမွာ ရာသီၿပီးဆုံးၿပီး ပေလးေအာ့ဖ္ကစားခြင့္ ရရွိေအာင္ သြင္းဂိုး ၁၇ ဂိုးနဲ႔ ကူညီေပးခဲ့တဲ့ အတၱလႏၲာယူႏိုက္တက္ တိုက္စစ္မႉး ဂေယာ္ဂို႔စ္ ဂီယာကူးမားကစ္က ရရွိသြားခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ပီအက္စ္ဂ်ီကေန အင္တာ မိုင္ယာမီကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အေကာင္းဆုံးေျခစြမ္း ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ အင္တာ မိုင္ယာမီကို ပထမဆုံးေသာ ဆုဖလားအျဖစ္ လိဂ္ဖလားရရွိေအာင္ ၿပိဳင္ပြဲတေလွ်ာက္ သြင္းဂိုး ၁၀ ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မက္ဆီဟာ ေမဂ်ာလိဂ္မွာေတာ့ ၆ ပြဲမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားသစ္ဆုနဲ႔ လြဲေခ်ာ္ခဲ့တာ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.