UCL&UEL

တူးလူးစ်နဲ့ပွဲအပြီး နူးညက်ဇ်ရဲ့လုပ်ပုံကြောင့် စိတ်ညစ်ညစ်နဲ့ ရယ်ခဲ့ရတဲ့ လီဗာပူးလ်ပရိသတ်များ

လီဗာပူးလ်ပရိသတ်တွေအားလုံးဟာ ၉၇ မိနစ်မှာ ချေပဂိုးကို VAR က အငြင်းပွားဖွယ် ပယ်ဖျက်ခဲ့ပြီးနောက် ဒိုင်လူကြီး ဂျော်ဂျီ ကက်ဘာကော့ဗ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာကို မြင်တွေ့ခဲ့ကြပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ကြာသပတေးနေ့ညမှာ လီဂူးဝမ်းကလပ် တူးလူးစ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရာသီ ပထမဆုံး ယူရိုပါလိဂ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အာရွန် ဒွန်နမ်၊ ဒါလင်ဂါ၊ မာဂရီတို့ရဲ့ သွင်းဂိုးတွေကြောင့် ၃-၁ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

ခရစ္စရှန် ကက်ဆီရက်စ် ဂျူနီယာက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ဂိုးကြောင့် လီဗာပူးလ်တို့ ချေပဂိုး ရရှိပြီး ၂-၁ ဖြစ်သွားခဲ့ပြီးနောက် ၂ မိနစ်အကြာမှာပဲ မာဂရီက နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာကြောင့် ၃-၁ နဲ့ တူးလူးစ်တို့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂျိုတာက လီဗာပူးလ်အတွက် ၈၉ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် ပွဲပြီးဆုံးခါနီးမှာ ကွမ်ဆာက ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီလို့ လီဗာပူးလ်က ထင်ခဲ့ကြပေမယ့်လည်း VAR က ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ဂိုးကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

မက္ကယ်လစ္စတာဟာ ကွမ်ဆာရဲ့ သွင်းဂိုးအတွက် တိုက်စစ်စတင်ချိန်မှာ ဘောလုံးကို လက်နဲ့ မတော်တဆ ထိမိခဲ့တာကြောင့် VAR က ငြင်းပယ်ခဲ့တာဖြစ်ပြီး ပဝေသဏီက လက်ထိဘောကြောင့် ဂိုးကို ပယ်ဖျက်ခဲ့တာကြောင့် ဒေါသပေါက်ကွဲခဲ့တဲ့ နည်းပြ ကလော့ပ်ဟာ ပွဲအပြီးမှာ ကွင်းထဲဝင်ပြီး ဒိုင်ကို ဖြဲခဲ့ပါတယ်။

တူးလူးစ်နဲ့ပွဲမှာ အဖွင့်ဂိုးကို လွဲချော်ခဲ့တဲ့ ဒါဝင် နူးညက်ဇ်ကလည်း ဒိုင်လူကြီးကို ဘယ်လောက်အထိ ပေါက်ကွဲနေလဲဆိုတာကို ပြသဖို့အတွက် တွန့်ဆုတ်နေခြင်းမရှိခဲ့ဘဲ ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့သလို တူးလူးစ်ကို အနိုင်ရရှိစေခဲ့တဲ့ ဂိုးသွင်းရှင် မာဂရီကိုလည်း နေစမ်းပါကွာဆိုတဲ့ပုံစံ လုပ်ပြပြီး လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ်ပရိသတ်တွေအားလုံးဟာ ၉၇ မိနစ်မှာ ချေပဂိုးကို VAR က အငြင်းပွားဖွယ် ပယ်ဖျက်ခဲ့ပြီးနောက် ဒိုင်လူကြီး ဂျော်ဂျီ ကက်ဘာကော့ဗ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာကို မြင်တွေ့ခဲ့ကြပါတယ်။






REF: INTERNET SOURCES
SPORTS A2Z.