UCL&UEL

ရပ်တန့်မရတဲ့ခြေစွမ်းနဲ့ ဘိုင်ယန်ကို ရှုံးထွက်အဆင့် ပို့ဆောင်ပေးလိုက်တဲ့ ကိန်း

အင်္ဂလန်တိုက်စစ်မှူး ဟာရီ ကိန်းဟာ ဗုဒ္ဓဟူးနေ့ညက ဂလာတာဆာရေးကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၂ ဂိုးသွင်းယူပြီး ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဟာရီ ကိန်းဟာ ပွဲကစားချိန် ၈၀ မိနစ်မှာ ဂျိုရွှာ ကင်းမစ်ချ်ရဲ့ အလွတ်တည်ကန်ဘောကနေ ကန်တင်လိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ဟာရီ ကိန်းက နောက်ထပ် ဦးဆောင်ဂိုးကို ဆက်တိုက်ဆိုသလို သွင်းယူသွားခဲ့ပြီး မာသီ တဲလ်ရဲ့ ပေးပို့မှုကို အလိုက်သင့် ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဆီးဒရစ် ဘာကမ်ဘူက နာကျင်အချိန်ပို ၃ မိနစ်မှာ ဂလာတာဆာရေးအတွက် ဆာဂျီယို အိုလီဗီရာရဲ့ ပေးပို့မှုကနေတဆင့် ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း နောက်ထပ် ချေပဂိုးသွင်းယူဖို့အတွက် အရမ်းနောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၂ မှတ်နဲ့ အုပ်စု အေ ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပြီး လီရွိုင်း ဆာနေးနဲ့ မူစီအားလားတို့ရဲ့ အပိုင်ကန်သွင်းချက်တွေကို ဂလာတာဆာရေးဂိုးသမား ဖာနန်ဒို မူစီလီရာက ငြင်းပယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟာရီ ကိန်းရဲ့ အနီးကပ်ပိတ်ချက်နဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ချက်ကလည်း ဂိုးတိုင်ထိခဲ့ပေမယ့်လည်း အသင်းအတွက် နောက်ကျသွင်းဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ ၂၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် အင်္ဂလန်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဂလာတာဆာရေးဟာ အီကာဒီရဲ့ ခုတ်တင်ပေးပို့မှုကို လူးကပ်စ် တော်ရဲရားက အဆုံးသတ်နိုင်ခဲ့ပြီးနောက် ဦးဆောင်ဂိုး ရရှိခဲ့ပြီထင်ခဲ့ပေမယ့်လည်း အာဂျင်တီးနားတိုက်စစ်မှူးဟာ လူကျွံနေခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ပထမပိုင်းမှာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရတဲ့ မူစီအားလားကြောင့် နောက်ထပ် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ဆက်လက်အာရုံစိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂလာတာဆာရေးဟာ အုပ်စုအေမှာ ရမှတ် ၄ မှတ်နဲ့ တတိယနေရာက ရပ်တည်နေပြီး ကိုပင်ဟေဂင်ကတော့ မန်ယူနိုက်တက်ကို အနိုင်ရရှိခဲ့ပြီးနောက် ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္တိုက္စစ္မႉး ဟာရီ ကိန္းဟာ ဗုဒၶဟူးေန႔ညက ဂလာတာဆာေရးကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ တစ္ဦးတည္း ၂ ဂိုးသြင္းယူၿပီး ဘိုင္ယန္ျမဴးနစ္ကို ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို ပို႔ေဆာင္ေပးခဲ့ပါတယ္။

ဟာရီ ကိန္းဟာ ပြဲကစားခ်ိန္ ၈၀ မိနစ္မွာ ဂ်ိဳ႐ႊာ ကင္းမစ္ခ်္ရဲ႕ အလြတ္တည္ကန္ေဘာကေန ကန္တင္လိုက္တဲ့ ေဘာလုံးကို ေခါင္းတိုက္သြင္းယူၿပီး အဖြင့္ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္ သိပ္မၾကာခင္မွာပဲ ဟာရီ ကိန္းက ေနာက္ထပ္ ဦးေဆာင္ဂိုးကို ဆက္တိုက္ဆိုသလို သြင္းယူသြားခဲ့ၿပီး မာသီ တဲလ္ရဲ႕ ေပးပို႔မႈကို အလိုက္သင့္ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဆီးဒရစ္ ဘာကမ္ဘူက နာက်င္အခ်ိန္ပို ၃ မိနစ္မွာ ဂလာတာဆာေရးအတြက္ ဆာဂ်ီယို အိုလီဗီရာရဲ႕ ေပးပို႔မႈကေနတဆင့္ ေခ်ပဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း ေနာက္ထပ္ ေခ်ပဂိုးသြင္းယူဖို႔အတြက္ အရမ္းေနာက္က်သြားခဲ့ၿပီျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ၄ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၁၂ မွတ္နဲ႔ အုပ္စု ေအ ထိပ္ဆုံးမွာ ဆက္လက္ ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး လီ႐ြိဳင္း ဆာေနးနဲ႔ မူစီအားလားတို႔ရဲ႕ အပိုင္ကန္သြင္းခ်က္ေတြကို ဂလာတာဆာေရးဂိုးသမား ဖာနန္ဒို မူစီလီရာက ျငင္းပယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟာရီ ကိန္းရဲ႕ အနီးကပ္ပိတ္ခ်က္နဲ႔ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးပို႔မႈကို ေခါင္းတိုက္ခ်က္ကလည္း ဂိုးတိုင္ထိခဲ့ေပမယ့္လည္း အသင္းအတြက္ ေနာက္က်သြင္းဂိုး ၂ ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ ၂၅ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ တတိယေျမာက္ အဂၤလန္ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ဂလာတာဆာေရးဟာ အီကာဒီရဲ႕ ခုတ္တင္ေပးပို႔မႈကို လူးကပ္စ္ ေတာ္ရဲရားက အဆုံးသတ္ႏိုင္ခဲ့ၿပီးေနာက္ ဦးေဆာင္ဂိုး ရရွိခဲ့ၿပီထင္ခဲ့ေပမယ့္လည္း အာဂ်င္တီးနားတိုက္စစ္မႉးဟာ လူကြၽံေနခဲ့တာ ျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ပထမပိုင္းမွာ တံေကာက္ေၾကာဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရတဲ့ မူစီအားလားေၾကာင့္ ေနာက္ထပ္ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ ဆက္လက္အာ႐ုံစိုက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂလာတာဆာေရးဟာ အုပ္စုေအမွာ ရမွတ္ ၄ မွတ္နဲ႔ တတိယေနရာက ရပ္တည္ေနၿပီး ကိုပင္ေဟဂင္ကေတာ့ မန္ယူႏိုက္တက္ကို အႏိုင္ရရွိခဲ့ၿပီးေနာက္ ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.