Premier League UCL&UEL

ခြေစွမ်းမကောင်းလို့ ရှုံးတာမဟုတ်ဘူးလို့ ပြောလိုက်တဲ့ တန်ဟက်

အဲရစ် တန်ဟက်က ဗုဒ္ဓဟူးနေ့ညက ဒိန်းမတ်မှာ ကိုပင်ဟေဂင်ကို နာကျင်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွက် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ အနီကတ်ကို ဝေဖန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းမပြီးခင် ရက်ရှ်ဖို့ဒ် အထုတ်ခံရချိန်မှာ ကိုပင်ဟေဂင်ကို နှစ်ဂိုးအသာနဲ့ ဦးဆောင်ထားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဂိုးတွေ ခွင့်ပြုခဲ့ရပြီးနောက် ပါကန်ကွင်းမှာ ၄-၃ နဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်ကို အုပ်စု F ကြမ်းတိုက်စေခဲ့တဲ့ ဆုံးဖြတ်ချက်အများအပြားနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ မန်ယူနိုက်တက်ရဲ့ ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ဟာ တော်တော်လေးမှေးမှိန်သွားခဲ့ပြီဖြစ်ပါတယ်။

“အနီကတ်က အရာအားလုံးကို ပြောင်းလဲစေခဲ့တယ်။ ခင်ဗျား အဲဒါကို ရပ်ထားတဲ့အချိန် ကြည့်လိုက်ရင် အများကြီး ပိုဆိုးတဲ့ပုံပေါ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ သူတို့တွေ အချိန်အများကြီးယူပြီး အဲဒါကို အနီကတ်ပြခဲ့တယ်။ လုပ်စမ်းပါ။ ပထမပိုင်း ၂၅ မိနစ်ကို ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ပွဲကိုလွှမ်းမိုးထားနိုင်ခဲ့တယ်။ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့တယ်။ ပြီးတော့ အနီကတ်က အရာအားလုံးကို ပြောင်းလဲစေခဲ့တယ်။ ကျွန်တော်တို့ တစ်ယောက်လျော့သွားခဲ့ပြီး ကျွန်တော်တို့ အရမ်းစိတ်ပျက်ခဲ့တယ်။ ကျွန်တော်တို့ ပထမပိုင်းမပြီးခင် မပေးသင့်တဲ့ ဂိုး ၂ ဂိုးခွင့်ပြုခဲ့ရတယ်။ ပထမဂိုးက လူကျွံနေတယ်။ ကစားသမားက အိုနာနာရှေ့တောင်ရောက်နေပြီ။ ဒုတိယဂိုးက ပင်နယ်တီဖြစ်ပြီး အဲဒါက အရမ်းပြင်းထန်လွန်းတယ်။ ဘောလုံးက လက်ကိုလာထိတာပါ။ ဒါပေမယ့် အဲဒါက အရမ်းကို နီးကပ်ပြီး လက်ကလည်း သာမန်အနေအထားမှာပဲ ရှိနေတာပါ။ သူ(မက်ဂွိုင်းယား)က ဘောလုံးရယူဖို့ ကြိုးပမ်းခဲ့ပြီး ဒိုင်လူကြီးက အချိန်အကြာကြီး လိုအပ်ခဲ့တယ်”

“ဒါက ကျွန်တော်တို့ ၄ ပွဲမှာ ပင်နယ်တီ ၄ ကြိမ်ပေးခဲ့ရတာဖြစ်ပြီး ၃ ကြိမ်က အရမ်းကို အငြင်းအခုံဖြစ်စရာဖြစ်တယ်လို့ ကျွန်တော် ပြောချင်တယ်။ ကျွန်တော် ဒီဆုံးဖြတ်ချက်တွေကို အရမ်းစိတ်ပျက်ခဲ့တယ်။ ပွဲက ဘယ်တုန်းကမှ ဒီလိုမျိုး ဖြစ်လာမယ့်အနေအထားမဟုတ်ခဲ့ဘူး။ ဒါက ဘောလုံးနဲ့ မဆိုင်တော့ပါဘူး။ ဆုံးဖြတ်ချက်တွေကတော့ ချမှတ်ရမှာဖြစ်ပြီး ဒီလိုအဆင့်အတန်းမှာ အချို့က မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာကိုလည်း ကျွန်တော် လက်ခံပါတယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ၃ ခုပါ။ ခင်ဗျား ပွဲကို ထိန်းချုပ်ထားပြီး ပွဲက ဒီလိုဖြစ်လာရမှာမဟုတ်ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ္ တန္ဟက္က ဗုဒၶဟူးေန႔ညက ဒိန္းမတ္မွာ ကိုပင္ေဟဂင္ကို နာက်င္ဖြယ္ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြက္ ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ရဲ႕ အနီကတ္ကို ေဝဖန္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပထမပိုင္းမၿပီးခင္ ရက္ရွ္ဖို႔ဒ္ အထုတ္ခံရခ်ိန္မွာ ကိုပင္ေဟဂင္ကို ႏွစ္ဂိုးအသာနဲ႔ ဦးေဆာင္ထားခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ ဂိုးေတြ ခြင့္ျပဳခဲ့ရၿပီးေနာက္ ပါကန္ကြင္းမွာ ၄-၃ နဲ႔ ရႈံးနိမ့္သြားခဲ့တာ ျဖစ္ပါတယ္။

တန္ဟက္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို အုပ္စု F ၾကမ္းတိုက္ေစခဲ့တဲ့ ဆုံးျဖတ္ခ်က္အမ်ားအျပားနဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၿပီး လက္ရွိမွာေတာ့ မန္ယူႏိုက္တက္ရဲ႕ ရႈံးထြက္အဆင့္တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ဟာ ေတာ္ေတာ္ေလးေမွးမွိန္သြားခဲ့ၿပီျဖစ္ပါတယ္။

“အနီကတ္က အရာအားလုံးကို ေျပာင္းလဲေစခဲ့တယ္။ ခင္ဗ်ား အဲဒါကို ရပ္ထားတဲ့အခ်ိန္ ၾကည့္လိုက္ရင္ အမ်ားႀကီး ပိုဆိုးတဲ့ပုံေပၚမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကြၽန္ေတာ္ ေျပာခဲ့သလိုပဲ သူတို႔ေတြ အခ်ိန္အမ်ားႀကီးယူၿပီး အဲဒါကို အနီကတ္ျပခဲ့တယ္။ လုပ္စမ္းပါ။ ပထမပိုင္း ၂၅ မိနစ္ကို ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္ထားႏိုင္ခဲ့တယ္။ ပြဲကိုလႊမ္းမိုးထားႏိုင္ခဲ့တယ္။ ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တယ္။ ၿပီးေတာ့ အနီကတ္က အရာအားလုံးကို ေျပာင္းလဲေစခဲ့တယ္။ ကြၽန္ေတာ္တို႔ တစ္ေယာက္ေလ်ာ့သြားခဲ့ၿပီး ကြၽန္ေတာ္တို႔ အရမ္းစိတ္ပ်က္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ပထမပိုင္းမၿပီးခင္ မေပးသင့္တဲ့ ဂိုး ၂ ဂိုးခြင့္ျပဳခဲ့ရတယ္။ ပထမဂိုးက လူကြၽံေနတယ္။ ကစားသမားက အိုနာနာေရွ႕ေတာင္ေရာက္ေနၿပီ။ ဒုတိယဂိုးက ပင္နယ္တီျဖစ္ၿပီး အဲဒါက အရမ္းျပင္းထန္လြန္းတယ္။ ေဘာလုံးက လက္ကိုလာထိတာပါ။ ဒါေပမယ့္ အဲဒါက အရမ္းကို နီးကပ္ၿပီး လက္ကလည္း သာမန္အေနအထားမွာပဲ ရွိေနတာပါ။ သူ(မက္ဂြိဳင္းယား)က ေဘာလုံးရယူဖို႔ ႀကိဳးပမ္းခဲ့ၿပီး ဒိုင္လူႀကီးက အခ်ိန္အၾကာႀကီး လိုအပ္ခဲ့တယ္”

“ဒါက ကြၽန္ေတာ္တို႔ ၄ ပြဲမွာ ပင္နယ္တီ ၄ ႀကိမ္ေပးခဲ့ရတာျဖစ္ၿပီး ၃ ႀကိမ္က အရမ္းကို အျငင္းအခုံျဖစ္စရာျဖစ္တယ္လို႔ ကြၽန္ေတာ္ ေျပာခ်င္တယ္။ ကြၽန္ေတာ္ ဒီဆုံးျဖတ္ခ်က္ေတြကို အရမ္းစိတ္ပ်က္ခဲ့တယ္။ ပြဲက ဘယ္တုန္းကမွ ဒီလိုမ်ိဳး ျဖစ္လာမယ့္အေနအထားမဟုတ္ခဲ့ဘူး။ ဒါက ေဘာလုံးနဲ႔ မဆိုင္ေတာ့ပါဘူး။ ဆုံးျဖတ္ခ်က္ေတြကေတာ့ ခ်မွတ္ရမွာျဖစ္ၿပီး ဒီလိုအဆင့္အတန္းမွာ အခ်ိဳ႕က မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့တာကိုလည္း ကြၽန္ေတာ္ လက္ခံပါတယ္။ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ ၃ ခုပါ။ ခင္ဗ်ား ပြဲကို ထိန္းခ်ဳပ္ထားၿပီး ပြဲက ဒီလိုျဖစ္လာရမွာမဟုတ္ပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.