Premier League

၂၁.၂.၂၀၂၀ တစ္ေန႔တာ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ားစုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– နယူးကာဆယ္လ္ယူႏုိက္တက္နဲ႔ ေဘာက္ဆင္ေဒးပြဲစဥ္မွာ ဒဏ္ရာရရွိသြားခဲ့တဲ့ ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးဟာ လာမယ့္တနဂၤေႏြေန႔ ဝတ္ဖို႔ဒ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပါဝင္ႏုိင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားက ေျပာၾကားလုိက္ပါတယ္။

– နည္းျပ ဆုိးလ္ရွားက တုိက္စစ္မွဴး အန္တိုနီ မာစီယယ္လ္ရဲ႕ အရည္အေသြးေတြကို ယုံၾကည္ေနၿပီး ဒီအသက္ ၂၄ ႏွစ္အရြယ္ ျပင္သစ္တုိက္စစ္မွဴးဟာ တစ္ရာသီကို ဂိုး ၂၀ အာမခံခ်က္ေပးႏုိင္မယ့္သူမ်ဳိးျဖစ္တယ္လို႔ ကလပ္ဘ႐ုဂ်္နဲ႔ပြဲအၿပီးမွာ ခ်ီးက်ဴးခဲ့ပါတယ္။

– လက္ရွိမွာ အသင္းအတြက္ ပြဲထြက္ကစားဖို႔ မလုံေလာက္ေသးေပမယ့္ အန္းဒရိစ္ ပါရဲရားဟာ အသင္းအတြက္ ကစားေပးတတ္တဲ့သူမ်ဳိးျဖစ္တာေၾကာင့္ အနာဂတ္ မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္မွာ ေနရာတစ္ေနရာ ရရွိလာႏုိင္တယ္လို႔ အိုဝင္ ဟားဂရိဗ္စ္က ဆုိပါတယ္။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ တုိက္စစ္မွဴးသစ္ အိုဒီယြန္ အီဂါလိုက သူဟာ အန္တုိနီ မာစီယယ္လ္ေနရာမွာ လူစားဝင္ကစားရမွာထက္ သူတုိ႔ႏွစ္ဦး အတူတူတြဲကစားခ်င္တယ္လို႔ဆိုလိုက္ၿပီး နည္းျပရဲ႕ ဆုံးျဖတ္ခ်က္ကိုေတာ့ လုိက္နာရမယ္လုိ႔လည္း ေျပာခဲ့ပါတယ္။

– မန္ခ်က္စတာယူႏုိက္တက္အပါအဝင္ ဥေရာပအသင္းႀကီးေတြကို ေစာင့္ၾကည့္ေနၾကတဲ့ အာလင္း ဟားလန္းရဲ႕ စာခ်ဳပ္ထဲက စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၆၃ သန္းဟာ ဒီေႏြရာသီမွာ အသက္ဝင္ဦးမွာ မဟုတ္ဘူးလို႔ သတင္းဆုိးအေနနဲ႔ သိရၿပီး ေဒါ့မြန္အေနနဲ႔ လာမယ့္ရာသီအတြင္း ဒါကို ျပင္ဆင္ခ်ဳပ္ဆိုႏုိင္ခြင့္လည္း ရွိေနခဲ့ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– နယူးကာဆယ်လ်ယူနိုက်တက်နဲ့ ဘောက်ဆင်ဒေးပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ကွင်းလယ်လူ စကော့ မက်တော်မီနေးဟာ လာမယ့်တနင်္ဂနွေနေ့ ဝတ်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။

– နည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ရဲ့ အရည်အသွေးတွေကို ယုံကြည်နေပြီး ဒီအသက် ၂၄ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ တစ်ရာသီကို ဂိုး ၂၀ အာမခံချက်ပေးနိုင်မယ့်သူမျိုးဖြစ်တယ်လို့ ကလပ်ဘရုဂျ်နဲ့ပွဲအပြီးမှာ ချီးကျူးခဲ့ပါတယ်။

– လက်ရှိမှာ အသင်းအတွက် ပွဲထွက်ကစားဖို့ မလုံလောက်သေးပေမယ့် အန်းဒရိစ် ပါရဲရားဟာ အသင်းအတွက် ကစားပေးတတ်တဲ့သူမျိုးဖြစ်တာကြောင့် အနာဂတ် မန်ချက်စတာယူနိုက်တက်ကွင်းလယ်မှာ နေရာတစ်နေရာ ရရှိလာနိုင်တယ်လို့ အိုဝင် ဟားဂရိဗ်စ်က ဆိုပါတယ်။

– မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူးသစ် အိုဒီယွန် အီဂါလိုက သူဟာ အန်တိုနီ မာစီယယ်လ်နေရာမှာ လူစားဝင်ကစားရမှာထက် သူတို့နှစ်ဦး အတူတူတွဲကစားချင်တယ်လို့ဆိုလိုက်ပြီး နည်းပြရဲ့ ဆုံးဖြတ်ချက်ကိုတော့ လိုက်နာရမယ်လို့လည်း ပြောခဲ့ပါတယ်။

– မန်ချက်စတာယူနိုက်တက်အပါအဝင် ဥရောပအသင်းကြီးတွေကို စောင့်ကြည့်နေကြတဲ့ အာလင်း ဟားလန်းရဲ့ စာချုပ်ထဲက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃ သန်းဟာ ဒီနွေရာသီမှာ အသက်ဝင်ဦးမှာ မဟုတ်ဘူးလို့ သတင်းဆိုးအနေနဲ့ သိရပြီး ဒေါ့မွန်အနေနဲ့ လာမယ့်ရာသီအတွင်း ဒါကို ပြင်ဆင်ချုပ်ဆိုနိုင်ခွင့်လည်း ရှိနေခဲ့ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.