ဒီနေ့ပွဲမှာ ပရီးမီးယားလိဂ် ၇ ပွဲကစားပြီးချိန်မှာ သွင်းဂိုး သုည၊ ဖန်တီးမှု သုညဖြစ်နေလို့ အလှောင်ပြောင်ခံနေရတဲ့ တိုက်စစ်မှူး ဟွိုင်လန်းရဲ့ ဂိုးနှစ်ဂိုးအပြင် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီပါ ရခဲ့ပေမယ့် သည်းထိတ်ရင်ဖို ရိုလာကိုစတာရလဒ်တွေနဲ့ သိပ်ကို ရင်းနှီးနေတဲ့ မန်ချက်စတာယူနိုက်တက်တို့ ကိုပင်ဟေဂင်ကွင်းမှာ ရှုံးပွဲနဲ့ပဲ ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။
အဲရစ် တန်ဟတ်အနေနဲ့ သူ့ရဲ့ လူစာရင်းမှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ မက်ဂွိုင်းယား၊ အီဗန်စ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ ဂါနာချိုနဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာပါ။
အိမ်ရှင် ကိုပင်ဟေဂင်တို့ကတော့ ဂိုးသမား ဂရာဘာရာ၊ ခံစစ်မှာ ဗက်ဗရို၊ ဒိုက်ခ်စ်၊ အန်ကာဆန်နဲ့ ယယ်လာ့ထ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ လီရာဂါ၊ ဖော့လ်ခ်နဲ့ ဂွန်ဆာလ်ဗက်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်ယူနူစီ၊ အက်ရှိုရီနဲ့ ကလာ့စ်ဆန်တို့ကို တွဲဖက်ပေးလာခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၃ မိနစ်မှာကတည်းက မန်ချက်စတာသားတွေ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကိုပင်ဟေဂင်တို့ရဲ့ Pressing ကို Break လုပ်နိုင်ခဲ့တဲ့ ဒါလော့နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ ကောင်တာကနေ ညာခြမ်းကို ပို့ပေးပြီး တိုက်စစ်ဆင်ခဲ့ရာမှာ ဝန်ဘစ်ဆာကာ ချပေးတဲ့ ဘောလုံးကို မက်တော်မီနေးက ဧရိယာထဲကနေ အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ဟွိုင်လန်းက အမှားအယွင်းမရှိ အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာပါ။
လင်ဒီလော့ဖ်နဲ့ ဗာရွန်းတို့ အကောင်းကြီးအတိုင်း ရှိနေကြပေမယ့် လက်စတာခံစစ်တွေဖြစ်ကြတဲ့ အီဗန်စ်နဲ့ ခေါင်းကြီးတို့ကို သုံးခဲ့တာက နည်းပြ တန်ဟတ်ရဲ့ ခေါင်းမာလွန်းတဲ့ အစွဲလို့ပဲ ဆိုရဦးမှာဖြစ်သလို ပွဲချိန် ၁၆ မိနစ်မှာတော့ အီဗန်စ် နာသွားခဲ့တာကြောင့် ဒတ်ချ်ကတုံးအနေနဲ့ သူခေါက်ထားခဲ့တဲ့ ဗာရွန်းနဲ့ပဲ လဲကစားခဲ့ရတာဖြစ်ပါတယ်။
ပွဲချိန် ၂၇ မိနစ်မှာတော့ မန်ယူတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ကိုပင်ဟေဂင် ကွင်းလယ်သမားတွေရဲ့ လောကြီးမှုကနေ ပြန်ရသွားခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က ကောင်တာစတင်ခဲ့ပြီး ဘယ်တောင်ပံကို ခင်းပေးခဲ့ရာမှာတော့ ဂါနာချိုက ဂိုးရှေ့ကို ဖြတ်ချိုးပေးရမယ့်အစား ကန်သွင်းခဲ့ရာမှာ ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ဥစ္စာရင်း မှန်သူ ဟွိုင်လန်းကပဲ ပိတ်သွင်းနိုင်ခဲ့တာပါ။
ပွဲချိန် ၂၉ မိနစ်မှာ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ခံစစ်က လူပေးမှားတာကို တစ်နိုင်ငံတည်းသား ဟွိုင်လန်းက ဘယ်ခြေနဲ့ Volley ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ဂရာဘာရာ ပုတ်ထုတ်နိုင်ခဲ့ပြီး ဟက်ထရစ်ဖြစ်မသွားခဲ့တာက ဒီပွဲရဲ့ အရေးပါတဲ့ အလှည့်အပြောင်းဖြစ်ခဲ့သလို အသာစီးနဲ့ချည်း ကစားနေခဲ့တဲ့ မန်ယူတို့ ဒီက ရတဲ့ ထောင့်ကန်ဘောကနေပဲ ခေါင်းတိုက်ခွင့် ထပ်ရခဲ့ပေမယ့် မက်ဂွိုင်းယားက ဂိုးသမားလက်ထဲပဲ ပို့နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၄၂ မိနစ်မှာတော့ တစ်ဖက်ကစားသမား ယယ်လာ့ထ်ကို ခြေထောက်ကျိုးသွားနိုင်လောက်တဲ့ တက်နင်းမှုမျိုး ပြုလုပ်မိခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို လစ်သူယေးနီးယား ဒိုင်လူကြီး ဒိုနာတက်စ် ရွမ်ဆက်စ်က VAR ပြန်ကြည့်ပြီး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်သွားခဲ့တာကြောင့် မန်ယူတို့ အဝေးကွင်းမှာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ဧည့်သည်တွေ ကံဆိုးဖို့ ဒုတိယ အလှည့်အပြောင်းဖြစ်သွားခဲ့တာပါ။
ပွဲချိန် ၄၅ မိနစ်မှာတော့ ကိုပင်ဟေဂင်တို့ ချေပဂိုးတစ်ဂိုးကို ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာတောင်ပံတိုက်စစ်ကနေ အန်ကာဆန် ဖြတ်ပို့ပေးတဲ့ ဘောလုံးက ဧရိယာထဲက မန်ယူကစားသမားတွေကို ကျော်ပြီး ကျလာခဲ့ရာမှာ ဘယ်တောင်ပံက ဂွန်ဆာလ်ဗက်စ်က အတွင်းကို မြေမကျ ပြန်ရိုက်ချပေးခဲ့တာကို ဆောက်သမ်တန်ကစားသမားဟောင်း အယ်လ်ယူနူစီက မဆိုင်းမတွ ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။
၁၃ မိနစ်အထိ ပေးခဲ့တဲ့ နာကျင်အချိန်ပိုရဲ့ ၉ မိနစ်မြောက်မှာတော့ လူရွှင်တော်ဖြစ်ဖို့ အရန်ခုံက ထလာခဲ့တဲ့ ဗာရွန်းရဲ့ ဧရိယာထဲက အိုးနင်းခွက်နင်း လက်ထိဘောကြောင့် မန်ယူတို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ ကိုပင်ဟေဂင် ကွင်းလယ်လူ ဂွန်ဆာလ်ဗက်စ်က အိုနာနာကို ဘောလုံးနဲ့ လူနဲ့ တခြားစီဖြစ်အောင် လှည့်စားကန်သွင်းသွားနိုင်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ နှစ်ဂိုးစီ သရေကျနေခဲ့ကြပါတယ်။
ဒုတိယပိုင်းအစမှာတော့ မန်ယူတို့ဘက်က အဲရစ်ဆန်အစား အမ်မရာဘတ်ကို လူစားလဲကစားခဲ့ကြသလို ကွင်းလယ်မှာ Deep Lying ထားပြီး ကောင်တာတွေကနေ ဆယ်ယောက်နဲ့ တန်ပြန်ထိုးနှက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဂါနာချိုရဲ့ အလုပ်မဖြစ်ခဲ့လို့ စိတ်ပျက်ခဲ့ရပြီး အိုနာနာကတော့ အမှားမရှိဘဲ ကာကွယ်နေခဲ့တာကြောင့် ကိုပင်ဟေဂင်တို့ဘက်က ဂိုးထပ်ရနိုင်ဖို့ အယ်လ်ယူနူစီအစား လူငယ်တောင်ပံသမား ဘာ့ဂ်ဂျီကို ထည့်သွင်းလာခဲ့တာပါ။
ပွဲချိန် ၆၉ မိနစ်မှာတော့ မန်ယူတို့ တတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချက်က ကိုပင်ဟေဂင် ကစားသမား လီရာဂါရဲ့ လက်နဲ့ထိတယ်ဆိုပြီး VAR ပြန်ကြည့်ခဲ့လို့ ရရှိခဲ့တဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ်က ဂိုးသမား ဂရာဘာရာ ဒိုက်ပစ်တဲ့ဘက်နဲ့ ထောင့်ဖြတ်ဖြစ်တဲ့ ညာဘက်အပေါ်ထောင့်ကို ကန်သွင်းပြနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၈၃ မိနစ်မှာတော့ အိမ်ကွင်းအားအပြင် လူတစ်ယောက်အသာနဲ့ ဖိတိုက်နေတဲ့ ကိုပင်ဟေဂင်တို့ သရေကျစေမယ့် တတိယ ချေပဂိုးကို ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဖော့လ်ခ်က ဘယ်ခြမ်းကနေ အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးပို့ခဲ့ရာမှာ လက်ထိတဲ့ အမှားကနေ ဂိုးပေးထားခဲ့ရတဲ့ လီရာဂါက ဒါလော့နောက်ကနေ ပြေးဝင်ပိတ်ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။
ပွဲချိန် ၈၇ မိနစ်မှာ ကိုပင်ဟေဂင်တို့ အနိုင်ဂိုးကို ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခေါင်းကြီးထက်တောင် ဆယ်ဆမက ဆိုးရွားနေတဲ့ လူရွှင်တော် ဗာရွန်းရဲ့ ပေးပို့မှု အမှားကနေ ဆက်တိုက်တိုက်စစ်ဆင်လာပြီး ဘယ်ခြမ်းကနေ ပြန်လည်ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို လူငယ်ကစားသမား ဘာ့ဂ်ဂျီက ဧရိယာထဲကနေ မြေထောက် Volley ကန်သွင်းပြီး အိုနာနာကို အလဲထိုးသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ ကိုပင်ဟေဂင်တို့က မန်ချက်စတာယူနိုက်တက်တို့ကို လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုကနေ ခြေစစ်ပွဲအောင်သွားခဲ့တဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့နောက် ဒုတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ကြချိန်မှာ သရဲနီတွေကတော့ ၄ ပွဲမှာ ၁၁ ဂိုးအထိ ပေးခဲ့ရတဲ့ ခံစစ်နဲ့ အုပ်စုအောက်ဆုံးမှာ ကျောက်ချသွားခဲ့ကြရပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဒီေန႔ပြဲမွာ ပရီးမီးယားလိဂ္ ၇ ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုး သုည၊ ဖန္တီးမႈ သုညျဖစ္ေနလို႔ အေလွာင္ေျပာင္ခံေနရတဲ့ တိုက္စစ္မႉး ဟြိဳင္လန္းရဲ႕ ဂိုးႏွစ္ဂိုးအျပင္ အသင္းေခါင္းေဆာင္ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီပါ ရခဲ့ေပမယ့္ သည္းထိတ္ရင္ဖို ႐ိုလာကိုစတာရလဒ္ေတြနဲ႔ သိပ္ကို ရင္းႏွီးေနတဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔ ကိုပင္ေဟဂင္ကြင္းမွာ ရႈံးပြဲနဲ႔ပဲ ရင္ဆိုင္ခဲ့ၾကရတာျဖစ္ပါတယ္။
အဲရစ္ တန္ဟတ္အေနနဲ႔ သူ႔ရဲ႕ လူစာရင္းမွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ အီဗန္စ္၊ ဝန္ဘစ္ဆာကာနဲ႔ ဒါေလာ့တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနး၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္၊ ဂါနာခ်ိဳနဲ႔ ဟြိဳင္လန္းတို႔ကို ပြဲထုတ္လာခဲ့တာပါ။
အိမ္ရွင္ ကိုပင္ေဟဂင္တို႔ကေတာ့ ဂိုးသမား ဂရာဘာရာ၊ ခံစစ္မွာ ဗက္ဗ႐ို၊ ဒိုက္ခ္စ္၊ အန္ကာဆန္နဲ႔ ယယ္လာ့ထ္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ လီရာဂါ၊ ေဖာ့လ္ခ္နဲ႔ ဂြန္ဆာလ္ဗက္စ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အယ္လ္ယူႏူစီ၊ အက္ရႈိရီနဲ႔ ကလာ့စ္ဆန္တို႔ကို တြဲဖက္ေပးလာခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက မန္ခ်က္စတာသားေတြ အဖြင့္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကိုပင္ေဟဂင္တို႔ရဲ႕ Pressing ကို Break လုပ္ႏိုင္ခဲ့တဲ့ ဒါေလာ့နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕ ေကာင္တာကေန ညာျခမ္းကို ပို႔ေပးၿပီး တိုက္စစ္ဆင္ခဲ့ရာမွာ ဝန္ဘစ္ဆာကာ ခ်ေပးတဲ့ ေဘာလုံးကို မက္ေတာ္မီေနးက ဧရိယာထဲကေန အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ ဟြိဳင္လန္းက အမွားအယြင္းမရွိ အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့တာပါ။
လင္ဒီေလာ့ဖ္နဲ႔ ဗာ႐ြန္းတို႔ အေကာင္းႀကီးအတိုင္း ရွိေနၾကေပမယ့္ လက္စတာခံစစ္ေတြျဖစ္ၾကတဲ့ အီဗန္စ္နဲ႔ ေခါင္းႀကီးတို႔ကို သုံးခဲ့တာက နည္းျပ တန္ဟတ္ရဲ႕ ေခါင္းမာလြန္းတဲ့ အစြဲလို႔ပဲ ဆိုရဦးမွာျဖစ္သလို ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ အီဗန္စ္ နာသြားခဲ့တာေၾကာင့္ ဒတ္ခ်္ကတုံးအေနနဲ႔ သူေခါက္ထားခဲ့တဲ့ ဗာ႐ြန္းနဲ႔ပဲ လဲကစားခဲ့ရတာျဖစ္ပါတယ္။
ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ မန္ယူတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ကိုပင္ေဟဂင္ ကြင္းလယ္သမားေတြရဲ႕ ေလာႀကီးမႈကေန ျပန္ရသြားခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က ေကာင္တာစတင္ခဲ့ၿပီး ဘယ္ေတာင္ပံကို ခင္းေပးခဲ့ရာမွာေတာ့ ဂါနာခ်ိဳက ဂိုးေရွ႕ကို ျဖတ္ခ်ိဳးေပးရမယ့္အစား ကန္သြင္းခဲ့ရာမွာ ဂိုးသမား ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေနာက္က လိုက္လာတဲ့ ဥစၥာရင္း မွန္သူ ဟြိဳင္လန္းကပဲ ပိတ္သြင္းႏိုင္ခဲ့တာပါ။
ပြဲခ်ိန္ ၂၉ မိနစ္မွာ ဒိန္းမတ္ကလပ္ ကိုပင္ေဟဂင္ခံစစ္က လူေပးမွားတာကို တစ္ႏိုင္ငံတည္းသား ဟြိဳင္လန္းက ဘယ္ေျခနဲ႔ Volley ကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးသမား ဂရာဘာရာ ပုတ္ထုတ္ႏိုင္ခဲ့ၿပီး ဟက္ထရစ္ျဖစ္မသြားခဲ့တာက ဒီပြဲရဲ႕ အေရးပါတဲ့ အလွည့္အေျပာင္းျဖစ္ခဲ့သလို အသာစီးနဲ႔ခ်ည္း ကစားေနခဲ့တဲ့ မန္ယူတို႔ ဒီက ရတဲ့ ေထာင့္ကန္ေဘာကေနပဲ ေခါင္းတိုက္ခြင့္ ထပ္ရခဲ့ေပမယ့္ မက္ဂြိဳင္းယားက ဂိုးသမားလက္ထဲပဲ ပို႔ႏိုင္ခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ တစ္ဖက္ကစားသမား ယယ္လာ့ထ္ကို ေျခေထာက္က်ိဳးသြားႏိုင္ေလာက္တဲ့ တက္နင္းမႈမ်ိဳး ျပဳလုပ္မိခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ကို လစ္သူေယးနီးယား ဒိုင္လူႀကီး ဒိုနာတက္စ္ ႐ြမ္ဆက္စ္က VAR ျပန္ၾကည့္ၿပီး တိုက္႐ိုက္ အနီကတ္နဲ႔ ထုတ္ပယ္သြားခဲ့တာေၾကာင့္ မန္ယူတို႔ အေဝးကြင္းမွာ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရၿပီး ဧည့္သည္ေတြ ကံဆိုးဖို႔ ဒုတိယ အလွည့္အေျပာင္းျဖစ္သြားခဲ့တာပါ။
ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ကိုပင္ေဟဂင္တို႔ ေခ်ပဂိုးတစ္ဂိုးကို ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာေတာင္ပံတိုက္စစ္ကေန အန္ကာဆန္ ျဖတ္ပို႔ေပးတဲ့ ေဘာလုံးက ဧရိယာထဲက မန္ယူကစားသမားေတြကို ေက်ာ္ၿပီး က်လာခဲ့ရာမွာ ဘယ္ေတာင္ပံက ဂြန္ဆာလ္ဗက္စ္က အတြင္းကို ေျမမက် ျပန္႐ိုက္ခ်ေပးခဲ့တာကို ေဆာက္သမ္တန္ကစားသမားေဟာင္း အယ္လ္ယူႏူစီက မဆိုင္းမတြ ကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။
၁၃ မိနစ္အထိ ေပးခဲ့တဲ့ နာက်င္အခ်ိန္ပိုရဲ႕ ၉ မိနစ္ေျမာက္မွာေတာ့ လူ႐ႊင္ေတာ္ျဖစ္ဖို႔ အရန္ခုံက ထလာခဲ့တဲ့ ဗာ႐ြန္းရဲ႕ ဧရိယာထဲက အိုးနင္းခြက္နင္း လက္ထိေဘာေၾကာင့္ မန္ယူတို႔ ပင္နယ္တီ ေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ ကိုပင္ေဟဂင္ ကြင္းလယ္လူ ဂြန္ဆာလ္ဗက္စ္က အိုနာနာကို ေဘာလုံးနဲ႔ လူနဲ႔ တျခားစီျဖစ္ေအာင္ လွည့္စားကန္သြင္းသြားႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာ ႏွစ္ဂိုးစီ သေရက်ေနခဲ့ၾကပါတယ္။
ဒုတိယပိုင္းအစမွာေတာ့ မန္ယူတို႔ဘက္က အဲရစ္ဆန္အစား အမ္မရာဘတ္ကို လူစားလဲကစားခဲ့ၾကသလို ကြင္းလယ္မွာ Deep Lying ထားၿပီး ေကာင္တာေတြကေန ဆယ္ေယာက္နဲ႔ တန္ျပန္ထိုးႏွက္ႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂါနာခ်ိဳရဲ႕ အလုပ္မျဖစ္ခဲ့လို႔ စိတ္ပ်က္ခဲ့ရၿပီး အိုနာနာကေတာ့ အမွားမရွိဘဲ ကာကြယ္ေနခဲ့တာေၾကာင့္ ကိုပင္ေဟဂင္တို႔ဘက္က ဂိုးထပ္ရႏိုင္ဖို႔ အယ္လ္ယူႏူစီအစား လူငယ္ေတာင္ပံသမား ဘာ့ဂ္ဂ်ီကို ထည့္သြင္းလာခဲ့တာပါ။
ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ မန္ယူတို႔ တတိယဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ မက္ဂြိဳင္းယားရဲ႕ ေခါင္းတိုက္ခ်က္က ကိုပင္ေဟဂင္ ကစားသမား လီရာဂါရဲ႕ လက္နဲ႔ထိတယ္ဆိုၿပီး VAR ျပန္ၾကည့္ခဲ့လို႔ ရရွိခဲ့တဲ့ ပင္နယ္တီကို ဘ႐ူႏို ဖာနန္ဒက္စ္က ဂိုးသမား ဂရာဘာရာ ဒိုက္ပစ္တဲ့ဘက္နဲ႔ ေထာင့္ျဖတ္ျဖစ္တဲ့ ညာဘက္အေပၚေထာင့္ကို ကန္သြင္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ အိမ္ကြင္းအားအျပင္ လူတစ္ေယာက္အသာနဲ႔ ဖိတိုက္ေနတဲ့ ကိုပင္ေဟဂင္တို႔ သေရက်ေစမယ့္ တတိယ ေခ်ပဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ေဖာ့လ္ခ္က ဘယ္ျခမ္းကေန အေဝးတိုင္ဘက္ကို ျဖတ္တင္ေပးပို႔ခဲ့ရာမွာ လက္ထိတဲ့ အမွားကေန ဂိုးေပးထားခဲ့ရတဲ့ လီရာဂါက ဒါေလာ့ေနာက္ကေန ေျပးဝင္ပိတ္ၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။
ပြဲခ်ိန္ ၈၇ မိနစ္မွာ ကိုပင္ေဟဂင္တို႔ အႏိုင္ဂိုးကို ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေခါင္းႀကီးထက္ေတာင္ ဆယ္ဆမက ဆိုး႐ြားေနတဲ့ လူ႐ႊင္ေတာ္ ဗာ႐ြန္းရဲ႕ ေပးပို႔မႈ အမွားကေန ဆက္တိုက္တိုက္စစ္ဆင္လာၿပီး ဘယ္ျခမ္းကေန ျပန္လည္ျဖတ္တင္ေပးခဲ့တဲ့ ေဘာလုံးကို လူငယ္ကစားသမား ဘာ့ဂ္ဂ်ီက ဧရိယာထဲကေန ေျမေထာက္ Volley ကန္သြင္းၿပီး အိုနာနာကို အလဲထိုးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္အျပည့္မွာေတာ့ ကိုပင္ေဟဂင္တို႔က မန္ခ်က္စတာယူႏိုက္တက္တို႔ကို ေလးဂိုး-သုံးဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အုပ္စုကေန ေျခစစ္ပြဲေအာင္သြားခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕ေနာက္ ဒုတိယေနရာကို တက္လွမ္းလာႏိုင္ခဲ့ၾကခ်ိန္မွာ သရဲနီေတြကေတာ့ ၄ ပြဲမွာ ၁၁ ဂိုးအထိ ေပးခဲ့ရတဲ့ ခံစစ္နဲ႔ အုပ္စုေအာက္ဆုံးမွာ ေက်ာက္ခ်သြားခဲ့ၾကရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.ဒီေန႔ပြဲမွာ ပရီးမီးယားလိဂ္ ၇ ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုး သုည၊ ဖန္တီးမႈ သုညျဖစ္ေနလို႔ အေလွာင္ေျပာင္ခံေနရတဲ့ တိုက္စစ္မႉး ဟြိဳင္လန္းရဲ႕ ဂိုးႏွစ္ဂိုးအျပင္ အသင္းေခါင္းေဆာင္ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီပါ ရခဲ့ေပမယ့္ သည္းထိတ္ရင္ဖို ႐ိုလာကိုစတာရလဒ္ေတြနဲ႔ သိပ္ကို ရင္းႏွီးေနတဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔ ကိုပင္ေဟဂင္ကြင္းမွာ ရႈံးပြဲနဲ႔ပဲ ရင္ဆိုင္ခဲ့ၾကရတာျဖစ္ပါတယ္။