Premier League

ကစားသမားဘဝတလျှောက် အဆိုးဆုံးအသင်းဖော်အဖြစ် ပေါ်တူဂီကြယ်ပွင့်ကို သတ်မှတ်ခဲ့တဲ့ ဝိန်း

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်ဂန္တဝင် ဝိန်း ရူနီက ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝအတွင်း အကောင်းဆုံးနဲ့ အဆိုးရွားဆုံးအသင်းဖော်တွေကို သတ်မှတ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီး ၁၉ နှစ်ကြာ ကစားသမားဘဝကို အဆုံးသတ်တဲ့ ဝိန်း ရူနီဟာ မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်ရဲ့ စံချိန်တင် ဂိုးသွင်းရှင်ဖြစ်ခဲ့သူဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်အပါအဝင် ဆုဖလား ၁၆ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့ပြီးနောက် ဝိန်း ရူနီဟာ မိခင်ကလပ်ဖြစ်တဲ့ အဲဗာတန်အတွက် ပြန်ကစားပေးခဲ့ပြီး ချန်ပီယံရှစ်ကလပ်ဖြစ်တဲ့ ဒါဘီကောင်တီမှာ ကစားသမားဘဝကို အဆုံးသတ်ပြီးနောက် နည်းပြဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ကစားသမားဘဝတလျှောက်လုံး အင်္ဂလန်ကြယ်ပွင့်ဟာ ၎င်းရဲ့ မျိုးဆက်အတွင်း အကောင်းဆုံးကစားသမားအချို့နဲ့ ကစားခဲ့သူဖြစ်ပြီး အဲဒီထဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ပေါလ် စခိုးလ်၊ ရိုင်ယန် ဂစ်၊ ဖာဒီနန်တို့လို ကစားသမားတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ချန်ပီယံရှစ်ကလပ် ဘာမင်ဟမ်ရဲ့ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ဝိန်း ရူနီက ၎င်းရဲ့ အကောင်းဆုံးအသင်းဖော်ကို ထုတ်ဖော် ပြောကြားခဲ့ပြီး အတူတူ ကစားဖို့ အခက်ခဲဆုံးဖြစ်ခဲ့တဲ့ ကစားသမားကိုလည်း ပြောပြခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ အကောင်းဆုံးအသင်းဖော်က ဒါရင်း ဖလက်ချာလို့ပဲ ပြောရမှာပါ။ တကယ်ကို ရင်းနှီးခဲ့တဲ့ အိုရှေး၊ ဝက်စ် ဘရောင်း၊ ကားရစ်တို့လို ကစားသမားအချို့လည်း ရှိပါတယ်။ ဒါပေမယ့် ဖလက်ကတော့ အဝတ်လဲခန်းထဲမှာ ဘေးချင်းကပ်ထိုင်ခဲ့တဲ့တစ်ယောက်ဖြစ်ပြီး ကွင်းတွင်းရော ကွင်းပြင်ပမှာပါ တကယ်ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို မျှဝေခဲ့ကြပါတယ်။ ကျွန်တော့်ရဲ့ အဆိုးရွားဆုံးအသင်းဖော်က ခင်ဗျား ထင်နေတာထက် အများကြီးပိုများပါတယ်။ ကွင်းထဲမှာတော့ တွဲကစားရ အခက်ခဲဆုံးသူက နာနီပါ။ သူနဲ့ တွဲကစားရတာက စိတ်ပျက်စရာကောင်းခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဂၤလန္ဂႏၲဝင္ ဝိန္း ႐ူနီက ၎ရဲ႕ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝအတြင္း အေကာင္းဆုံးနဲ႔ အဆိုး႐ြားဆုံးအသင္းေဖာ္ေတြကို သတ္မွတ္ခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္မွာ ကစားသမားဘဝကေန အနားယူခဲ့ၿပီး ၁၉ ႏွစ္ၾကာ ကစားသမားဘဝကို အဆုံးသတ္တဲ့ ဝိန္း ႐ူနီဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဂၤလန္ရဲ႕ စံခ်ိန္တင္ ဂိုးသြင္းရွင္ျဖစ္ခဲ့သူျဖစ္ၿပီး အိုးထရက္ဖို႔ဒ္မွာ ပရီးမီးယားလိဂ္ဖလား ၅ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္အပါအဝင္ ဆုဖလား ၁၆ လုံးအထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္မွာ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ဝိန္း ႐ူနီဟာ မိခင္ကလပ္ျဖစ္တဲ့ အဲဗာတန္အတြက္ ျပန္ကစားေပးခဲ့ၿပီး ခ်န္ပီယံရွစ္ကလပ္ျဖစ္တဲ့ ဒါဘီေကာင္တီမွာ ကစားသမားဘဝကို အဆုံးသတ္ၿပီးေနာက္ နည္းျပျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

ကစားသမားဘဝတေလွ်ာက္လုံး အဂၤလန္ၾကယ္ပြင့္ဟာ ၎ရဲ႕ မ်ိဳးဆက္အတြင္း အေကာင္းဆုံးကစားသမားအခ်ိဳ႕နဲ႔ ကစားခဲ့သူျဖစ္ၿပီး အဲဒီထဲမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ေပါလ္ စခိုးလ္၊ ႐ိုင္ယန္ ဂစ္၊ ဖာဒီနန္တို႔လို ကစားသမားေတြလည္း ပါဝင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ ခ်န္ပီယံရွစ္ကလပ္ ဘာမင္ဟမ္ရဲ႕ နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ေနတဲ့ ဝိန္း ႐ူနီက ၎ရဲ႕ အေကာင္းဆုံးအသင္းေဖာ္ကို ထုတ္ေဖာ္ ေျပာၾကားခဲ့ၿပီး အတူတူ ကစားဖို႔ အခက္ခဲဆုံးျဖစ္ခဲ့တဲ့ ကစားသမားကိုလည္း ေျပာျပခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံးအသင္းေဖာ္က ဒါရင္း ဖလက္ခ်ာလို႔ပဲ ေျပာရမွာပါ။ တကယ္ကို ရင္းႏွီးခဲ့တဲ့ အိုေရွး၊ ဝက္စ္ ဘေရာင္း၊ ကားရစ္တို႔လို ကစားသမားအခ်ိဳ႕လည္း ရွိပါတယ္။ ဒါေပမယ့္ ဖလက္ကေတာ့ အဝတ္လဲခန္းထဲမွာ ေဘးခ်င္းကပ္ထိုင္ခဲ့တဲ့တစ္ေယာက္ျဖစ္ၿပီး ကြင္းတြင္းေရာ ကြင္းျပင္ပမွာပါ တကယ္ေကာင္းမြန္တဲ့ အခိုက္အတန႔္ေတြကို မွ်ေဝခဲ့ၾကပါတယ္။ ကြၽန္ေတာ့္ရဲ႕ အဆိုး႐ြားဆုံးအသင္းေဖာ္က ခင္ဗ်ား ထင္ေနတာထက္ အမ်ားႀကီးပိုမ်ားပါတယ္။ ကြင္းထဲမွာေတာ့ တြဲကစားရ အခက္ခဲဆုံးသူက နာနီပါ။ သူနဲ႔ တြဲကစားရတာက စိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.