Bundesliga Match Report Premier League UCL&UEL

ဂျာမန်မှာ ရေနံမထွက်ဘူးဆိုပြီး ငှက်ကျားလေးတွေကို ကြိတ်ပေးလိုက်တဲ့ ဒေါ့မွန်

ဘိုရုဆီးယား ဒေါ့မွန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကိုဘယ်လ်၊ ခံစစ်မှာ ဟမ်းမဲလ်၊ ရှလော့တာဘက်ခ်၊ ဆူးလားနဲ့ ရိုင်ယာဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဘစ်ဇာ၊ အို့ဇ်ချန်နဲ့ နမီချာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အဒီယီမီ၊ ဘရန့်ဒ်နဲ့ ဖူးလ်ကရပ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ရေနံစားတဲ့ ဧည့်သည် ငှက်ကျားလေးတွေကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ လာဆယ်လက်စ်၊ ရှား၊ ထရစ်ပီယာနဲ့ ဟောလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဝီလော့ခ်၊ လောင်းစတပ်ဖ်၊ လီဗရာမင်တိုနဲ့ ဂျိုလင်တန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဝီလ်ဆန်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

အဝေးကွင်းမှာ ခပ်ကြမ်းကြမ်း ကစားဖို့ ကြိုးစားလာတဲ့ နယူးကာဆယ်လ်တို့ စောစောစီးစီးပဲ အဝါပြခံခဲ့ရတာကြောင့် ဒါက ပရီးမီးယားလိဂ်က ရေနံလောင်းလို့ရတဲ့ နေရာ မဟုတ်ဘူးဆိုတာ သဘောပေါက်ပြီး ရှိန်သွားခဲ့ကြသလို ပရိသတ်အားပေးမှုကောင်းတဲ့ ဒေါ့မွန်ရဲ့ အဝါရောင်နံရံကြီးလို ပွဲကြည့်စင်တွေက အော်ဟစ်သံတွေနဲ့ ပိုက်ဆံအတုတွေ ကြဲချပြီး လှောင်ပြောင်မှုကလည်း သူတို့ကို ခက်ခဲစေခဲ့ပါတယ်။

ငှက်ကျားတွေအနေနဲ့ ဘောလုံးကိုင်ခွင့်ရခဲ့ပေမယ့် ဒါက သူတို့ရဲ့ ပိုင်နိုင်ကျွမ်းကျင်တဲ့ ဗျူဟာ မဟုတ်တာကြောင့် အသက် ၄၁ နှစ်သာ ရှိသေးတဲ့ ဒေါ့မွန်နည်းပြ အီဒင် တာဇစ်ချ်ရဲ့ မှန်ကန်တဲ့ ဗျူဟာကို ချီးကျူးရမှာဖြစ်ပြီး ဖူးလ်ကရပ်ချ်နဲ့ အဒီယီမီတို့ရဲ့ ကန်ချက်တွေကို နစ်ခ် ပုပ် ကာကွယ်နိုင်ခဲ့လို့သာ အက်ဒီဟောင်းရဲ့လူတွေ စောစောစီးစီး မကျရှုံးခဲ့ရတာပါ။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဒေါ့မွန်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မကြာခဏ တိုးဝင်နေခဲ့တဲ့ တိုက်စစ်ကို ခြေလေးနေတဲ့ နယူးကာဆယ်လ်ခံစစ်က မရှင်းထုတ်နိုင်ခဲ့လို့ ဧရိယာထဲမှာ ဘောလုံးရပြီး ဂိုးရှေ့ကို ချိုးပေးတဲ့ ဆာဘစ်ဇာရဲ့ ပေးပို့မှုကို ဖူးလ်ကရပ်ချ်က အနီးကပ် ပိတ်သွင်းပြီး အိမ်ရှင်တွေကို စတင်ဦးဆောင်စေခဲ့ပါတယ်။

ကောင်တာအားပြုတဲ့အသင်းကို ဘောလုံးပေးကိုင်ပြီး ကောင်တာနဲ့ ပြန်အတီးခံရတဲ့အခါ နယူးကာဆယ်လ်တို့အတွက် ဘာအဖြေမှ မရှိတော့ဘဲ ဖြစ်ခဲ့ရသလို ပထမပိုင်းအပြီးမှာတော့ လုပ်စားလို့ မရတော့တဲ့ ဝီလ်ဆန်နဲ့ ဟောလ်တို့အစား အယ်လ်မီရွန်နဲ့ ဂေါ်ဒန်တို့ကို ထည့်သွင်းလာခဲ့ပြီး မရဏအုပ်စုက အမှတ်ရှာနိုင်ဖို့ အက်ဒီဟောင်းတစ်ယောက် ဂဠုန်ဆားချက်လာခဲ့တာပါ။

ဒေါ့မွန်တို့ဘက်က အဒီယီမီသာ တစ်ကိုယ်ကောင်းမဆန်ဘဲ ဖန်တီးမှုအမြင်ရှိရင် အိမ်ရှင်တွေ ဒီထက်ပိုပြီး ဂိုးရနိုင်ခဲ့မှာဖြစ်ပေမယ့် ရင့်ကျက်မှု နည်းနေသေးပြီး လုပ်ချင်ကိုင်ချင်စိတ် အရမ်းများနေခဲ့တဲ့ နိုင်ဂျီးရီးယားနွယ်ဖွား ဂျာမန်ချာတိတ်ကြောင့် ငှက်ကျားတွေ သက်သာခွင့်ရခဲ့သလို ဝါရင့် ဘရန့်ဒ်နဲ့ ဖူးလ်ကရပ်တို့ကတော့ သူတို့ဆီ ဘောလုံးအရောက်နည်းလို့ စိတ်ပျက်နေခဲ့ရပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာ နယူးကာဆယ်လ်တို့အတွက် အကောင်းဆုံး အခွင့်အရေးကို ဂျိုလင်တန် အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဘေးချော်သွားခဲ့ပြီး ဒေါ့မွန်တို့ရဲ့ ထိုးဖောက်ကန်သွင်းမှုတွေမှာတော့ ဂိုးသမား နစ်ခ် ပုပ်တစ်ယောက် မပဋာ မြေလူးဖြစ်နေခဲ့သလို အိမ်ရှင်တွေအနေနဲ့ အခွင့်အရေးတွေ ဖန်တီးတည်ဆောက်ရာမှာ စိတ်မရှည်ခဲ့လို့သာ ပွဲက မပြတ်ခဲ့ရတာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဒေါ့မွန်တို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နယူးကာဆယ်လ်တို့ရဲ့ ထောင့်ကန်ဘောက ပြန်ထွက်လာရာမှာ အဒီယီမီရဲ့ အဝေးဘောနဲ့အတူ တန်ပြန်တိုက်စစ် စတင်လာခဲ့တဲ့ ဘရန့်ဒ်နဲ့ ဆာဘစ်ဇာတို့က အတူတက်လာခဲ့ပြီး လီဗရာမင်တိုကို 2 Vs 1 အနေအထားကနေ ကူကယ်ရာမဲ့စေခဲ့ပြီးမှ ဘရန့်ဒ်က ဘယ်ခြေနဲ့ အပိုင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ရေနံလောင်းလို့ မရတဲ့ နေရာမှာ ငှက်ကျားလေးတွေကို ဒေါ့မွန်တို့က တစ်ဝကြီး လှောင်ပြောင်ပြီးမှ နှစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ မီးကင်စားသွားခဲ့သလို မရဏအုပ်စုဖြစ်တဲ့ အုပ်စု(အက်ဖ်)ရဲ့ ပထမနေရာကို နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် ၇ မှတ်နဲ့ သိမ်းပိုက်သွားခဲ့ချိန်မှာ အင်္ကျီစိမ်းလေးနဲ့ အသင်းကတော့ အုပ်စုအောက်ဆုံးကို ရောက်သွားခဲ့ရပါကြောင်းလည်း ဖော်ပြပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘို႐ုဆီးယား ေဒါ့မြန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကိုဘယ္လ္၊ ခံစစ္မွာ ဟမ္းမဲလ္၊ ရွေလာ့တာဘက္ခ္၊ ဆူးလားနဲ႔ ႐ိုင္ယာဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဘစ္ဇာ၊ အို႔ဇ္ခ်န္နဲ႔ နမီခ်ာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အဒီယီမီ၊ ဘရန႔္ဒ္နဲ႔ ဖူးလ္ကရပ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ေရနံစားတဲ့ ဧည့္သည္ ငွက္က်ားေလးေတြကေတာ့ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ လာဆယ္လက္စ္၊ ရွား၊ ထရစ္ပီယာနဲ႔ ေဟာလ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ဝီေလာ့ခ္၊ ေလာင္းစတပ္ဖ္၊ လီဗရာမင္တိုနဲ႔ ဂ်ိဳလင္တန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဝီလ္ဆန္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

အေဝးကြင္းမွာ ခပ္ၾကမ္းၾကမ္း ကစားဖို႔ ႀကိဳးစားလာတဲ့ နယူးကာဆယ္လ္တို႔ ေစာေစာစီးစီးပဲ အဝါျပခံခဲ့ရတာေၾကာင့္ ဒါက ပရီးမီးယားလိဂ္က ေရနံေလာင္းလို႔ရတဲ့ ေနရာ မဟုတ္ဘူးဆိုတာ သေဘာေပါက္ၿပီး ရွိန္သြားခဲ့ၾကသလို ပရိသတ္အားေပးမႈေကာင္းတဲ့ ေဒါ့မြန္ရဲ႕ အဝါေရာင္နံရံႀကီးလို ပြဲၾကည့္စင္ေတြက ေအာ္ဟစ္သံေတြနဲ႔ ပိုက္ဆံအတုေတြ ႀကဲခ်ၿပီး ေလွာင္ေျပာင္မႈကလည္း သူတို႔ကို ခက္ခဲေစခဲ့ပါတယ္။

ငွက္က်ားေတြအေနနဲ႔ ေဘာလုံးကိုင္ခြင့္ရခဲ့ေပမယ့္ ဒါက သူတို႔ရဲ႕ ပိုင္ႏိုင္ကြၽမ္းက်င္တဲ့ ဗ်ဴဟာ မဟုတ္တာေၾကာင့္ အသက္ ၄၁ ႏွစ္သာ ရွိေသးတဲ့ ေဒါ့မြန္နည္းျပ အီဒင္ တာဇစ္ခ်္ရဲ႕ မွန္ကန္တဲ့ ဗ်ဴဟာကို ခ်ီးက်ဴးရမွာျဖစ္ၿပီး ဖူးလ္ကရပ္ခ်္နဲ႔ အဒီယီမီတို႔ရဲ႕ ကန္ခ်က္ေတြကို နစ္ခ္ ပုပ္ ကာကြယ္ႏိုင္ခဲ့လို႔သာ အက္ဒီေဟာင္းရဲ႕လူေတြ ေစာေစာစီးစီး မက်ရႈံးခဲ့ရတာပါ။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ေဒါ့မြန္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန မၾကာခဏ တိုးဝင္ေနခဲ့တဲ့ တိုက္စစ္ကို ေျခေလးေနတဲ့ နယူးကာဆယ္လ္ခံစစ္က မရွင္းထုတ္ႏိုင္ခဲ့လို႔ ဧရိယာထဲမွာ ေဘာလုံးရၿပီး ဂိုးေရွ႕ကို ခ်ိဳးေပးတဲ့ ဆာဘစ္ဇာရဲ႕ ေပးပို႔မႈကို ဖူးလ္ကရပ္ခ်္က အနီးကပ္ ပိတ္သြင္းၿပီး အိမ္ရွင္ေတြကို စတင္ဦးေဆာင္ေစခဲ့ပါတယ္။

ေကာင္တာအားျပဳတဲ့အသင္းကို ေဘာလုံးေပးကိုင္ၿပီး ေကာင္တာနဲ႔ ျပန္အတီးခံရတဲ့အခါ နယူးကာဆယ္လ္တို႔အတြက္ ဘာအေျဖမွ မရွိေတာ့ဘဲ ျဖစ္ခဲ့ရသလို ပထမပိုင္းအၿပီးမွာေတာ့ လုပ္စားလို႔ မရေတာ့တဲ့ ဝီလ္ဆန္နဲ႔ ေဟာလ္တို႔အစား အယ္လ္မီ႐ြန္နဲ႔ ေဂၚဒန္တို႔ကို ထည့္သြင္းလာခဲ့ၿပီး မရဏအုပ္စုက အမွတ္ရွာႏိုင္ဖို႔ အက္ဒီေဟာင္းတစ္ေယာက္ ဂဠဳန္ဆားခ်က္လာခဲ့တာပါ။

ေဒါ့မြန္တို႔ဘက္က အဒီယီမီသာ တစ္ကိုယ္ေကာင္းမဆန္ဘဲ ဖန္တီးမႈအျမင္ရွိရင္ အိမ္ရွင္ေတြ ဒီထက္ပိုၿပီး ဂိုးရႏိုင္ခဲ့မွာျဖစ္ေပမယ့္ ရင့္က်က္မႈ နည္းေနေသးၿပီး လုပ္ခ်င္ကိုင္ခ်င္စိတ္ အရမ္းမ်ားေနခဲ့တဲ့ ႏိုင္ဂ်ီးရီးယားႏြယ္ဖြား ဂ်ာမန္ခ်ာတိတ္ေၾကာင့္ ငွက္က်ားေတြ သက္သာခြင့္ရခဲ့သလို ဝါရင့္ ဘရန႔္ဒ္နဲ႔ ဖူးလ္ကရပ္တို႔ကေတာ့ သူတို႔ဆီ ေဘာလုံးအေရာက္နည္းလို႔ စိတ္ပ်က္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာ နယူးကာဆယ္လ္တို႔အတြက္ အေကာင္းဆုံး အခြင့္အေရးကို ဂ်ိဳလင္တန္ အပိုင္ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ေဘးေခ်ာ္သြားခဲ့ၿပီး ေဒါ့မြန္တို႔ရဲ႕ ထိုးေဖာက္ကန္သြင္းမႈေတြမွာေတာ့ ဂိုးသမား နစ္ခ္ ပုပ္တစ္ေယာက္ မပဋာ ေျမလူးျဖစ္ေနခဲ့သလို အိမ္ရွင္ေတြအေနနဲ႔ အခြင့္အေရးေတြ ဖန္တီးတည္ေဆာက္ရာမွာ စိတ္မရွည္ခဲ့လို႔သာ ပြဲက မျပတ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ေဒါ့မြန္တို႔ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ နယူးကာဆယ္လ္တို႔ရဲ႕ ေထာင့္ကန္ေဘာက ျပန္ထြက္လာရာမွာ အဒီယီမီရဲ႕ အေဝးေဘာနဲ႔အတူ တန္ျပန္တိုက္စစ္ စတင္လာခဲ့တဲ့ ဘရန႔္ဒ္နဲ႔ ဆာဘစ္ဇာတို႔က အတူတက္လာခဲ့ၿပီး လီဗရာမင္တိုကို 2 Vs 1 အေနအထားကေန ကူကယ္ရာမဲ့ေစခဲ့ၿပီးမွ ဘရန႔္ဒ္က ဘယ္ေျခနဲ႔ အပိုင္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေရနံေလာင္းလို႔ မရတဲ့ ေနရာမွာ ငွက္က်ားေလးေတြကို ေဒါ့မြန္တို႔က တစ္ဝႀကီး ေလွာင္ေျပာင္ၿပီးမွ ႏွစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ မီးကင္စားသြားခဲ့သလို မရဏအုပ္စုျဖစ္တဲ့ အုပ္စု(အက္ဖ္)ရဲ႕ ပထမေနရာကို ႏွစ္ပြဲႏိုင္၊ တစ္ပြဲသေရ၊ တစ္ပြဲရႈံး၊ ရမွတ္ ၇ မွတ္နဲ႔ သိမ္းပိုက္သြားခဲ့ခ်ိန္မွာ အက်ႌစိမ္းေလးနဲ႔ အသင္းကေတာ့ အုပ္စုေအာက္ဆုံးကို ေရာက္သြားခဲ့ရပါေၾကာင္းလည္း ေဖာ္ျပေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.