UCL&UEL

အေစီမီလန်နဲ့ပွဲမှာ ပိုက်ဆံတုမိုးရွာချခြင်းခံခဲ့ရတဲ့ ပီအက်စ်ဂျီကြယ်ပွင့်

အေစီမီလန်ပရိသတ် ရာပေါင်းများစွာဟာ အင်္ဂါနေ့ညက ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမတိုင်ခင် ကစားသမားဟောင်း ဒွန်နာရမ်းမားကို ငွေအတုတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

ဒွန်နာရမ်းမားဟာ အေစီမီလန်ကို အသက် ၁၄ နှစ်အရွယ်မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စီးရီးအေထိပ်သီးအသင်းကြီးအတွက် ပြိုင်ပွဲစုံမှာ ပွဲ ၂၅၀ ကျော် ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီတလီဂိုးသမားဟာ မိခင်ကလပ်အသင်းနဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၁၃၀၀၀၀ တန်ကြေးရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့တဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ပြီးနောက် ၎င်းရဲ့ အမွေအနှစ်တွေဟာ ပျက်စီးခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ဂိုးသမားဟာ နောက်ဆုံးမှာတော့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ လီဂူးဝမ်းချန်ပီယံတွေဖြစ်တဲ့ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒွန်နာရမ်းမားဟာ ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရသူဖြစ်ပြီး အင်္ဂါနေ့ညမှာတော့ အသင်းဟောင်းနဲ့ ချန်ပီယံလိဂ်မှာ ပြန်လည်ရင်ဆိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ပွဲမတိုင်ခင်မှာ ဒွန်နာရမ်းမားရဲ့ အိမ်ပြန်ခရီးကို အေစီမီလန်ပရိသတ်တွေက ခါးခါးသီးသီး ကြိုဆိုခဲ့ကြပြီး ပရိသတ်တွေဟာ ငွေကြေးကြောင့် သစ္စာဖောက်သွားတဲ့ ကစားသမားအပေါ် ငွေတုမိုးတွေ ရွာချခဲ့ကြတာဖြစ်ပါတယ်။

အဲဒီငွေတုတွေထဲမှာ “ဂုဏ်သိက္ခာမရှိတဲ့သူ”၊ “ဒေါ်လာရမ်းမား”ဆိုတဲ့ စာသားတွေပါဝင်တဲ့အပြင် အေစီမီလန် ပရိသတ်အချို့ဟာ ကျောနံပါတ် ၇၁ နဲ့ တီရှပ်ပုံကိုလည်း ထည့်သွင်းထားခဲ့ပြီး နေပယ် ဓလေ့ထုံးစံမှာ နံပါတ် ၇၁ ဟာ တန်ဖိုးမရှိတဲ့သူလို့ အဓိပ္ပာယ်ရပါတယ်။

ငွေတုမိုးကိစ္စအပြင် အေစီမီလန်နဲ့ ပီအက်စ်ဂျီတို့ ကစားခဲ့တဲ့ပွဲစဉ်ကလည်း ဝရုန်းသုန်းကားစတင်မှုမျိုးဖြစ်ခဲ့ပြီး မီလန် စခရီနီယာက လူးဝစ္စ အန်နရီကေးရဲ့အသင်းအတွက် ၉ မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့်လည်း အေစီမီလန်တိုက်စစ်မှူး ရာဖေးလ် လီအိုက သိပ်မကြာခင်မှာပဲ လေပေါ်ဝဲကန်ချက်နဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း မိနစ် ၅၀ မှာ ဂျီရူးက ၂-၁ နဲ့ အနိုင်ရရှိစေမယ့် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အေစီမီလန်ဟာ အုပ်စု ပထမနေရာက ဒေါ့မွန်နဲ့ ၂ မှတ်အကွာ၊ ဒုတိယနေရာက ပီအက်စ်ဂျီနဲ့ ၁ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ကို အသက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေအစီမီလန္ပရိသတ္ ရာေပါင္းမ်ားစြာဟာ အဂၤါေန႔ညက ပီအက္စ္ဂ်ီနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမတိုင္ခင္ ကစားသမားေဟာင္း ဒြန္နာရမ္းမားကို ေငြအတုေတြနဲ႔ ပစ္ေပါက္ခဲ့ၾကပါတယ္။

ဒြန္နာရမ္းမားဟာ ေအစီမီလန္ကို အသက္ ၁၄ ႏွစ္အ႐ြယ္မွာ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး စီးရီးေအထိပ္သီးအသင္းႀကီးအတြက္ ၿပိဳင္ပြဲစုံမွာ ပြဲ ၂၅၀ ေက်ာ္ ပါဝင္ကစားေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

ဒါေပမယ့္လည္း အီတလီဂိုးသမားဟာ မိခင္ကလပ္အသင္းနဲ႔ တစ္ပတ္လုပ္ခလစာ ေပါင္ ၁၃၀၀၀၀ တန္ေၾကးရွိတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တဲ့ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျငင္းဆန္ခဲ့ၿပီးေနာက္ ၎ရဲ႕ အေမြအႏွစ္ေတြဟာ ပ်က္စီးခဲ့တာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ဂိုးသမားဟာ ေနာက္ဆုံးမွာေတာ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားခဲ့ၿပီး ၂၀၂၁ ခုႏွစ္မွာ လီဂူးဝမ္းခ်န္ပီယံေတြျဖစ္တဲ့ ပီအက္စ္ဂ်ီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဒြန္နာရမ္းမားဟာ ကမာၻေပၚက အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံခဲ့ရသူျဖစ္ၿပီး အဂၤါေန႔ညမွာေတာ့ အသင္းေဟာင္းနဲ႔ ခ်န္ပီယံလိဂ္မွာ ျပန္လည္ရင္ဆိုင္ကစားခဲ့ရတာ ျဖစ္ပါတယ္။ ပြဲမတိုင္ခင္မွာ ဒြန္နာရမ္းမားရဲ႕ အိမ္ျပန္ခရီးကို ေအစီမီလန္ပရိသတ္ေတြက ခါးခါးသီးသီး ႀကိဳဆိုခဲ့ၾကၿပီး ပရိသတ္ေတြဟာ ေငြေၾကးေၾကာင့္ သစၥာေဖာက္သြားတဲ့ ကစားသမားအေပၚ ေငြတုမိုးေတြ ႐ြာခ်ခဲ့ၾကတာျဖစ္ပါတယ္။

အဲဒီေငြတုေတြထဲမွာ “ဂုဏ္သိကၡာမရွိတဲ့သူ”၊ “ေဒၚလာရမ္းမား”ဆိုတဲ့ စာသားေတြပါဝင္တဲ့အျပင္ ေအစီမီလန္ ပရိသတ္အခ်ိဳ႕ဟာ ေက်ာနံပါတ္ ၇၁ နဲ႔ တီရွပ္ပုံကိုလည္း ထည့္သြင္းထားခဲ့ၿပီး ေနပယ္ ဓေလ့ထုံးစံမွာ နံပါတ္ ၇၁ ဟာ တန္ဖိုးမရွိတဲ့သူလို႔ အဓိပၸာယ္ရပါတယ္။

ေငြတုမိုးကိစၥအျပင္ ေအစီမီလန္နဲ႔ ပီအက္စ္ဂ်ီတို႔ ကစားခဲ့တဲ့ပြဲစဥ္ကလည္း ဝ႐ုန္းသုန္းကားစတင္မႈမ်ိဳးျဖစ္ခဲ့ၿပီး မီလန္ စခရီနီယာက လူးဝစၥ အန္နရီေကးရဲ႕အသင္းအတြက္ ၉ မိနစ္မွာ အဖြင့္ဂိုး သြင္းယူခဲ့ေပမယ့္လည္း ေအစီမီလန္တိုက္စစ္မႉး ရာေဖးလ္ လီအိုက သိပ္မၾကာခင္မွာပဲ ေလေပၚဝဲကန္ခ်က္နဲ႔ ေခ်ပဂိုးကို သြင္းယူေပးခဲ့ၿပီး ဒုတိယပိုင္း မိနစ္ ၅၀ မွာ ဂ်ီ႐ူးက ၂-၁ နဲ႔ အႏိုင္ရရွိေစမယ့္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ေအစီမီလန္ဟာ အုပ္စု ပထမေနရာက ေဒါ့မြန္နဲ႔ ၂ မွတ္အကြာ၊ ဒုတိယေနရာက ပီအက္စ္ဂ်ီနဲ႔ ၁ မွတ္အကြာ အဆင့္ ၃ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး ရႈံးထြက္အဆင့္တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ကို အသက္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.