UCL&UEL

ဆဲလ်တစ်နဲ့ ပွဲမှာ မယုံနိုင်စရာ ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တဲ့ ဂရစ်ဇ်မန်း

အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့် ဂရစ်ဇ်မန်းက ဆဲလ်တစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်အတွင်း ရင်သပ်ရှုမောဖွယ် ဘိုင်စကယ်ကန်ချက်နဲ့ ကန်သွင်းယူခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ စပိန်လာလီဂါထိပ်သီးအသင်းကြီးအတွက် ၆ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ဆဲလ်တစ်ဟာ မအဲဒ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် တစ်ယေက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

အယ်လ်ဗာရို မိုရာတာက ပထမပိုင်း မပြီးဆုံးခင်မှာ အက်သလက်တီကို မက်ဒရစ်ကို ၂-၀ နဲ့ ဦးဆောင်နိုင်စေမယ့် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဂရစ်ဇ်မန်းက အသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးကို မယုံနိုင်စရာ ကန်သွင်းချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘောလုံးကို မားကို့စ် ယော်ရန်တေးက ဖြတ်တင်ပေးပို့လိုက်ရာမှာ ဆဲလ်တစ်နောက်ခံကစားသမားနဲ့ ထိပြီး လမ်းကြောင်း ပြောင်းသွားခဲ့ပေမယ့်လည်း ဂရစ်ဇ်မန်းက သတိလျင်လျင်ထားပြီး ကိုယ်ကို အမြန်လှည့်ပြီး ဘိုင်စကယ်ကန်ချက်နဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ ဂရစ်ဇ်မန်းရဲ့ ဆဲလ်တစ်နဲ့ပွဲစဉ်အတွင်း ဒုတိယသွင်းဂိုးဖြစ်ခဲ့ပြီး လူစားဝင်ကစားသမား လီနိုက ပွဲကစားချိန်ပြည့်ဖို့ ၂၅ မိနစ်အလိုမှာ ၄-၀ နဲ့ ဦးဆောင်နိုင်စေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂရစ်ဇ်မန်းဟာ ဟက်ထရစ်သွင်းဂိုးနဲ့အတူ ပွဲဘောလုံးကို အိမ်ပြန်ယူသွားဖို့ အခွင့်အရေး မရခဲ့ဘဲ အံ့အားသင့်ဖွယ် ဘိုင်စကယ်ကန်ချက်နဲ့ ဂိုးသွင်းယူပြီးနောက် ဒီယေဂို ဆီမီယွန်နီရဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရတာကြောင့် ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အတွက် နောက်ထပ်ဦးဆောင်ဂိုးတွေကို မိုရာတာနဲ့ ဆာအူးလ် နီဂယ်တို့က ၇၆ မိနစ်နဲ့ ၈၄ မိနစ်တို့မှာ အသီးသီး သွင်းယူပေးခဲ့ကြပြီး ၆-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆီမီယွန်နီရဲ့အသင်းဟာ အုပ်စု အီးမှာ ရမှတ် ၈ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္သလက္တီကို မက္ဒရစ္ၾကယ္ပြင့္ ဂရစ္ဇ္မန္းက ဆဲလ္တစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အတြင္း ရင္သပ္ရႈေမာဖြယ္ ဘိုင္စကယ္ကန္ခ်က္နဲ႔ ကန္သြင္းယူခဲ့ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ စပိန္လာလီဂါထိပ္သီးအသင္းႀကီးအတြက္ ၆ မိနစ္မွာ အဖြင့္ဂိုး သြင္းယူေပးခဲ့တာျဖစ္ၿပီး ဆဲလ္တစ္ဟာ မအဲဒ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ တစ္ေယက္ေလ်ာ့နဲ႔ ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။

အယ္လ္ဗာ႐ို မိုရာတာက ပထမပိုင္း မၿပီးဆုံးခင္မွာ အက္သလက္တီကို မက္ဒရစ္ကို ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ေစမယ့္ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ဂရစ္ဇ္မန္းက အသင္းအတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို မယုံႏိုင္စရာ ကန္သြင္းခ်က္နဲ႔ သြင္းယူခဲ့တာျဖစ္ပါတယ္။

ေဘာလုံးကို မားကို႔စ္ ေယာ္ရန္ေတးက ျဖတ္တင္ေပးပို႔လိုက္ရာမွာ ဆဲလ္တစ္ေနာက္ခံကစားသမားနဲ႔ ထိၿပီး လမ္းေၾကာင္း ေျပာင္းသြားခဲ့ေပမယ့္လည္း ဂရစ္ဇ္မန္းက သတိလ်င္လ်င္ထားၿပီး ကိုယ္ကို အျမန္လွည့္ၿပီး ဘိုင္စကယ္ကန္ခ်က္နဲ႔ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီသြင္းဂိုးဟာ ဂရစ္ဇ္မန္းရဲ႕ ဆဲလ္တစ္နဲ႔ပြဲစဥ္အတြင္း ဒုတိယသြင္းဂိုးျဖစ္ခဲ့ၿပီး လူစားဝင္ကစားသမား လီႏိုက ပြဲကစားခ်ိန္ျပည့္ဖို႔ ၂၅ မိနစ္အလိုမွာ ၄-၀ နဲ႔ ဦးေဆာင္ႏိုင္ေစမယ့္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂရစ္ဇ္မန္းဟာ ဟက္ထရစ္သြင္းဂိုးနဲ႔အတူ ပြဲေဘာလုံးကို အိမ္ျပန္ယူသြားဖို႔ အခြင့္အေရး မရခဲ့ဘဲ အံ့အားသင့္ဖြယ္ ဘိုင္စကယ္ကန္ခ်က္နဲ႔ ဂိုးသြင္းယူၿပီးေနာက္ ဒီေယဂို ဆီမီယြန္နီရဲ႕ လူစားလဲလွယ္ျခင္းခံခဲ့ရတာေၾကာင့္ ျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အတြက္ ေနာက္ထပ္ဦးေဆာင္ဂိုးေတြကို မိုရာတာနဲ႔ ဆာအူးလ္ နီဂယ္တို႔က ၇၆ မိနစ္နဲ႔ ၈၄ မိနစ္တို႔မွာ အသီးသီး သြင္းယူေပးခဲ့ၾကၿပီး ၆-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ဆီမီယြန္နီရဲ႕အသင္းဟာ အုပ္စု အီးမွာ ရမွတ္ ၈ မွတ္နဲ႔ အုပ္စုဗိုလ္အျဖစ္ ဆက္လက္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.