Premier League

ချဲလ်ဆီးကို ခုခံဖို့ ၀-၇-၁ ကစားကွက်ကို သုံးခဲ့တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးဟာ ၂ ယောက်လျော့ခဲ့ပြီးနောက် ချဲလ်ဆီးနဲ့ ရင်ဆိုင်ရာမှာ ၀-၇-၁ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။

တနင်္လာနေ့ည မြောက်လန်ဒန်မှာ ဝရုန်းသုန်းကားနိုင်တဲ့ အခြေအနေတွေကို မြင်တွေ့ခဲ့ရပေမယ့်လည်း အလွန်ကောင်းမွန်တဲ့ လန်ဒန်ဒါဘီဖြစ်ခဲ့ပြီး VAR က နောက်ထပ်တစ်ကြိမ် ပရီးမီးယားလိဂ်မှာ လူဝေဖန်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ ကူလူဆက်ဗ်စကီးရဲ့ ၆ မိနစ်မှာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူနိုင်မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ပင်နယ်တီဧရိယာထဲမှာ အန်ဇို ဖာနန်ဒက်ဇ်အပေါ် ရိုမဲရိုးရဲ့ အဆင်အခြင်မဲ့ဖျက်ထုတ်မှုက ပွဲကို ပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။

VAR က အချိန်အတော်ကြာ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် စပါးစ်နောက်ခံလူကို အနီကတ်ပြ ထုတ်ပယ်ခဲ့ပြီး ချဲလ်ဆီးကို ပင်နယ်တီ ပြစ်ဒဏ်ဘောကန်ခွင့်ပေးခဲ့ရာမှာ ကိုး ပါလ်မာက ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

စပါးစ်ဟာ အူဒိုဂီက စတားလင်းကို မလိုအပ်တဲ့ ပြစ်ဒဏ်ကျူးလွန်မှု ပြုလုပ်ခဲ့ပြီးနောက် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ၂ ယောက်လျော့သွားခဲ့တာဖြစ်ပြီး အန်ဂီ ပိုစတီကိုဂလူရဲ့အသင်းဟာ ကမ္ဘာပေါ်က ပရိသတ်တွေအားလုံးကို အံ့အားသင့်စေမယ့် ကစားကွက်ကို ပြသခဲ့တာဖြစ်ပါတယ်။

စပါးစ်ဟာ ချဲလ်ဆီးကို ခုခံဖို့အတွက် ၀-၇-၁ ကစားကွက်ကို အသုံးပြုခဲ့တာဖြစ်ပြီး ၇၅ မိနစ်မတိုင်ခင်အထိ အလုပ်ဖြစ်ခဲပုံပေါ်ခဲ့ပေမယ့်လည်း နီကိုးလတ်စ် ဂျက်ဆင်က တန်ပြန်တိုက်စစ်ကနေ စတားလင်း ခင်းပေးခဲ့တဲ့ ဘောလုံးကို ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါ တိုက်စစ်မှူးဟာ ပြီးတဲ့နောက် နာကျင်အချိန်ပိုမှာ ပထမဆုံး ဟက်ထရစ်ရရှိစေမယ့် နောက်ထပ် သွင်းဂိုး ၂ ဂိုးကို သွင်းယူသွားခဲ့ပြီး ပိုချက်တီနိုရဲ့အသင်းဟာ စပါးစ်ရဲ့ ထူးထူးဆန်းဆန်း ကွင်းလယ်ထိတက်ပြီး ခံစစ်စည်းထားခဲ့တဲ့ ကစားကွက်ကို ဖြိုခွဲနိုင်ခဲ့တာဖြစ်ပါတယ်။

စပါးစ်နောက်ခံကစားသမားဟောင်း ဗာတွန်ဂန်က ပိုစတီကိုဂလူရဲ့ ကစားကွက်နဲ့ပတ်သက်ပြီး ၎င်းရဲ့အမြင်ကို X ပေါ်မှာ မျှဝေခဲ့ပြီး “ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှထဲက အမြင့်မားဆုံး ခံစစ်လိုင်းပဲ။”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးဟာ ၂ ေယာက္ေလ်ာ့ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးနဲ႔ ရင္ဆိုင္ရာမွာ ၀-၇-၁ ကစားကြက္ကို အသုံးျပဳခဲ့ပါတယ္။

တနလၤာေန႔ည ေျမာက္လန္ဒန္မွာ ဝ႐ုန္းသုန္းကားႏိုင္တဲ့ အေျခအေနေတြကို ျမင္ေတြ႕ခဲ့ရေပမယ့္လည္း အလြန္ေကာင္းမြန္တဲ့ လန္ဒန္ဒါဘီျဖစ္ခဲ့ၿပီး VAR က ေနာက္ထပ္တစ္ႀကိမ္ ပရီးမီးယားလိဂ္မွာ လူေဝဖန္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ေတြဟာ ကူလူဆက္ဗ္စကီးရဲ႕ ၆ မိနစ္မွာ သြင္းယူခဲ့တဲ့ အဖြင့္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ သြင္းယူႏိုင္မယ့္ပုံေပၚခဲ့ေပမယ့္လည္း ပင္နယ္တီဧရိယာထဲမွာ အန္ဇို ဖာနန္ဒက္ဇ္အေပၚ ႐ိုမဲ႐ိုးရဲ႕ အဆင္အျခင္မဲ့ဖ်က္ထုတ္မႈက ပြဲကို ေျပာင္းလဲေစခဲ့တာျဖစ္ပါတယ္။

VAR က အခ်ိန္အေတာ္ၾကာ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ စပါးစ္ေနာက္ခံလူကို အနီကတ္ျပ ထုတ္ပယ္ခဲ့ၿပီး ခ်ဲလ္ဆီးကို ပင္နယ္တီ ျပစ္ဒဏ္ေဘာကန္ခြင့္ေပးခဲ့ရာမွာ ကိုး ပါလ္မာက ေခ်ပဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

စပါးစ္ဟာ အူဒိုဂီက စတားလင္းကို မလိုအပ္တဲ့ ျပစ္ဒဏ္က်ဴးလြန္မႈ ျပဳလုပ္ခဲ့ၿပီးေနာက္ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ၂ ေယာက္ေလ်ာ့သြားခဲ့တာျဖစ္ၿပီး အန္ဂီ ပိုစတီကိုဂလူရဲ႕အသင္းဟာ ကမာၻေပၚက ပရိသတ္ေတြအားလုံးကို အံ့အားသင့္ေစမယ့္ ကစားကြက္ကို ျပသခဲ့တာျဖစ္ပါတယ္။

စပါးစ္ဟာ ခ်ဲလ္ဆီးကို ခုခံဖို႔အတြက္ ၀-၇-၁ ကစားကြက္ကို အသုံးျပဳခဲ့တာျဖစ္ၿပီး ၇၅ မိနစ္မတိုင္ခင္အထိ အလုပ္ျဖစ္ခဲပုံေပၚခဲ့ေပမယ့္လည္း နီကိုးလတ္စ္ ဂ်က္ဆင္က တန္ျပန္တိုက္စစ္ကေန စတားလင္း ခင္းေပးခဲ့တဲ့ ေဘာလုံးကို ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဆီနီေဂါ တိုက္စစ္မႉးဟာ ၿပီးတဲ့ေနာက္ နာက်င္အခ်ိန္ပိုမွာ ပထမဆုံး ဟက္ထရစ္ရရွိေစမယ့္ ေနာက္ထပ္ သြင္းဂိုး ၂ ဂိုးကို သြင္းယူသြားခဲ့ၿပီး ပိုခ်က္တီႏိုရဲ႕အသင္းဟာ စပါးစ္ရဲ႕ ထူးထူးဆန္းဆန္း ကြင္းလယ္ထိတက္ၿပီး ခံစစ္စည္းထားခဲ့တဲ့ ကစားကြက္ကို ၿဖိဳခြဲႏိုင္ခဲ့တာျဖစ္ပါတယ္။

စပါးစ္ေနာက္ခံကစားသမားေဟာင္း ဗာတြန္ဂန္က ပိုစတီကိုဂလူရဲ႕ ကစားကြက္နဲ႔ပတ္သက္ၿပီး ၎ရဲ႕အျမင္ကို X ေပၚမွာ မွ်ေဝခဲ့ၿပီး “ကြၽန္ေတာ့္ဘဝမွာ ျမင္ဖူးသမွ်ထဲက အျမင့္မားဆုံး ခံစစ္လိုင္းပဲ။”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.