Premier League

တန်ဟက်က ဘယ်လောက်အထိ ပြီးပြည့်စုံတဲ့နည်းပြလဲဆိုတာ ပြောပြခဲ့တဲ့ သရဲနီဟောင်း

မန်ချက်စတာယူနိုက်တက်ကို အငှားနဲ့ လာရောက်ကစားခဲ့တဲ့ မာဆယ် ဆာဘစ်ဇာက နည်းပြ တန်ဟက်ဟာ အလွန်တော်တဲ့ နည်းပြဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ကစားသမားတွေအပေါ်မှာ အလွန်ဖြောင့်မတ်သလို အသိပညာမြင့်မားသူဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

ဆာဘစ်ဇာက တန်ဟက်ဟာ ကစားသမားတွေကို ပွဲစဉ်တွေအတွင်းမှာ ဘာတွေ မှားခဲ့လဲဆိုတာကို ပြသပြီး နောက်ပွဲတွေမှာ ပိုပြီးကောင်းမွန်အောင် လုပ်ဖို့ တောင်းဆိုတတ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ အလုပ်အရမ်းကြိုးစားပြီး ပြီးပြည့်စုံတဲ့အနေအထားထိ ရောက်အောင် လုပ်တတ်တဲ့သူဖြစ်တယ်လို့ ဆာဘစ်ဇာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ခင်ဗျား သူ့ကို မနက် ၃ နာရီမှာ နှိုးလိုက်ရင်သူက ခင်ဗျားကို ပွဲဗျူဟာတစ်ခုလုံးကို ရင်ဘတ်ကြီးနဲ့ ပြောပြလိမ့်မယ်။ သူက ဘောလုံးနဲ့ နည်းဗျူဟာတွေနဲ့ပတ်သက်ပြီး အရမ်းကို ဗဟုသုတရှိတဲ့သူပါ။ အရမ်းကို အလုပ်ကြိုးစားတဲ့သူပါ။ ပြီးပြည့်စုံတဲ့သူတစ်ယောက်ပါ။ သူက ခင်ဗျားကို ရိုးသားဖြောင့်မတ်စွာ ဆက်ဆံပါလိမ့်မယ်။ ကျွန်တော် ဆိုးရွားတဲ့ပွဲစဉ်တစ်ပွဲနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူက ကျွန်တော့်ကို အချို့ အခြေအနေတွေကို ပြသပြီး နောက်တစ်ကြိမ် ပိုကောင်းအောင် ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြခဲ့တယ်။ ကျွန်တော်ကတော့ အဲဒါကို သဘောကျခဲ့တယ်”

“ခင်ဗျား သူနဲ့ အတူတူရှိရင် သူ့အကြောင်း သိခဲ့မှာပါ။ သူက ခင်ဗျားကို ဘယ်တော့မှ အပြစ်မတင်ဘူး။ အဲဒီအစား ကစားသမားတွေကို နောက်ပွဲမှာ ပိုကောင်းအောင် လုပ်ဖို့ တောင်းဆိုခဲ့တယ်။ ကျွန်တော် သူ့လက်အောက်မှာ ဘောလုံးနဲ့ပတ်သက်ပြီး အများကြီး လေ့လာသင်ယူခဲ့ရပါတယ်။ သူက အရမ်းတော်တဲ့ နည်းပြပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆာဘစ်ဇာဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ဘိုင်ယန်မြူးနစ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာပြီးနောက် တန်ဟက်လက်အောက်မှာ မန်ချက်စတာယူနိုက်တက်အတွက် ၁၈ ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ကို အငွားနဲ႔ လာေရာက္ကစားခဲ့တဲ့ မာဆယ္ ဆာဘစ္ဇာက နည္းျပ တန္ဟက္ဟာ အလြန္ေတာ္တဲ့ နည္းျပျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ကစားသမားေတြအေပၚမွာ အလြန္ေျဖာင့္မတ္သလို အသိပညာျမင့္မားသူျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဆာဘစ္ဇာက တန္ဟက္ဟာ ကစားသမားေတြကို ပြဲစဥ္ေတြအတြင္းမွာ ဘာေတြ မွားခဲ့လဲဆိုတာကို ျပသၿပီး ေနာက္ပြဲေတြမွာ ပိုၿပီးေကာင္းမြန္ေအာင္ လုပ္ဖို႔ ေတာင္းဆိုတတ္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ ဒတ္ခ်္လူမ်ိဳးနည္းျပဟာ အလုပ္အရမ္းႀကိဳးစားၿပီး ၿပီးျပည့္စုံတဲ့အေနအထားထိ ေရာက္ေအာင္ လုပ္တတ္တဲ့သူျဖစ္တယ္လို႔ ဆာဘစ္ဇာက ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ား သူ႔ကို မနက္ ၃ နာရီမွာ ႏႈိးလိုက္ရင္သူက ခင္ဗ်ားကို ပြဲဗ်ဴဟာတစ္ခုလုံးကို ရင္ဘတ္ႀကီးနဲ႔ ေျပာျပလိမ့္မယ္။ သူက ေဘာလုံးနဲ႔ နည္းဗ်ဴဟာေတြနဲ႔ပတ္သက္ၿပီး အရမ္းကို ဗဟုသုတရွိတဲ့သူပါ။ အရမ္းကို အလုပ္ႀကိဳးစားတဲ့သူပါ။ ၿပီးျပည့္စုံတဲ့သူတစ္ေယာက္ပါ။ သူက ခင္ဗ်ားကို ႐ိုးသားေျဖာင့္မတ္စြာ ဆက္ဆံပါလိမ့္မယ္။ ကြၽန္ေတာ္ ဆိုး႐ြားတဲ့ပြဲစဥ္တစ္ပြဲနဲ႔ ရင္ဆိုင္ရတဲ့အခါမွာ သူက ကြၽန္ေတာ့္ကို အခ်ိဳ႕ အေျခအေနေတြကို ျပသၿပီး ေနာက္တစ္ႀကိမ္ ပိုေကာင္းေအာင္ ဘယ္လို လုပ္ရမလဲဆိုတာကို ေျပာျပခဲ့တယ္။ ကြၽန္ေတာ္ကေတာ့ အဲဒါကို သေဘာက်ခဲ့တယ္”

“ခင္ဗ်ား သူနဲ႔ အတူတူရွိရင္ သူ႔အေၾကာင္း သိခဲ့မွာပါ။ သူက ခင္ဗ်ားကို ဘယ္ေတာ့မွ အျပစ္မတင္ဘူး။ အဲဒီအစား ကစားသမားေတြကို ေနာက္ပြဲမွာ ပိုေကာင္းေအာင္ လုပ္ဖို႔ ေတာင္းဆိုခဲ့တယ္။ ကြၽန္ေတာ္ သူ႔လက္ေအာက္မွာ ေဘာလုံးနဲ႔ပတ္သက္ၿပီး အမ်ားႀကီး ေလ့လာသင္ယူခဲ့ရပါတယ္။ သူက အရမ္းေတာ္တဲ့ နည္းျပပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆာဘစ္ဇာဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ ဘိုင္ယန္ျမဴးနစ္ကေန အငွားနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ တန္ဟက္လက္ေအာက္မွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၁၈ ပြဲ ကစားေပးခဲ့ၿပီး သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.