Premier League

စပါးစ်အတွက် ခါးသီးတဲ့မှတ်တမ်းတစ်ခု ပေးနိုင်ခဲ့လို့ ဝမ်းသာနေတဲ့ ဂျက်ဆင်

ချဲလ်ဆီးကြယ်ပွင့် နီကိုးလတ်စ် ဂျက်ဆင်ဟာ ချဲလ်ဆီးအတွက် ပထမဆုံးသော ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့တဲ့အပေါ်မှာ အင်္ဂလန်က အကြီးမားဆုံးကလပ်အတွက် ကစားပေးနေရင်း မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာကို ဝမ်းသာမိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျက်ဆင်ဟာ မူရီဆီယို ပိုချက်တီနိုရဲ့အသင်းက စပါးစ်ကို ဝရုန်းသုန်းကားနိုင်တဲ့ တနင်္လာညမှာ ၂၂ မိနစ်အတွင်း ၃ ဂိုးသွင်းယူပြီး ၄-၁ နဲ့ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပြီး သွင်းဂိုး ၅ ဂိုး ပယ်ဖျက်ခံခဲ့ရသလို၊ အနီကတ် ၂ ကတ်နဲ့ ပင်နယ်တီကန်သွင်းခွင့်တစ်ကြိမ် ရှိခဲ့တာဖြစ်ပါတယ်။

ဂျက်ဆင်ဟာ စပါးစ်ကို အနိုင်ရရှိအောင် ချဲလ်ဆီးအတွက် အကူအညီပေးခဲ့ရုံတင်မကဘဲ သမိုင်းမှတ်တမ်းတစ်ခုပါ ရေးထိုးနိုင်ခဲ့ပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ၂၀၀၂ ခုနှစ်က ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဟက်ဆဲဘိန့်ခ်နောက်ပိုင်း စပါးစ်ကို ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဂျက်ဆင်ဟာ တနင်္လာနေ့ညနေက မတူညီတဲ့ အောင်ပွဲခံဟန် ၃ ခုကို ပြုလုပ်ခဲ့ပြီး ပထမဆုံးဂိုးအပြီးမှာ စပါးစ်ပရိသတ်တွေကို အနမ်းခြွေပြခဲ့သလို ဒုတိယဂိုးအပြီးမှာ ရက်ရှ်ဖို့ဒ်ရဲ့ အောင်ပွဲခံဟန်နဲ့ တတိယမြောက်ဂိုးသွင်းယူအပြီးမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ SIU အောင်ပွဲခံဟန်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဂျက်ဆင်က ချဲလ်ဆီးကို အဝေးကွင်းမှာ အနိုင် ၃ မှတ်ကို ရယူပေးနိုင်ခဲ့လို့ ဝမ်းမြောက်မိပေမယ့်လည်း ခက်ခဲတဲ့ရာသီစတင်မှုအပြီးမှာ အသင်းကို အောင်မြင်မှုရအောင် ကူညီပေးနိုင်ဖို့ ဆက်ပြီး တိုးတက်အောင် အလုပ်ကို ပိုကြိုးစားသွားဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အရမ်းပျော်တယ်။ အသင်းမှာရှိတဲ့လူတိုင်းအတွက် ခက်ခဲတဲ့အချိန်တွေ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ တကယ်ကို နှေးကွေးတဲ့ပုံစံနဲ့ ပြန်လာခဲ့ပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ ပထမဆုံး ဟက်ထရစ်ပါ။ အဲဒီတော့ ကျွန်တော် အဲဒါကို အင်္ဂလန်က အကြီးမားဆုံးကလပ်အသင်းနဲ့အတူ လုပ်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော် တိုးတက်အောင်လုပ်ဖို့ အလုပ်ကြိုးစားနေဖို့ လိုပါတယ်။ ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်သွားမယ်။ စပါးစ်က အံ့အားသင့်စရာကွင်းနဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ထားလို့ ကျွန်တော်တို့ နိုင်ပွဲရရှိဖို့အတွက် တိုက်ပွဲဝင်ဖို့ လိုအပ်ခဲ့တယ်။ သူတို့တွေ ခံစစ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်တာက တကယ်ကို ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့မှာ ဘောလုံးပေးနိုင်တဲ့ အရည်အသွေးရှိတဲ့ကစားသမားတွေရှိပြီး ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ ကျွန်တော်တို့ ပွဲကြီးပွဲကောင်းတွေမှာ နိုင်ပွဲရယူဖို့ အိပ်မက်မက်ခဲ့ပြီး အသင်းထဲက ယုံကြည်မှုက တကယ်ကို နှေးကွေးစွာ ရှိလာနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးၾကယ္ပြင့္ နီကိုးလတ္စ္ ဂ်က္ဆင္ဟာ ခ်ဲလ္ဆီးအတြက္ ပထမဆုံးေသာ ဟက္ထရစ္ကို သြင္းယူႏိုင္ခဲ့တဲ့အေပၚမွာ အဂၤလန္က အႀကီးမားဆုံးကလပ္အတြက္ ကစားေပးေနရင္း မွတ္တိုင္တစ္ခု စိုက္ထူႏိုင္ခဲ့တာကို ဝမ္းသာမိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်က္ဆင္ဟာ မူရီဆီယို ပိုခ်က္တီႏိုရဲ႕အသင္းက စပါးစ္ကို ဝ႐ုန္းသုန္းကားႏိုင္တဲ့ တနလၤာညမွာ ၂၂ မိနစ္အတြင္း ၃ ဂိုးသြင္းယူၿပီး ၄-၁ နဲ႔ အႏိုင္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ၿပီး သြင္းဂိုး ၅ ဂိုး ပယ္ဖ်က္ခံခဲ့ရသလို၊ အနီကတ္ ၂ ကတ္နဲ႔ ပင္နယ္တီကန္သြင္းခြင့္တစ္ႀကိမ္ ရွိခဲ့တာျဖစ္ပါတယ္။

ဂ်က္ဆင္ဟာ စပါးစ္ကို အႏိုင္ရရွိေအာင္ ခ်ဲလ္ဆီးအတြက္ အကူအညီေပးခဲ့႐ုံတင္မကဘဲ သမိုင္းမွတ္တမ္းတစ္ခုပါ ေရးထိုးႏိုင္ခဲ့ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားဟာ ၂၀၀၂ ခုႏွစ္က ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ဟက္ဆဲဘိန႔္ခ္ေနာက္ပိုင္း စပါးစ္ကို ဟက္ထရစ္သြင္းယူႏိုင္တဲ့ ပထမဆုံး ကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဂ်က္ဆင္ဟာ တနလၤာေန႔ညေနက မတူညီတဲ့ ေအာင္ပြဲခံဟန္ ၃ ခုကို ျပဳလုပ္ခဲ့ၿပီး ပထမဆုံးဂိုးအၿပီးမွာ စပါးစ္ပရိသတ္ေတြကို အနမ္းေႁခြျပခဲ့သလို ဒုတိယဂိုးအၿပီးမွာ ရက္ရွ္ဖို႔ဒ္ရဲ႕ ေအာင္ပြဲခံဟန္နဲ႔ တတိယေျမာက္ဂိုးသြင္းယူအၿပီးမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ SIU ေအာင္ပြဲခံဟန္ကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဂ်က္ဆင္က ခ်ဲလ္ဆီးကို အေဝးကြင္းမွာ အႏိုင္ ၃ မွတ္ကို ရယူေပးႏိုင္ခဲ့လို႔ ဝမ္းေျမာက္မိေပမယ့္လည္း ခက္ခဲတဲ့ရာသီစတင္မႈအၿပီးမွာ အသင္းကို ေအာင္ျမင္မႈရေအာင္ ကူညီေပးႏိုင္ဖို႔ ဆက္ၿပီး တိုးတက္ေအာင္ အလုပ္ကို ပိုႀကိဳးစားသြားဖို႔လိုအပ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အရမ္းေပ်ာ္တယ္။ အသင္းမွာရွိတဲ့လူတိုင္းအတြက္ ခက္ခဲတဲ့အခ်ိန္ေတြ ျဖစ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ တကယ္ကို ေႏွးေကြးတဲ့ပုံစံနဲ႔ ျပန္လာခဲ့ၿပီး ၃ ဂိုး သြင္းယူႏိုင္ခဲ့လို႔ ေပ်ာ္႐ႊင္မိပါတယ္။ အဲဒါက ကြၽန္ေတာ့္ရဲ႕ ပထမဆုံး ဟက္ထရစ္ပါ။ အဲဒီေတာ့ ကြၽန္ေတာ္ အဲဒါကို အဂၤလန္က အႀကီးမားဆုံးကလပ္အသင္းနဲ႔အတူ လုပ္ႏိုင္ခဲ့တဲ့အတြက္ ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္ တိုးတက္ေအာင္လုပ္ဖို႔ အလုပ္ႀကိဳးစားေနဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔ ဆက္ၿပီး အလုပ္လုပ္သြားမယ္။ စပါးစ္က အံ့အားသင့္စရာကြင္းနဲ႔ ပရိသတ္ေတြကို ပိုင္ဆိုင္ထားလို႔ ကြၽန္ေတာ္တို႔ ႏိုင္ပြဲရရွိဖို႔အတြက္ တိုက္ပြဲဝင္ဖို႔ လိုအပ္ခဲ့တယ္။ သူတို႔ေတြ ခံစစ္ကို ဆက္လက္ထိန္းသိမ္းထားႏိုင္တာက တကယ္ကို ခက္ခဲခဲ့ပါတယ္။ ကြၽန္ေတာ္တို႔မွာ ေဘာလုံးေပးႏိုင္တဲ့ အရည္အေသြးရွိတဲ့ကစားသမားေတြရွိၿပီး ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့တယ္။ ကြၽန္ေတာ္တို႔ ပြဲႀကီးပြဲေကာင္းေတြမွာ ႏိုင္ပြဲရယူဖို႔ အိပ္မက္မက္ခဲ့ၿပီး အသင္းထဲက ယုံၾကည္မႈက တကယ္ကို ေႏွးေကြးစြာ ရွိလာေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.