ပရီးမီးယားလိဂ်ရဲ့ လူပြောများတဲ့ WWE ဇာတ်ညွှန်းတွေက တစ်ပတ်တည်းမှာပဲ တိုက်ဆိုင်စွာ ဖြစ်ပွားခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မရှုံးသေးတဲ့ နှစ်သင်းထဲက အာဆင်နယ်ကို စည်းကျော်ဂိုးနဲ့ ဆွဲချခဲ့အပြီး အိမ်ကွင်းမာပါတယ်ဆိုတဲ့ စပါးစ်တို့ကိုလည်း အနီကတ်နှစ်ကတ် ပြသဖို့ စီစဉ်ထားလေတော့ ချဲလ်ဆီးတို့ စင်တင်မှာ သီချင်းဆိုရုံပဲဖြစ်လာခဲ့တာပါ။
ချဲလ်ဆီးတို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ ဒီဆာဆီ၊ သီယာဂို ဆေးလ်ဗား၊ ရီးစ် ဂျိမ်းစ်နဲ့ ကောလ်ဝီလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂါလာဂါနဲ့ အန်ဇို ဖာနန်ဒက်စ်တို့ကိုပဲ အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပါးလ်မား၊ စတာလင်နဲ့ ဂျက်ဆန်တို့ကို ပွဲထုတ်လာခဲ့တာပါ။
အိမ်ရှင် စပါးစ်တို့ကတော့ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ ရိုမဲရိုး၊ ဗန်ဒဗင်၊ ပေါ်ရိုနဲ့ အူဒိုဂီတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဘီဆူးမား၊ ပါပီ မာတာ ဆားရ်နဲ့ မက်ဒီဆန်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဘရင်နန် ဂျွန်ဆန်နဲ့ ဆွန်ဟောင်မင်တို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။
ပိုချက်တီနိုအနေနဲ့ သူ့ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို ဂဏန်းငြိမ်အောင် တည်ဆောက်နိုင်ခဲ့ပြီး ခံစစ်ကိုသာ ဟိုလူလိုလို ဒီလူလိုလို ဖြစ်နေခဲ့ချိန်မှာ ပိုစတီကိုဂလူးကတော့ ဒီနေ့ပွဲမှာ ခံစစ်မကောင်းလှတဲ့ ပေါ်ရိုကို ချဲလ်ဆီးရဲ့ လျင်မြန်ပြီး မာယာများတဲ့ ဘယ်တောင်ပံတိုက်စစ်တွေကို ထိန်းခိုင်းခဲ့တာက နည်းနည်းလောက် အမှတ်ပြန်လျှော့ရမယ့် အချက်ဖြစ်ခဲ့တာပါ။
ပွဲချိန် ၆ မိနစ်မှာ စပါးစ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မက်ဒီဆန် ပေးတာကို ဆားရ်က ညာတောင်ပံကို ခင်းပေးလိုက်တဲ့ ဘောလုံးကို ကူလူရှက်ဗ်စကီးက အတွင်းကို ချိုးဝင်ပြီး ချဲလ်ဆီးနောက်ခံလူတွေ ပိတ်ထားတဲ့ ကြားထဲက ဧရိယာအစပ်ကနေ ကန်သွင်းခဲ့ရာမှာ လူထိပြီး ဝင်သွားခဲ့လို့ ဂိုးသမား ဆန်ချက်ဇ် ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။
ဒီနေ့ပွဲမှာ စပါးစ်ခံစစ်ရဲ့ မတည်ငြိမ်မှုတွေကို မကြာခဏမြင်ခဲ့ရပြီး ဆွန်ဟောင်မင် ဂိုးထပ်သွင်းခဲ့ပေမယ့် လူကျွံဘောဖြစ်နေခဲ့သလို ပေါ်ရိုကို နိုင်ချင်တိုင်း နိုင်နေတဲ့ စတာလင်ကလည်း ဘယ်တောင်ပံက တိုးဝင်ပြီး ဂိုးသွင်းရာမှာ လက်ထိဘောကြောင့် ဂိုးမရခဲ့ဘဲ ကိုင်စီဒိုက ဂိုးထပ်သွင်းရာမှာလည်း ဂျက်ဆန် လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။
ပွဲချိန် ၃၁ မိနစ်မှာ အန်ဇို ဖာနန်ဒက်ဇ်ကို ဘောလုံးမထိဘဲ ကန်မိခဲ့သလို ခြေကျင်းဝတ်ကို နင်းမိခဲ့တဲ့ အာဂျင်တီးနားအသင်းဖော် ရိုမဲရိုးကို VAR နဲ့ ပြန်ကြည့်ပြီး အနီကတ်ပြ ထုတ်ပယ်ခဲ့သလို ပင်နယ်တီပါ ပေးခဲ့တာကြောင့် ချဲလ်ဆီး ချေပဂိုးပြန်ရခဲ့ပြီး ဒီဂိုးကိုတော့ ပါးလ်မားက ညာဘက်တိုင်ခြေကို ကန်သွင်းခဲ့ရာမှာ ဗီကာရီယို ဒိုက်ပစ်ပေမယ့် မမီခဲ့ဘဲ ဂိုးဖြစ်သွားခဲ့တာပါ။
ပွဲချိန် ၃၇ မိနစ်မှာ ဂျက်ဆန်က ဂိုးပိုက်ထဲ ဘောလုံးကို ပို့ခဲ့ပြန်ပေမယ့် စတာလင် လူကျွံနေခဲ့လို့ ဂိုးမဖြစ်ခဲ့သလို နာကျင်အချိန်ပိုမှာတော့ ချဲလ်ဆီးဘက်ကို အဝါတွေ ပေးပြီး ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက နှစ်သိမ့်ပြသွားခဲ့ပေမယ့် ခေါင်းတိုက်ရာမှာ ဘာမှ မဆိုင်ဘဲ လက်မြှောက်ပြီး အူဒိုဂီကို တံတောင်နဲ့ တွက်ခဲ့တဲ့ ရီးစ် ဂျိမ်းစ်ကတော့ ဘာကတ်မှ မထိခဲ့တာကြောင့် ရယ်စရာပဲဖြစ်ခဲ့ရပါတယ်။
ပထမပိုင်းမှာ ဂျွန်ဆန်၊ မက်ဒီဆန်နဲ့ ဒဏ်ရာရသွားတဲ့ ဗန်ဒဗင်တို့အစား ဒိုင်ယာ၊ ရိုယဲလ်နဲ့ ဟွိုင်ဘယာ့ဂ်တို့ကို လဲပြီး စပါးစ်တို့ ခံစစ်ပိတ်ကစားနိုင်ခဲ့လို့ တစ်ဂိုးစီဖြစ်နေခဲ့သလို ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့က အဝါထိထားတဲ့ ကောလ်ဝီလ်အား ကူကူရဲလားကို လာခဲ့ချိန်မှာ ဧည့်သည်တွေ မနိုင်မှာ စိုးတာကြောင့် ပွဲချိန် ၅၅ မိနစ်မှာ ၅၀-၅၀ အနေအထားမှာ စတာလင်ကို ဘောလုံးရော လူပါဖျက်တဲ့ အဝါပြပြီး နောက်တစ်ကွက်ရွှေ့သွားခဲ့တာပါ။
ဒီက ရတဲ့ ဖရီးကစ်ကို ပွဲချိန် ၅၆ မိနစ်မှာ အတိုပေးပြီး ဖန်တီးမှုက အတော်ကောင်းခဲ့ပေမယ့် ဂျက်ဆန်ရဲ့ ခေါင်းတိုက်ချက်ကို ဟွိုင်ဘယာ့ဂ်က ဂိုးစည်းပေါ်က ရှင်းထုတ်သွားခဲ့လို့ ရင်ခံခဲ့ရသလို အန်ဇို ဖာနန်ဒက်ဇ်အစား မူဒရစ်ခ်ကို ထည့်ပြီး စပါးစ်ခံစစ်ရဲ့ လူကျွံထောင်ချောက်တွေကို ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုရဲ့ ဗျူဟာကတော့ တဖြည်းဖြည်း အန္တရာယ် အငွေ့အသက်တွေကို ပြသလာခဲ့ပါတယ်။
ပွဲချိန် ၇၅ မိနစ်မှာတော့ ချဲလ်ဆီးတို့ အနိုင်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဒိုင်ယာနဲ့ ဟွိုင်ဘယာ့ဂ်တို့ ဗဟိုခံစစ်ကစားနေခဲ့ကြလို့ လေးလံလာတဲ့ စပါးစ်ခံစစ်ကြားကနေ ညာခြမ်း ပြောင်းကစားနေတဲ့ စတာလင်က လျင်လျင်မြန်မြန် ဖောက်ထွက်သွားခဲ့ပြီး ဂိုးရှေ့မှာ အနိမ့်ဘော အပိုင်ခင်းပေးရာမှာ ဂျက်ဆန်က အသာအယာ ပိတ်သွင်းယူနိုင်ခဲ့တာပါ။
ပွဲချိန် ၇၈ မိနစ်မှာ ဖရီးကစ်ကနေ ဒိုင်ယာက ချေပဂိုးသွင်းခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရတာကြောင့် ချဲလ်ဆီးတို့ ဦးဆောင်မှုကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့သလို ပွဲချိန် ၈၉ မိနစ်မှာ ဘောလုံးနောက် ပြေးလိုက်ရင်း ရှေ့တက် ရှင်းထုတ်တဲ့ စပါးစ်ဂိုးသမား ဗီကာရီယိုကို တက်နင်းတဲ့ မူဒရစ်ခ်ကိုတော့ အဝါပဲ ပြခဲ့တာက ရိုမဲရိုးရဲ့ အနီကတ်နဲ့ ယှဉ်ရင် ဟားတိုက်စရာဖြစ်ခဲ့ရပါတယ်။
နာကျင်အချိန်ပိုမှာတော့ ချဲလ်ဆီးတို့ ကံကောင်းနေခဲ့ပြီး ဆွန်ဟောင်မင်ရဲ့ ကန်ချက်ကို ဂိုးသမား ဆန်ချက်ဇ် ကာကွယ်အပြီး တစ်မိနစ်အကြာ ပွဲချိန် ၉၄ မိနစ်မှာတော့ တတိယဂိုး ထပ်ရခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကောင်တာကနေ ဂါလာဂါ ဖောက်ထွက်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ခင်းပေးရာမှာ အားထုတ်မှု နည်းပါးလွန်းတဲ့ ပေါ်ရိုရဲ့ ညံ့ဖျင်းမှုကြောင့်ပဲ ဂျက်ဆန်က အပိုင်ကန်သွင်းနိုင်ခဲ့တာပါ။
ပွဲချိန် ၉၇ မိနစ်မှာတော့ ဂျက်ဆန်တစ်ယောက် ဆယ်ဂိုးလောက် ရသင့်ချိန်မှာ ဟက်ထရစ်ယူနိုင်ဖို့ ဖြစ်လာခဲ့ပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ပါးလ်မားက စပါးစ်နောက်တန်းတွေပေါ် ကျော်ပြီး ကန်တင်ပေးခဲ့ရာမှာ ခံစစ်တောင် ကစားတတ်သေးရဲ့လားလို့ မေးယူရမယ့် ဒိုင်ယာရဲ့ ညံ့ဖျင်းမှုကြောင့် ပြေးထွက်ပြီး ရယူနိုင်ခဲ့တဲ့ ဂျက်ဆန်ကပဲ ဂိုးသမားကိုပါ လိမ်ခေါက်ပြီး ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ လန်ဒန်ဒါဘီမှာ ချဲလ်ဆီးတို့က စပါးစ်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကြပြီး ဘယ်သူတွေ ဘယ်လိုပဲ ခန့်မှန်းခဲ့ကြပေမယ့်လည်း ပွဲတိုင်းဟာ ပရီးမီးယားလိဂ်ရဲ့ ကြိုးဆွဲရာ ကရတဲ့ ဇာတ်ညွှန်းပုံဖော်မှုတွေသာဖြစ်ပြီး အသင်းတွေအနေနဲ့ ဒါတွေကို တတ်နိုင်သလောက် တွန်းလှန်ဖို့သာ ရှိကြောင်းကို ကွက်ကွက်ကွင်းကွင်း မြင်ရတဲ့ တနင်္လာညပိုင်း ဟာသတစ်ပုဒ်ပဲဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ လူေျပာမ်ားတဲ့ WWE ဇာတ္ၫႊန္းေတြက တစ္ပတ္တည္းမွာပဲ တိုက္ဆိုင္စြာ ျဖစ္ပြားခဲ့ပါတယ္။ ဒီတစ္ပတ္မွာ မရႈံးေသးတဲ့ ႏွစ္သင္းထဲက အာဆင္နယ္ကို စည္းေက်ာ္ဂိုးနဲ႔ ဆြဲခ်ခဲ့အၿပီး အိမ္ကြင္းမာပါတယ္ဆိုတဲ့ စပါးစ္တို႔ကိုလည္း အနီကတ္ႏွစ္ကတ္ ျပသဖို႔ စီစဥ္ထားေလေတာ့ ခ်ဲလ္ဆီးတို႔ စင္တင္မွာ သီခ်င္းဆို႐ုံပဲျဖစ္လာခဲ့တာပါ။
ခ်ဲလ္ဆီးတို႔အေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ ဒီဆာဆီ၊ သီယာဂို ေဆးလ္ဗား၊ ရီးစ္ ဂ်ိမ္းစ္နဲ႔ ေကာလ္ဝီလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ ဂါလာဂါနဲ႔ အန္ဇို ဖာနန္ဒက္စ္တို႔ကိုပဲ အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ပါးလ္မား၊ စတာလင္နဲ႔ ဂ်က္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာပါ။
အိမ္ရွင္ စပါးစ္တို႔ကေတာ့ ဂိုးသမား ဗီကာရီယို၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ဗန္ဒဗင္၊ ေပၚ႐ိုနဲ႔ အူဒိုဂီတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘီဆူးမား၊ ပါပီ မာတာ ဆားရ္နဲ႔ မက္ဒီဆန္တို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ကူလူရွက္ဗ္စကီး၊ ဘရင္နန္ ဂြၽန္ဆန္နဲ႔ ဆြန္ေဟာင္မင္တို႔ကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။
ပိုခ်က္တီႏိုအေနနဲ႔ သူ႔ရဲ႕ ကြင္းလယ္နဲ႔ တိုက္စစ္ကို ဂဏန္းၿငိမ္ေအာင္ တည္ေဆာက္ႏိုင္ခဲ့ၿပီး ခံစစ္ကိုသာ ဟိုလူလိုလို ဒီလူလိုလို ျဖစ္ေနခဲ့ခ်ိန္မွာ ပိုစတီကိုဂလူးကေတာ့ ဒီေန႔ပြဲမွာ ခံစစ္မေကာင္းလွတဲ့ ေပၚ႐ိုကို ခ်ဲလ္ဆီးရဲ႕ လ်င္ျမန္ၿပီး မာယာမ်ားတဲ့ ဘယ္ေတာင္ပံတိုက္စစ္ေတြကို ထိန္းခိုင္းခဲ့တာက နည္းနည္းေလာက္ အမွတ္ျပန္ေလွ်ာ့ရမယ့္ အခ်က္ျဖစ္ခဲ့တာပါ။
ပြဲခ်ိန္ ၆ မိနစ္မွာ စပါးစ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန မက္ဒီဆန္ ေပးတာကို ဆားရ္က ညာေတာင္ပံကို ခင္းေပးလိုက္တဲ့ ေဘာလုံးကို ကူလူရွက္ဗ္စကီးက အတြင္းကို ခ်ိဳးဝင္ၿပီး ခ်ဲလ္ဆီးေနာက္ခံလူေတြ ပိတ္ထားတဲ့ ၾကားထဲက ဧရိယာအစပ္ကေန ကန္သြင္းခဲ့ရာမွာ လူထိၿပီး ဝင္သြားခဲ့လို႔ ဂိုးသမား ဆန္ခ်က္ဇ္ ဘာမွ မတတ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။
ဒီေန႔ပြဲမွာ စပါးစ္ခံစစ္ရဲ႕ မတည္ၿငိမ္မႈေတြကို မၾကာခဏျမင္ခဲ့ရၿပီး ဆြန္ေဟာင္မင္ ဂိုးထပ္သြင္းခဲ့ေပမယ့္ လူကြၽံေဘာျဖစ္ေနခဲ့သလို ေပၚ႐ိုကို ႏိုင္ခ်င္တိုင္း ႏိုင္ေနတဲ့ စတာလင္ကလည္း ဘယ္ေတာင္ပံက တိုးဝင္ၿပီး ဂိုးသြင္းရာမွာ လက္ထိေဘာေၾကာင့္ ဂိုးမရခဲ့ဘဲ ကိုင္စီဒိုက ဂိုးထပ္သြင္းရာမွာလည္း ဂ်က္ဆန္ လူကြၽံေနတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရပါတယ္။
ပြဲခ်ိန္ ၃၁ မိနစ္မွာ အန္ဇို ဖာနန္ဒက္ဇ္ကို ေဘာလုံးမထိဘဲ ကန္မိခဲ့သလို ေျခက်င္းဝတ္ကို နင္းမိခဲ့တဲ့ အာဂ်င္တီးနားအသင္းေဖာ္ ႐ိုမဲ႐ိုးကို VAR နဲ႔ ျပန္ၾကည့္ၿပီး အနီကတ္ျပ ထုတ္ပယ္ခဲ့သလို ပင္နယ္တီပါ ေပးခဲ့တာေၾကာင့္ ခ်ဲလ္ဆီး ေခ်ပဂိုးျပန္ရခဲ့ၿပီး ဒီဂိုးကိုေတာ့ ပါးလ္မားက ညာဘက္တိုင္ေျခကို ကန္သြင္းခဲ့ရာမွာ ဗီကာရီယို ဒိုက္ပစ္ေပမယ့္ မမီခဲ့ဘဲ ဂိုးျဖစ္သြားခဲ့တာပါ။
ပြဲခ်ိန္ ၃၇ မိနစ္မွာ ဂ်က္ဆန္က ဂိုးပိုက္ထဲ ေဘာလုံးကို ပို႔ခဲ့ျပန္ေပမယ့္ စတာလင္ လူကြၽံေနခဲ့လို႔ ဂိုးမျဖစ္ခဲ့သလို နာက်င္အခ်ိန္ပိုမွာေတာ့ ခ်ဲလ္ဆီးဘက္ကို အဝါေတြ ေပးၿပီး ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာက ႏွစ္သိမ့္ျပသြားခဲ့ေပမယ့္ ေခါင္းတိုက္ရာမွာ ဘာမွ မဆိုင္ဘဲ လက္ေျမႇာက္ၿပီး အူဒိုဂီကို တံေတာင္နဲ႔ တြက္ခဲ့တဲ့ ရီးစ္ ဂ်ိမ္းစ္ကေတာ့ ဘာကတ္မွ မထိခဲ့တာေၾကာင့္ ရယ္စရာပဲျဖစ္ခဲ့ရပါတယ္။
ပထမပိုင္းမွာ ဂြၽန္ဆန္၊ မက္ဒီဆန္နဲ႔ ဒဏ္ရာရသြားတဲ့ ဗန္ဒဗင္တို႔အစား ဒိုင္ယာ၊ ႐ိုယဲလ္နဲ႔ ဟြိဳင္ဘယာ့ဂ္တို႔ကို လဲၿပီး စပါးစ္တို႔ ခံစစ္ပိတ္ကစားႏိုင္ခဲ့လို႔ တစ္ဂိုးစီျဖစ္ေနခဲ့သလို ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔က အဝါထိထားတဲ့ ေကာလ္ဝီလ္အား ကူကူရဲလားကို လာခဲ့ခ်ိန္မွာ ဧည့္သည္ေတြ မႏိုင္မွာ စိုးတာေၾကာင့္ ပြဲခ်ိန္ ၅၅ မိနစ္မွာ ၅၀-၅၀ အေနအထားမွာ စတာလင္ကို ေဘာလုံးေရာ လူပါဖ်က္တဲ့ အဝါျပၿပီး ေနာက္တစ္ကြက္ေ႐ႊ႕သြားခဲ့တာပါ။
ဒီက ရတဲ့ ဖရီးကစ္ကို ပြဲခ်ိန္ ၅၆ မိနစ္မွာ အတိုေပးၿပီး ဖန္တီးမႈက အေတာ္ေကာင္းခဲ့ေပမယ့္ ဂ်က္ဆန္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဟြိဳင္ဘယာ့ဂ္က ဂိုးစည္းေပၚက ရွင္းထုတ္သြားခဲ့လို႔ ရင္ခံခဲ့ရသလို အန္ဇို ဖာနန္ဒက္ဇ္အစား မူဒရစ္ခ္ကို ထည့္ၿပီး စပါးစ္ခံစစ္ရဲ႕ လူကြၽံေထာင္ေခ်ာက္ေတြကို ေဖာက္ထြက္ဖို႔ ႀကိဳးစားေနတဲ့ ခ်ဲလ္ဆီးနည္းျပ ပိုခ်က္တီႏိုရဲ႕ ဗ်ဴဟာကေတာ့ တျဖည္းျဖည္း အႏၲရာယ္ အေငြ႕အသက္ေတြကို ျပသလာခဲ့ပါတယ္။
ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အႏိုင္ဂိုး စတင္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဒိုင္ယာနဲ႔ ဟြိဳင္ဘယာ့ဂ္တို႔ ဗဟိုခံစစ္ကစားေနခဲ့ၾကလို႔ ေလးလံလာတဲ့ စပါးစ္ခံစစ္ၾကားကေန ညာျခမ္း ေျပာင္းကစားေနတဲ့ စတာလင္က လ်င္လ်င္ျမန္ျမန္ ေဖာက္ထြက္သြားခဲ့ၿပီး ဂိုးေရွ႕မွာ အနိမ့္ေဘာ အပိုင္ခင္းေပးရာမွာ ဂ်က္ဆန္က အသာအယာ ပိတ္သြင္းယူႏိုင္ခဲ့တာပါ။
ပြဲခ်ိန္ ၇၈ မိနစ္မွာ ဖရီးကစ္ကေန ဒိုင္ယာက ေခ်ပဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေဘာ သတ္မွတ္ခံခဲ့ရတာေၾကာင့္ ခ်ဲလ္ဆီးတို႔ ဦးေဆာင္မႈကို ဆက္ၿပီး ထိန္းသိမ္းႏိုင္ခဲ့သလို ပြဲခ်ိန္ ၈၉ မိနစ္မွာ ေဘာလုံးေနာက္ ေျပးလိုက္ရင္း ေရွ႕တက္ ရွင္းထုတ္တဲ့ စပါးစ္ဂိုးသမား ဗီကာရီယိုကို တက္နင္းတဲ့ မူဒရစ္ခ္ကိုေတာ့ အဝါပဲ ျပခဲ့တာက ႐ိုမဲ႐ိုးရဲ႕ အနီကတ္နဲ႔ ယွဥ္ရင္ ဟားတိုက္စရာျဖစ္ခဲ့ရပါတယ္။
နာက်င္အခ်ိန္ပိုမွာေတာ့ ခ်ဲလ္ဆီးတို႔ ကံေကာင္းေနခဲ့ၿပီး ဆြန္ေဟာင္မင္ရဲ႕ ကန္ခ်က္ကို ဂိုးသမား ဆန္ခ်က္ဇ္ ကာကြယ္အၿပီး တစ္မိနစ္အၾကာ ပြဲခ်ိန္ ၉၄ မိနစ္မွာေတာ့ တတိယဂိုး ထပ္ရခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းေကာင္တာကေန ဂါလာဂါ ေဖာက္ထြက္ၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခင္းေပးရာမွာ အားထုတ္မႈ နည္းပါးလြန္းတဲ့ ေပၚ႐ိုရဲ႕ ညံ့ဖ်င္းမႈေၾကာင့္ပဲ ဂ်က္ဆန္က အပိုင္ကန္သြင္းႏိုင္ခဲ့တာပါ။
ပြဲခ်ိန္ ၉၇ မိနစ္မွာေတာ့ ဂ်က္ဆန္တစ္ေယာက္ ဆယ္ဂိုးေလာက္ ရသင့္ခ်ိန္မွာ ဟက္ထရစ္ယူႏိုင္ဖို႔ ျဖစ္လာခဲ့ၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ပါးလ္မားက စပါးစ္ေနာက္တန္းေတြေပၚ ေက်ာ္ၿပီး ကန္တင္ေပးခဲ့ရာမွာ ခံစစ္ေတာင္ ကစားတတ္ေသးရဲ႕လားလို႔ ေမးယူရမယ့္ ဒိုင္ယာရဲ႕ ညံ့ဖ်င္းမႈေၾကာင့္ ေျပးထြက္ၿပီး ရယူႏိုင္ခဲ့တဲ့ ဂ်က္ဆန္ကပဲ ဂိုးသမားကိုပါ လိမ္ေခါက္ၿပီး ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္အျပည့္မွာေတာ့ လန္ဒန္ဒါဘီမွာ ခ်ဲလ္ဆီးတို႔က စပါးစ္တို႔ကို ေလးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၾကၿပီး ဘယ္သူေတြ ဘယ္လိုပဲ ခန႔္မွန္းခဲ့ၾကေပမယ့္လည္း ပြဲတိုင္းဟာ ပရီးမီးယားလိဂ္ရဲ႕ ႀကိဳးဆြဲရာ ကရတဲ့ ဇာတ္ၫႊန္းပုံေဖာ္မႈေတြသာျဖစ္ၿပီး အသင္းေတြအေနနဲ႔ ဒါေတြကို တတ္ႏိုင္သေလာက္ တြန္းလွန္ဖို႔သာ ရွိေၾကာင္းကို ကြက္ကြက္ကြင္းကြင္း ျမင္ရတဲ့ တနလၤာညပိုင္း ဟာသတစ္ပုဒ္ပဲျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.