International

၂၀၀၈ တုန်းကအောင်မြင်မှုမျိုး ထပ်မံရယူဖို့ အခွင့်အရေးကမ်းလှမ်းခြင်းခံခဲ့ရတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ဂန္တဝင်ဂုဏ်ပုဒ်ကို အခိုင်အမာ ရေးထိုးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး ကိုပါအမေရိက၊ ဖိုင်နယ်လစ်ဆီမာနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုရအောင် ဦးဆောင်ပေးခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ စီနီယာအသင်းအတွက် ပုံမှန်ခေါ်ယူခြင်းခံခဲ့ရတဲ့ ကစားသမားဖြစ်ပေမယ့်လည်း အာဂျင်တီးနားယူ-၂၀ နည်းပြ ဇေးဗီးယား မာရှေရာနိုက လက်ရှိမှာတော့ ပဲရစ် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ မက်ဆီ ပါဝင်ကစားပေးနိုင်ခြေကို ဆွေးနွေးခဲ့ပါတယ်။

မာရှေရာနိုက ပြင်သစ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့် ခရီးမှာ လူငယ်အသင်းနဲ့ လီယွန်နယ် မက်ဆီ ပူးပေါင်းနိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာကို ပြောကြားခဲ့ပြီး အင်တာမိုင်ယာမီကြယ်ပွင့်အနေနဲ့ လက်ရွေးစင်အသင်းမှာ လုပ်ချင်တာ လုပ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“သူသာ ကစားချင်မယ်ဆိုရင် ကြိုဆိုနေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပထမဆုံး ဝင်ခွင့်ရအောင် လုပ်ရမှာပါ။ လက်ရွေးစင်အသင်းရဲ့ တံခါးတွေက သူ့အတွက် အမြဲဖွင့်ထားပြီး သူ လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်။ ဒါက ပကတိအမှန်တရားပဲ။ ကျွန်တော့်ရဲ့ သူနဲ့ ဆက်ဆံရေးက အရမ်းကောင်းတဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှုတွေထဲက တစ်ခုပါ။ ကျွန်တော် သူသာ ကစားပေးရင် နှစ်သက်မိမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဂျင်တီးနားယူ-၂၀ဟာ အိုလံပစ်အကြို ဇုန် ဘီကနေ ဝင်ခွင့် ရရှိဖို့ လိုအပ်နေပြီး ပါရာဂွေး၊ ပီရူး၊ ချီလီ၊ ဥရုဂွေးတို့နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပေမယ့်လည်း အသက် ၂၀ ထက်ကျော်လွန်တဲ့ ကစားသမား ၃ ဦးအထိ ခေါ်ယူခွင့်ရှိတာကြောင့် အာဂျင်တီးနားဂန္တဝင်သာ ကစားသမားဘဝအစ ၂၀၀၈ ဘေဂျင်း အိုလံပစ်တုန်းကလို အောင်မြင်မှုမျိုး ပြန်လည်ခံစားချင်မယ်ဆိုရင် ပါဝင်ကစားပေးခွင့်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းအတြက္ ဂႏၲဝင္ဂုဏ္ပုဒ္ကို အခိုင္အမာ ေရးထိုးႏိုင္ခဲ့တဲ့ကစားသမားျဖစ္ၿပီး ကိုပါအေမရိက၊ ဖိုင္နယ္လစ္ဆီမာနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈရေအာင္ ဦးေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ စီနီယာအသင္းအတြက္ ပုံမွန္ေခၚယူျခင္းခံခဲ့ရတဲ့ ကစားသမားျဖစ္ေပမယ့္လည္း အာဂ်င္တီးနားယူ-၂၀ နည္းျပ ေဇးဗီးယား မာေရွရာႏိုက လက္ရွိမွာေတာ့ ပဲရစ္ ၂၀၂၄ အိုလံပစ္ၿပိဳင္ပြဲမွာ မက္ဆီ ပါဝင္ကစားေပးႏိုင္ေျခကို ေဆြးေႏြးခဲ့ပါတယ္။

မာေရွရာႏိုက ျပင္သစ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ ခရီးမွာ လူငယ္အသင္းနဲ႔ လီယြန္နယ္ မက္ဆီ ပူးေပါင္းႏိုင္ေျခ ဘယ္ေလာက္ရွိလဲဆိုတာကို ေျပာၾကားခဲ့ၿပီး အင္တာမိုင္ယာမီၾကယ္ပြင့္အေနနဲ႔ လက္ေ႐ြးစင္အသင္းမွာ လုပ္ခ်င္တာ လုပ္ႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“သူသာ ကစားခ်င္မယ္ဆိုရင္ ႀကိဳဆိုေနမွာပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ပထမဆုံး ဝင္ခြင့္ရေအာင္ လုပ္ရမွာပါ။ လက္ေ႐ြးစင္အသင္းရဲ႕ တံခါးေတြက သူ႔အတြက္ အၿမဲဖြင့္ထားၿပီး သူ လုပ္ခ်င္တာမွန္သမွ် လုပ္လို႔ရတယ္။ ဒါက ပကတိအမွန္တရားပဲ။ ကြၽန္ေတာ့္ရဲ႕ သူနဲ႔ ဆက္ဆံေရးက အရမ္းေကာင္းတဲ့ ခင္မင္ရင္းႏွီးတဲ့ ဆက္ဆံမႈေတြထဲက တစ္ခုပါ။ ကြၽန္ေတာ္ သူသာ ကစားေပးရင္ ႏွစ္သက္မိမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဂ်င္တီးနားယူ-၂၀ဟာ အိုလံပစ္အႀကိဳ ဇုန္ ဘီကေန ဝင္ခြင့္ ရရွိဖို႔ လိုအပ္ေနၿပီး ပါရာေဂြး၊ ပီ႐ူး၊ ခ်ီလီ၊ ဥ႐ုေဂြးတို႔နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ေပမယ့္လည္း အသက္ ၂၀ ထက္ေက်ာ္လြန္တဲ့ ကစားသမား ၃ ဦးအထိ ေခၚယူခြင့္ရွိတာေၾကာင့္ အာဂ်င္တီးနားဂႏၲဝင္သာ ကစားသမားဘဝအစ ၂၀၀၈ ေဘဂ်င္း အိုလံပစ္တုန္းကလို ေအာင္ျမင္မႈမ်ိဳး ျပန္လည္ခံစားခ်င္မယ္ဆိုရင္ ပါဝင္ကစားေပးခြင့္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.