Premier League

ပြုတ်စော်နံနေချိန်မှာ နောက်ထပ်နည်းပြမယ့်အသင်းကို ပြောပြလိုက်တဲ့ ပိုချက်တီနို

ချဲလ်ဆီးနည်းပြ မူရီဆီယို ပိုချက်တီနိုက အသင်းဟောင်းနဲ့ ရင်ဆိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်နေချိန်မှာ တစ်နေ့ကျရင် စပါးစ်နည်းပြခုံတန်းကို ပြန်သွားချင်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

စပါးစ်ဟာ တနင်္လာနေ့ညမှာ ချဲလ်ဆီးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး လန်ဒန်ကလပ် ၂ သင်းစလုံးအတွက် အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်လာမှာဖြစ်ပါတယ်။ ပိုချက်တီနိုအတွက်လည်း ၂၀၁၉ ခုနှစ်တုန်းက နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း ၅ နှစ်အတွင်း ပထမဆုံးအကြိမ် တော့တင်ဟမ်ဟော့စပါးကွင်းကို ပြန်လည်သွားရောက်ရမှာဖြစ်ပြီး အာဂျင်တီးနားလူမျိုးနည်းပြဟာ စပါးစ်ပရိသတ်တွေနဲ့ အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ကွန်တီ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း ယခုနှစ်အစောပိုင်းတုန်းက စပါးစ်နည်းပြဟောင်းဟာ နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခံရဖို့ သတင်းတွေ ၂ ကြိမ်အထိ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း အန်ဂီ ပိုစတီကိုဂလူကိုသာ နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုကလည်း တော့တင်ဟမ်ဟော့စပါးရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့တာကြောင့် မြောက်လန်ဒန်ကို ပြန်သွားဖို့က မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့်လည်း အသက် ၅၁ နှစ်အရွယ် နည်းပြက “ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ကျွန်တော် သေတဲ့အထိ နောက်ထပ် နှစ် ၂၀၊ ၂၅ နှစ်အထိ ဒီမှာနေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့်လည်း ခင်ဗျား မနက်ဖြန်ဘာဖြစ်မလဲဆိုတာကို ဘယ်တော့မှ မသိနိုင်ပါဘူး။ ကျွန်တော်က အသက် ၅၁ နှစ်ရှိပါပြီ။ ဒီနေ့ကို ပျော်ရွှင်ခံစားဖို့ပဲ ပိုပြီးတွေးပါတယ်။ အနာဂတ်ကို အရမ်းကြီး မျှော်ကြည့်မနေပါဘူး။ ဒါပေမယ့် ခင်ဗျားဘယ်တော့မှ မသိနိုင်ပါဘူး။ ကျွန်တော်သာ အလုပ်လုပ်မနေဘူးဆိုရင် သေချာပေါက် နည်းပြချင်တဲ့ အသင်းပါ။ သူတို့သာ တစ်နေ့ကျရင် ကျွန်တော့်ကို လိုချင်မယ်ဆိုရင် ဘာကြောင့် ပြန်မသွားရမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနည္းျပ မူရီဆီယို ပိုခ်က္တီႏိုက အသင္းေဟာင္းနဲ႔ ရင္ဆိုင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ေနခ်ိန္မွာ တစ္ေန႔က်ရင္ စပါးစ္နည္းျပခုံတန္းကို ျပန္သြားခ်င္တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

စပါးစ္ဟာ တနလၤာေန႔ညမွာ ခ်ဲလ္ဆီးကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး လန္ဒန္ကလပ္ ၂ သင္းစလုံးအတြက္ အေရးႀကီးတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ျဖစ္လာမွာျဖစ္ပါတယ္။ ပိုခ်က္တီႏိုအတြက္လည္း ၂၀၁၉ ခုႏွစ္တုန္းက နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ပိုင္း ၅ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ေတာ့တင္ဟမ္ေဟာ့စပါးကြင္းကို ျပန္လည္သြားေရာက္ရမွာျဖစ္ၿပီး အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာ စပါးစ္ပရိသတ္ေတြနဲ႔ အလြန္ရင္းႏွီးတဲ့ဆက္ဆံေရးရွိသူျဖစ္ပါတယ္။

ပိုခ်က္တီႏိုဟာ ကြန္တီ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ပိုင္း ယခုႏွစ္အေစာပိုင္းတုန္းက စပါးစ္နည္းျပေဟာင္းဟာ နည္းျပအျဖစ္ ျပန္လည္ခန႔္အပ္ခံရဖို႔ သတင္းေတြ ၂ ႀကိမ္အထိ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္လည္း အန္ဂီ ပိုစတီကိုဂလူကိုသာ နည္းျပအျဖစ္ ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။

ပိုခ်က္တီႏိုကလည္း ေတာ့တင္ဟမ္ေဟာ့စပါးရဲ႕ ခါးသီးၿပိဳင္ဘက္ျဖစ္တဲ့ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕သြားခဲ့တာေၾကာင့္ ေျမာက္လန္ဒန္ကို ျပန္သြားဖို႔က မျဖစ္ႏိုင္ဘူးလို႔ ထင္ရေပမယ့္လည္း အသက္ ၅၁ ႏွစ္အ႐ြယ္ နည္းျပက “ဘာေၾကာင့္ မျဖစ္ႏိုင္ရမွာလဲ။ ကြၽန္ေတာ္ ေသတဲ့အထိ ေနာက္ထပ္ ႏွစ္ ၂၀၊ ၂၅ ႏွစ္အထိ ဒီမွာေနႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ဒါေပမယ့္လည္း ခင္ဗ်ား မနက္ျဖန္ဘာျဖစ္မလဲဆိုတာကို ဘယ္ေတာ့မွ မသိႏိုင္ပါဘူး။ ကြၽန္ေတာ္က အသက္ ၅၁ ႏွစ္ရွိပါၿပီ။ ဒီေန႔ကို ေပ်ာ္႐ႊင္ခံစားဖို႔ပဲ ပိုၿပီးေတြးပါတယ္။ အနာဂတ္ကို အရမ္းႀကီး ေမွ်ာ္ၾကည့္မေနပါဘူး။ ဒါေပမယ့္ ခင္ဗ်ားဘယ္ေတာ့မွ မသိႏိုင္ပါဘူး။ ကြၽန္ေတာ္သာ အလုပ္လုပ္မေနဘူးဆိုရင္ ေသခ်ာေပါက္ နည္းျပခ်င္တဲ့ အသင္းပါ။ သူတို႔သာ တစ္ေန႔က်ရင္ ကြၽန္ေတာ့္ကို လိုခ်င္မယ္ဆိုရင္ ဘာေၾကာင့္ ျပန္မသြားရမွာလဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.