Premier League

ရှုံးပွဲတွေ့တဲ့ အာဆင်နယ်ကို မရက်စက်နိုင်ခဲ့ကြတဲ့ ဗီလာနဲ့ လီဗာပူးလ်

ပြီးခဲ့တဲ့ စနေနေ့ညက အာဆင်နယ်တို့အနေနဲ့ နယူးကာဆယ်လ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် တနင်္ဂနွေနေ့မှာ ထိပ်ဆုံးလေးသင်း ပြင်ပကို ရောက်သွားနိုင်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပေမယ့် ရဲဘော်ရဲဘက်ကောင်းတွေဖြစ်ကြတဲ့ အက်စ်တန်ဗီလာနဲ့ လီဗာပူးလ်တို့ကြောင့် အဆင့် ၄ နဲ့ စိတ်သက်သာရာရနိုင်ခဲ့ကြပါတယ်။

ဗီလာတို့အနေနဲ့ နော့တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ အငိုက်မိခံခဲ့ရပြီး အမ်မရီရဲ့လူတွေ ပြန်လာနိုင်ခြင်း မရှိတော့သလို လီဗာပူးလ်တို့ကလည်း လူတန်ကို နောက်ကနေ လိုက်ကစားပြီးမှ အဝေးကွင်းမှာ ရှုံးရမယ့် ဘဝကနေ သရေတစ်မှတ်ကို နောက်ဆုံးမိနစ်မှာ ရယူနိုင်ခဲ့တာကြောင့် အာဆင်နယ်နဲ့ အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အဆင့် ၃ ကို ရယူသွားခဲ့တာပါ။

ဒီနေ့မှာ ဖောရက်စ်တို့အနေနဲ့ မထင်မှတ်ဘဲ နိုင်ပွဲရှာဖွေသွားနိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ အရန်ကစားသမားသာဖြစ်တဲ့ ဘယ်နောက်ခံလူ ဟာရီ တော့ဖိုလိုရဲ့ ဖန်တီးမှုတွေကနေ အိုလာ အိုင်နာနဲ့ အိုရဲလ် မန်ဂါလာတို့ တစ်ဂိုးစီ သွင်းယူသွားခဲ့တာကြောင့် ဗီလာတို့ဘက်က ဝပ်ကင်းစ်၊ ဒီယာဘီ၊ မက်ဂင်းနဲ့ ဘေလီတို့လို နာမည်ကြီး ကစားသမားတွေ ဘာမှ မတုံ့ပြန်နိုင်ဘဲ ရှုံးနိမ့်ခဲ့လို့ ၂၂ မှတ်နဲ့ အဆင့် ၅ မှာ နေမြဲဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်တို့ကတော့ လုပ်ပွဲများလားလို့တောင် သံသယ ဝင်စရာဖြစ်ခဲ့ပြီး အခွင့်အရေးတွေကို အကြိမ်ကြိမ် ဖြုန်းတီးခဲ့ကြသလို ဆာလားနဲ့ ဒါဝင် နူးညက်ဇ်တို့ရဲ့ အဆုံးသတ်ပုံတွေက ရုပ်ပေါက်လွန်းတဲ့အတွက် ဘဲဥ မကွဲချိန်မှာ အိမ်ရှင်တွေရဲ့ မန်ယူကစားသမားဟောင်း တာဟစ် ချုံးက ဂိုးစသွင်းခဲ့လို့ နောက်က လိုက်ကစားခဲ့ရတာပါ။

ဒါပေမယ့် နာကျင်အချိန်ပို ၅ မိနစ်မှာတော့ လူစားဝင် ကစားသမား လူးဝစ် ဒီယက်ဇ်က ချေပဂိုးသွင်းပြီး သရေတစ်မှတ် ရစေခဲ့တာကြောင့် အဆင့် ၄ ကနေ တစ်မှတ်ရရှိမှုနဲ့ တတိယနေရာကို ဝင်ယူနိုင်ခဲ့ချိန်မှာ တနင်္ဂနွေည ပွဲစဉ်တွေမှာ အာဆင်နယ်တို့ သိပ်ဝမ်းနည်းစရာ မရှိခဲ့ဘဲ လီဗာပူးလ်နဲ့ အမှတ်တူ၊ ဗီလာတို့ထက် ၂ မှတ်သာဆဲဖြစ်ကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပြီးခဲ့တဲ့ စနေနေ့ညက အာဆင်နယ်တို့အနေနဲ့ နယူးကာဆယ်လ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် တနင်္ဂနွေနေ့မှာ ထိပ်ဆုံးလေးသင်း ပြင်ပကို ရောက်သွားနိုင်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပေမယ့် ရဲဘော်ရဲဘက်ကောင်းတွေဖြစ်ကြတဲ့ အက်စ်တန်ဗီလာနဲ့ လီဗာပူးလ်တို့ကြောင့် အဆင့် ၄ နဲ့ စိတ်သက်သာရာရနိုင်ခဲ့ကြပါတယ်။