လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်က တနင်္ဂနွေနေ့ညက လူတန်တောင်းနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း နောက်ကျ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အသင်းဖော် လူးဝစ္စ ဒီယက်ဇ်ကို ချီးကျူး ပြောဆိုခဲ့ပါတယ်။
လီဗာပူးလ်ဟာ မိနစ် ၈၀ မှာ မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက် တာဟစ် ချုံရဲ့ သွင်းဂိုးကြောင့် ၁-၀ နဲ့ ပွဲကစားချိန် ၁၀ မိနစ်သာ ကျန်တော့ချိန်မှာ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပေမယ့်လည်း ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ပွဲကစားချိန် နာကျင်အချိန်ပို ၅ မိနစ်မှာ ဒီယက်ဇ်ရဲ့ ချေပဂိုးကြောင့် သရေ ၁ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။
ဒီယက်ဇ်ရဲ့ မိဘတွေဟာ ပြီးခဲ့တဲ့အပတ်က ကိုလံဘီယာမှာ ပြန်ပေးဆွဲခံခဲ့ရပြီးနောက် ဘုန်းမောက်၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူကို ပြန်ပေးသမားတွေက ပြန်လွှတ်ပေးခဲ့ပေမယ့်လည်း ဖခင်ဖြစ်သူကိုတော့ ဆက်လက် ဖမ်းဆီးထားတာကြောင့် ပြန်လွှတ်ပေးဖို့ ကမ္ဘာအနှံ့က ပရိသတ်တွေက တောင်းဆိုမှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအခြေအနေက ပုံမှန်အနေအထားနဲ့ အလှမ်းကွာဝေးနေတဲ့အခြေအနေမှာရှိနေပေမယ့်လည်း ဒီယက်ဇ်ဟာ လူတန်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ဝင်ကစားပေးခဲ့ပြီး အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
အယ်လစ်ဆန်က ဒီယက်ဇ်ဟာ ပုဂ္ဂိုလ်ရေးပြဿနာတွေရှိနေချိန်မှာ လီဗာပူးလ်အတွက် ကွဲပြားခြားနားမှုတွေကို ပြုလုပ်ပေးဖို့ စိတ်ဓာတ်ခွန်အားနဲ့ စရိုက်လက္ခဏာကို စံနမူနာအဖြစ် ပြသခဲ့တာဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။
“သူ့ရဲ့ စရိုက်လက္ခဏာနဲ့ စိတ်အတွင်းပိုင်း ကြံ့ခိုင်မှုကို စကားတွေ အများကြီး ပြောသွားတာပဲ။ သူ ဖြတ်သန်းနေရတာကို ကျွန်တော် တွေးတောင်မတွေးကြည့်ရဲပါဘူး။ ကျွန်တော်တို့ သူ့ကို အားပေးထောက်ခံနေပြီး သူ့ရဲ့ နာကျင်မှုကို ခံစားရပါတယ်။ ဒါပေမယ့် သူ့အတွက်ကတော့ အဲဒါက မတူညီတဲ့ အဆင့်အတန်းတစ်ခုပါ။ ဘောလုံးက ရုန်းကန်နေရတဲ့သူတွေဆီကို ပျော်ရွှင်မှုတွေ ယူဆောင်ပေးနိုင်တယ်။ ဘောလုံးက ဒီအချိန်မှာ လူးဝစ္စကို ပျော်ရွှင်မှုတွေ ယူဆောင်ပေးပါတယ်။ သူ ကျွန်တော်တို့အတွက် တကယ်အရေးကြီးပြီး ထူးခြားဆန်းကြယ်တဲ့ဂိုးသွင်းယူပေးခဲ့တယ်။ ခင်ဗျား ကွင်းထဲမှာ ရှိနေတဲ့အခါမှာ အလုပ်အပေါ်မှာ အာရုံစိုက်ရမယ်။ သူ ကျွန်တော်တို့အတွက် အဲဒီလိုလုပ်ပေးခဲ့တာပါ။”လို့ ပြောကြားခဲ့ပါတယ်။
လူးဝစ္စ ဒီယက်ဇ်ဟာ လူတန်တောင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် “အဖေ့ကို လွှတ်ပေးပါ”လို့ စာသားပါဝင်တဲ့ တီရှပ်ကို ထုတ်ဖော်ပြသခဲ့ပြီး လီဗာပူးလ်ဟာ သရေ ၁ မှတ်ရရှိခဲ့တာကြောင့် ၁၁ ပွဲကနေ ၂၄ မှတ်ရရှိခဲ့ပြီးနောက် ဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: လီဗာပူးလ္ဂိုးသမား အယ္လစ္ဆန္က တနဂၤေႏြေန႔ညက လူတန္ေတာင္းနဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ေနာက္က် ေခ်ပဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ အသင္းေဖာ္ လူးဝစၥ ဒီယက္ဇ္ကို ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။
လီဗာပူးလ္ဟာ မိနစ္ ၈၀ မွာ မန္ခ်က္စတာယူႏိုက္တက္အကယ္ဒမီထြက္ တာဟစ္ ခ်ဳံရဲ႕ သြင္းဂိုးေၾကာင့္ ၁-၀ နဲ႔ ပြဲကစားခ်ိန္ ၁၀ မိနစ္သာ က်န္ေတာ့ခ်ိန္မွာ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ေပမယ့္လည္း ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ပြဲကစားခ်ိန္ နာက်င္အခ်ိန္ပို ၅ မိနစ္မွာ ဒီယက္ဇ္ရဲ႕ ေခ်ပဂိုးေၾကာင့္ သေရ ၁ မွတ္ ရရွိခဲ့တာျဖစ္ပါတယ္။
ဒီယက္ဇ္ရဲ႕ မိဘေတြဟာ ၿပီးခဲ့တဲ့အပတ္က ကိုလံဘီယာမွာ ျပန္ေပးဆြဲခံခဲ့ရၿပီးေနာက္ ဘုန္းေမာက္၊ ေနာ္တင္ဟမ္ေဖာရက္စ္တို႔နဲ႔ ကစားခဲ့တဲ့ ၿပီးခဲ့တဲ့ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး မိခင္ျဖစ္သူကို ျပန္ေပးသမားေတြက ျပန္လႊတ္ေပးခဲ့ေပမယ့္လည္း ဖခင္ျဖစ္သူကိုေတာ့ ဆက္လက္ ဖမ္းဆီးထားတာေၾကာင့္ ျပန္လႊတ္ေပးဖို႔ ကမာၻအႏွံ႔က ပရိသတ္ေတြက ေတာင္းဆိုမႈေတြ ျပဳလုပ္ေနၾကတာျဖစ္ပါတယ္။
စိတ္ပိုင္းဆိုင္ရာအေျခအေနက ပုံမွန္အေနအထားနဲ႔ အလွမ္းကြာေဝးေနတဲ့အေျခအေနမွာရွိေနေပမယ့္လည္း ဒီယက္ဇ္ဟာ လူတန္နဲ႔ပြဲစဥ္မွာ လူစားဝင္ကစားသမားအျဖစ္ ဝင္ကစားေပးခဲ့ၿပီး အသင္းအတြက္ အဖိုးတန္ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။
အယ္လစ္ဆန္က ဒီယက္ဇ္ဟာ ပုဂၢိဳလ္ေရးျပႆနာေတြရွိေနခ်ိန္မွာ လီဗာပူးလ္အတြက္ ကြဲျပားျခားနားမႈေတြကို ျပဳလုပ္ေပးဖို႔ စိတ္ဓာတ္ခြန္အားနဲ႔ စ႐ိုက္လကၡဏာကို စံနမူနာအျဖစ္ ျပသခဲ့တာျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။
“သူ႔ရဲ႕ စ႐ိုက္လကၡဏာနဲ႔ စိတ္အတြင္းပိုင္း ႀကံ့ခိုင္မႈကို စကားေတြ အမ်ားႀကီး ေျပာသြားတာပဲ။ သူ ျဖတ္သန္းေနရတာကို ကြၽန္ေတာ္ ေတြးေတာင္မေတြးၾကည့္ရဲပါဘူး။ ကြၽန္ေတာ္တို႔ သူ႔ကို အားေပးေထာက္ခံေနၿပီး သူ႔ရဲ႕ နာက်င္မႈကို ခံစားရပါတယ္။ ဒါေပမယ့္ သူ႔အတြက္ကေတာ့ အဲဒါက မတူညီတဲ့ အဆင့္အတန္းတစ္ခုပါ။ ေဘာလုံးက ႐ုန္းကန္ေနရတဲ့သူေတြဆီကို ေပ်ာ္႐ႊင္မႈေတြ ယူေဆာင္ေပးႏိုင္တယ္။ ေဘာလုံးက ဒီအခ်ိန္မွာ လူးဝစၥကို ေပ်ာ္႐ႊင္မႈေတြ ယူေဆာင္ေပးပါတယ္။ သူ ကြၽန္ေတာ္တို႔အတြက္ တကယ္အေရးႀကီးၿပီး ထူးျခားဆန္းၾကယ္တဲ့ဂိုးသြင္းယူေပးခဲ့တယ္။ ခင္ဗ်ား ကြင္းထဲမွာ ရွိေနတဲ့အခါမွာ အလုပ္အေပၚမွာ အာ႐ုံစိုက္ရမယ္။ သူ ကြၽန္ေတာ္တို႔အတြက္ အဲဒီလိုလုပ္ေပးခဲ့တာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။
လူးဝစၥ ဒီယက္ဇ္ဟာ လူတန္ေတာင္းဘက္ကို ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ “အေဖ့ကို လႊတ္ေပးပါ”လို႔ စာသားပါဝင္တဲ့ တီရွပ္ကို ထုတ္ေဖာ္ျပသခဲ့ၿပီး လီဗာပူးလ္ဟာ သေရ ၁ မွတ္ရရွိခဲ့တာေၾကာင့္ ၁၁ ပြဲကေန ၂၄ မွတ္ရရွိခဲ့ၿပီးေနာက္ ဇယားထိပ္ဆုံးက မန္စီးတီးနဲ႔ ၃ မွတ္အကြာ အဆင့္ ၃ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.