Premier League

ကယ်တင်ရှင် ဖာနန်ဒက်စ်အပေါ် ရွိုင် ကီးန်ရဲ့ ဝေဖန်မှုကို တုံ့ပြန်လိုက်တဲ့ တန်ဟက်

အဲရစ် တန်ဟက်ဟာ စနေနေ့က ဖူလ်ဟမ်ကို နောက်ကျ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်အပေါ် ပြစ်တင်ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ မန်စီးတီး၊ နယူးကာဆယ်တို့ကို ၃-၀ နဲ့ အိမ်ကွင်းမှာ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် ကြီးမားတဲ့ဖိအားတွေနဲ့အတူ ခရာဗင် ကော့တေ့ချ်ကို သွားရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အစောပိုင်းမှာ အဖွင့်ဂိုးရခဲ့ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း မက်တော်မီနေးရဲ့ သွင်းဂိုးဟာ VAR ရဲ့ လူကျွံဘောအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အိမ်ရှင် ဖူလ်ဟမ်အသင်းရဲ့ ဖိအားပေးမှုတွေကို အချိန်အများအပြား တောင့်ခံခဲ့ရပြီး အမှန်အတိုင်းပြောရရင် မန်ချက်စတာယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က သာမန်အောက်ကျဆင်းနေပြီး ဖူလ်ဟမ်က ဦးဆောင်ဂိုးသွင်းဖို့ အခွင့်အရေးတွေ အများအပြားရှိခဲ့ပေမယ့် ဖာနန်ဒက်စ်က ၉၁ မိနစ်မှာ အနိုင် ၃ မှတ်အားလုံးရယူနိုင်စေမယ့် မှော်ဆန်တဲ့အခိုက်အတန့်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်က စွမ်းဆောင်ရည်ကြောင့် မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အသင်းခေါင်းဆောင်အရည်အချင်းမျိုးမရှိတဲ့ကောင်လို့ ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တန်ဟက်က ဖူလ်ဟမ်နဲ့ပွဲက ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်ဟာ ဝေဖန်သူတွေကို ပါးစပ်ပိတ်နိုင်ခဲ့ပြီလို့ ခံစားနေရပြီး မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်က နောက်ထပ်တစ်ကြိမ် အသင်းကို ကယ်တင်ပေးခဲ့ပြီး စံနမူနာအနေနဲ့ ဦးဆောင်ပြနိုင်ခဲ့ပြီလို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

“သူ့ရဲ့ အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေကြတာကို ကျွန်တော် နားမလည်ပါဘူး။ အားလုံးက အမှားလုပ်တတ်ကြပြီး ဘယ်သူမှ ပြီးပြည့်စုံနေတာမရှိပါဘူး။ ဒါပေမယ့် သူက အရာတော်တော်များများကို အရမ်းကောင်းအောင် လုပ်နေပါတယ်။ သူက စံနမူနာယူရမယ့် အသင်းခေါင်းဆောင်ဆိုတာကို အချိန်တိုင်း ပြသနေပါတယ်။ ခင်ဗျား ဒီနေ့ မြင်တဲ့အတိုင်းပဲလေ။ သူ ဘယ်လောက် အလုပ်လုပ်လဲ။ သူ ဘယ်လောက် ဖိအားပေးနေလဲ။ ပြီးတော့ အဆုံးမှာ သူ ဂိုးသွင်းယူခဲ့တယ်။ အဲဒီတော့ သူက ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးပါတယ်။ ဒီသွင်းဂိုးက ကျွန်တော်တို့အသင်းအတွက် ဘယ်လောက်အထိ ကြီးမားလဲဆိုတာ ရှင်းပါတာယ်။ ကျွန်တော်တို့ အစပိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တယ်(လူကျွံဂိုး)။ ကျွန်တော်တို့ အဆုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျား အဝေးကွင်းမှာ ကစားရတဲ့အချိန် အဆုံးမှာ ဂိုးသွင်းယူနိုင်မယ်ဆိုရင် အမြဲတမ်း အကောင်းဆုံးအခိုက်အတန့်ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်တွေအတွက် ပြန်သွင်းဖို့က အချိန်က မရှိသလောက်နီးပါးဖြစ်နေတာကြောင့်ပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ္ တန္ဟက္ဟာ စေနေန႔က ဖူလ္ဟမ္ကို ေနာက္က် အႏိုင္ဂိုး သြင္းယူေပးခဲ့တဲ့ အသင္းေခါင္းေဆာင္ ဘ႐ူႏို ဖာနန္ဒက္စ္အေပၚ ျပစ္တင္ေဝဖန္မႈေတြကို ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ မန္စီးတီး၊ နယူးကာဆယ္တို႔ကို ၃-၀ နဲ႔ အိမ္ကြင္းမွာ ၂ ပြဲဆက္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ႀကီးမားတဲ့ဖိအားေတြနဲ႔အတူ ခရာဗင္ ေကာ့ေတ့ခ်္ကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ၿပီး အေစာပိုင္းမွာ အဖြင့္ဂိုးရခဲ့ၿပီလို႔ ထင္ျမင္ခဲ့ေပမယ့္လည္း မက္ေတာ္မီေနးရဲ႕ သြင္းဂိုးဟာ VAR ရဲ႕ လူကြၽံေဘာအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အိမ္ရွင္ ဖူလ္ဟမ္အသင္းရဲ႕ ဖိအားေပးမႈေတြကို အခ်ိန္အမ်ားအျပား ေတာင့္ခံခဲ့ရၿပီး အမွန္အတိုင္းေျပာရရင္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စြမ္းေဆာင္ရည္က သာမန္ေအာက္က်ဆင္းေနၿပီး ဖူလ္ဟမ္က ဦးေဆာင္ဂိုးသြင္းဖို႔ အခြင့္အေရးေတြ အမ်ားအျပားရွိခဲ့ေပမယ့္ ဖာနန္ဒက္စ္က ၉၁ မိနစ္မွာ အႏိုင္ ၃ မွတ္အားလုံးရယူႏိုင္ေစမယ့္ ေမွာ္ဆန္တဲ့အခိုက္အတန႔္ကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ဟာ မန္စီးတီးကို ရႈံးနိမ့္ခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲစဥ္က စြမ္းေဆာင္ရည္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က အသင္းေခါင္းေဆာင္အရည္အခ်င္းမ်ိဳးမရွိတဲ့ေကာင္လို႔ ေဝဖန္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တန္ဟက္က ဖူလ္ဟမ္နဲ႔ပြဲက ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ရည္ဟာ ေဝဖန္သူေတြကို ပါးစပ္ပိတ္ႏိုင္ခဲ့ၿပီလို႔ ခံစားေနရၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္က ေနာက္ထပ္တစ္ႀကိမ္ အသင္းကို ကယ္တင္ေပးခဲ့ၿပီး စံနမူနာအေနနဲ႔ ဦးေဆာင္ျပႏိုင္ခဲ့ၿပီလို႔ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

“သူ႔ရဲ႕ အသင္းေခါင္းေဆာင္ရာထူးနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္ေနၾကတာကို ကြၽန္ေတာ္ နားမလည္ပါဘူး။ အားလုံးက အမွားလုပ္တတ္ၾကၿပီး ဘယ္သူမွ ၿပီးျပည့္စုံေနတာမရွိပါဘူး။ ဒါေပမယ့္ သူက အရာေတာ္ေတာ္မ်ားမ်ားကို အရမ္းေကာင္းေအာင္ လုပ္ေနပါတယ္။ သူက စံနမူနာယူရမယ့္ အသင္းေခါင္းေဆာင္ဆိုတာကို အခ်ိန္တိုင္း ျပသေနပါတယ္။ ခင္ဗ်ား ဒီေန႔ ျမင္တဲ့အတိုင္းပဲေလ။ သူ ဘယ္ေလာက္ အလုပ္လုပ္လဲ။ သူ ဘယ္ေလာက္ ဖိအားေပးေနလဲ။ ၿပီးေတာ့ အဆုံးမွာ သူ ဂိုးသြင္းယူခဲ့တယ္။ အဲဒီေတာ့ သူက ကြၽန္ေတာ္တို႔အတြက္ အရမ္းကို အေရးႀကီးပါတယ္။ ဒီသြင္းဂိုးက ကြၽန္ေတာ္တို႔အသင္းအတြက္ ဘယ္ေလာက္အထိ ႀကီးမားလဲဆိုတာ ရွင္းပါတာယ္။ ကြၽန္ေတာ္တို႔ အစပိုင္းမွာ ဂိုးသြင္းယူႏိုင္ခဲ့တယ္(လူကြၽံဂိုး)။ ကြၽန္ေတာ္တို႔ အဆုံးမွာ ဂိုးသြင္းယူႏိုင္ခဲ့တယ္။ ဒါေပမယ့္ ခင္ဗ်ား အေဝးကြင္းမွာ ကစားရတဲ့အခ်ိန္ အဆုံးမွာ ဂိုးသြင္းယူႏိုင္မယ္ဆိုရင္ အၿမဲတမ္း အေကာင္းဆုံးအခိုက္အတန႔္ျဖစ္ပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ၿပိဳင္ဘက္ေတြအတြက္ ျပန္သြင္းဖို႔က အခ်ိန္က မရွိသေလာက္နီးပါးျဖစ္ေနတာေၾကာင့္ပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.