အာဆင်နယ်နည်းပြ အာတီတာက စနေနေ့က နယူးကာဆယ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က အန်သိုနီ ဂေါ်ဒွန်ရဲ့ အငြင်းပွားဖွယ်သွင်းဂိုးကို ခွင့်ပြုပေးခဲ့တဲ့ ဒိုင်လူကြီးတွေကို ပြစ်တင်ဝေဖန်လိုက်ပြီး အရှက်ရစရာနဲ့ အရုပ်ဆိုးမှုလို့ သတ်မှတ်ခဲ့ပါတယ်။
ဂန်းနားတွေဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ပွဲစဉ် ၆၄ မိနစ်မှာ အန်သိုနီ ဂေါ်ဒွန်က အနီးကပ်ပိတ်သွင်းယူမှုကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပေမယ့်လည်း VAR က ဒီသွင်းဂိုးကို မတူညီတဲ့ ဖြစ်စဉ် ၃ ခုအတွက် စစ်ဆေးဖို့ လိုအပ်ခဲ့ပြီး တိကျတဲ့ ရှုထောင့်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
ပင်နယ်တီဧရိယာထဲကို ဖြတ်တင်မပေးပို့မီ ဂျိုး ဝီလော့ခ်က ထောင့်ကန်ဘောအလံတိုင်နားမှာ ဘောလုံးကို စည်းကျော်ပြီးမှ ပြန်ယူခဲ့တာလားဆိုတာကို ၁၀၀ ရာခိုင်နှုန်း အတည်ပြုနိုင်မယ့် ကင်မရာရှုထောင့်မျိုး မရှိခဲ့တာဖြစ်ပါတယ်။
ပြီးတဲ့နောက်မှာ ဂျိုလင်တန်က ဂါဘရီယဲလ်ကို နောက်ကနေ တွန်းပြီး ခေါင်းတိုက်ခဲ့တာဖြစ်နိုင်ခြေရှိပြီး ထိတွေ့မှုရှိခဲ့လားဆိုတာကို အတိအကျဆုံးဖြတ်နိုင်ခြင်းမရှိခဲ့သလို VAR က အန်သိုနီ ဂေါ်ဒွန်ဟာ ဂိုးကန်မသွင်းမီ လူကျွံအနေအထားမှာ ရှိနေခဲ့လားဆိုတာကိုလည်း အဖြေမပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီဆုံးဖြတ်ချက်ဟာ ဒိုင်လူကြီးတွေအတွက် မယုံနိုင်လောက်အောင် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပေမယ့် အာတီတာက ပွဲအပြီးမှာ နားလည်မပေးနိုင်ဘဲ ဂေါ်ဒွန်ရဲ့ဂိုးဟာ ခွင့်ပြုခြင်းမခံခဲ့ရမှာဖြစ်တယ်လို့ VAR ကို ပြစ်တင်ကြိမ်းမောင်းလိုက်ပြီး ဂိုးပေးလိုက်ရတာကို မသက်မသာခံစားခဲ့ရတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ရှုံးပွဲနဲ့ မထိုက်တန်ခဲ့ပါဘူး။ ကျွန်တော်တို့ ပွဲကို ရှုံးခဲ့တယ်လို့လည်း မမြင်ပါဘူး။ ဘာလို့လဲဆိုတော့ ရှင်းလင်းပြီး သိသာထင်ရှားတဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပါ။ အဲဒါက ရှက်စရာကောင်းတယ်။ အဲဒါက အရုပ်ဆိုး အကျည်းတန်ပါတယ်။ ဖြစ်ခဲ့တာတွေက အရုပ်ဆိုးပါတယ်။ ကျွန်တော်တို့ PGMOL ကို စောဒကတက်သွားမလားဆိုရင် ရှေ့မှာ စောဒကတက်ထားတာတောင် လပေါင်းများစွာရှိနေပါပြီ။ ဆုံးရှုံးမှုတွေ အရမ်းများနေပြီ။ ကျွန်တော်တို့တွေ နာရီပေါင်းများစွာ အားစိုက်ထုတ်ခဲ့ရတယ်။ ကျွန်တော် ဒီမှာ ဒီဘောလုံးအသင်းကို ကိုယ်စားပြုပြီး ကျွန်တော့်အသင်းကို အမြင့်မားဆုံးအဆင့်အတန်းမှာ ယှဉ်ပြိုင်နိုင်အောင် လုပ်ဖို့ ရှိနေတာပါ။ ဂိုးကွာခြားချက်က အရမ်းသေးငယ်ပါတယ်။ အဲဒါက အရုပ်ဆိုးအကျည်းတန်မှုပါ။ အဲဒါက ရှက်စရာကောင်းပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ ခံစားရတယ်။ ဒီအခန်းထဲမှာရှိတဲ့လူတွေအားလုံး အဲဒီလိုပဲ ခံစားနေရမှာပါ”
” ခင်ဗျား ဒီလိုမျိုး ဆက်သွားလို့ မရနိုင်ဘူးလို့ ပြောနေကြတဲ့ စကားလုံး ပမာဏက ဘယ်လောက်တောင်ဖြစ်နေပြီလဲဆိုတာ တွေးကြည့်လို့တောင် ရနိုင်မှာမဟုတ်ပါဘူး။ အဲဒါက ရှက်စရာကောင်းတယ်။ ကျွန်တော် တောင်းပန်ပါတယ်။ အဲဒါက ရှက်စရာကောင်းတယ်။ကျွန်တော့် ကစားသမားတွေကို ကာကွယ်ရမယ့်အချိန်မှာ ကျွန်တော် ကာကွယ်တယ်။ ကျွန်တော့်အလုပ်ကို ကာကွယ်ရမယ့်အချိန်မှာ ကာကွယ်တယ်။ အဲဒါက ကောင်းသင့်သလောက် မကောင်းဘူး။ ကောင်းသင့်သလောက် မကောင်းဘူး။ ဒါပေမယ့် ကျွန်တော် အခု ဒီမှာ ရှိနေတာက ဒါက လက်ခံနိုင်စရာမရှိဘူးဆိုတာကို ပြောဖို့ပဲ။ ဆုံးရှုံးမှုတွေ အရမ်းများနေပြီ။ ခင်ဗျား ပုံတွေကို ပြန်ကြည့်လိုက်ပါ။ ကျွန်တော် ဘယ်လို ခံစားရမလဲဆိုတာ မသိတော့ဘူး။ ကျွန်တော့်အချိန်တွေကို ဖြုန်းတီးနေမိတယ်။ ကျွန်တော်တို့ရဲ့ အချိန်တွေကို ကျွန်တော်တို့ ဖြုန်းတီးနေမိတယ်။ ကျွန်တော် လူတွေရဲ့လက်ထဲမှာ ရှိမနေချင်ဘူး။ ဒီလိုအသင်းနဲ့ ရင်ဆိုင်ကစားဖို့ လုံလောက်တဲ့ ခက်ခဲမှုရှိပါတယ်။ သူတို့တွေက တကယ်ကောင်းတဲ့အသင်းပါ။ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံ၊ ကျွန်တော်တို့ ယှဉ်ပြိုင်ခဲ့တဲ့ပုံစံက အရမ်းကောင်းပါတယ်။ ဒီတိုင်းကြီး ဆက်သွားနေလို့မရပါဘူး။ အဲဒါက အရှက်ရစရာကောင်းတယ်။ ဆုံးရှုံးမှုတွေ အရမ်းများနေပြီဗျာ။ ထပ်ပြောမယ်။ ကျွန်တော့်ဘာသာ ထပ်ပြီး ပြောတာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: အာဆင္နယ္နည္းျပ အာတီတာက စေနေန႔က နယူးကာဆယ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က အန္သိုနီ ေဂၚဒြန္ရဲ႕ အျငင္းပြားဖြယ္သြင္းဂိုးကို ခြင့္ျပဳေပးခဲ့တဲ့ ဒိုင္လူႀကီးေတြကို ျပစ္တင္ေဝဖန္လိုက္ၿပီး အရွက္ရစရာနဲ႔ အ႐ုပ္ဆိုးမႈလို႔ သတ္မွတ္ခဲ့ပါတယ္။
ဂန္းနားေတြဟာ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ကစားခဲ့တဲ့ပြဲစဥ္ ၆၄ မိနစ္မွာ အန္သိုနီ ေဂၚဒြန္က အနီးကပ္ပိတ္သြင္းယူမႈေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ေပမယ့္လည္း VAR က ဒီသြင္းဂိုးကို မတူညီတဲ့ ျဖစ္စဥ္ ၃ ခုအတြက္ စစ္ေဆးဖို႔ လိုအပ္ခဲ့ၿပီး တိက်တဲ့ ရႈေထာင့္ကို ရွာေဖြေတြ႕ရွိခဲ့ျခင္းမရွိတာျဖစ္ပါတယ္။
ပင္နယ္တီဧရိယာထဲကို ျဖတ္တင္မေပးပို႔မီ ဂ်ိဳး ဝီေလာ့ခ္က ေထာင့္ကန္ေဘာအလံတိုင္နားမွာ ေဘာလုံးကို စည္းေက်ာ္ၿပီးမွ ျပန္ယူခဲ့တာလားဆိုတာကို ၁၀၀ ရာခိုင္ႏႈန္း အတည္ျပဳႏိုင္မယ့္ ကင္မရာရႈေထာင့္မ်ိဳး မရွိခဲ့တာျဖစ္ပါတယ္။
ၿပီးတဲ့ေနာက္မွာ ဂ်ိဳလင္တန္က ဂါဘရီယဲလ္ကို ေနာက္ကေန တြန္းၿပီး ေခါင္းတိုက္ခဲ့တာျဖစ္ႏိုင္ေျခရွိၿပီး ထိေတြ႕မႈရွိခဲ့လားဆိုတာကို အတိအက်ဆုံးျဖတ္ႏိုင္ျခင္းမရွိခဲ့သလို VAR က အန္သိုနီ ေဂၚဒြန္ဟာ ဂိုးကန္မသြင္းမီ လူကြၽံအေနအထားမွာ ရွိေနခဲ့လားဆိုတာကိုလည္း အေျဖမေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
အဲဒီဆုံးျဖတ္ခ်က္ဟာ ဒိုင္လူႀကီးေတြအတြက္ မယုံႏိုင္ေလာက္ေအာင္ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ေပမယ့္ အာတီတာက ပြဲအၿပီးမွာ နားလည္မေပးႏိုင္ဘဲ ေဂၚဒြန္ရဲ႕ဂိုးဟာ ခြင့္ျပဳျခင္းမခံခဲ့ရမွာျဖစ္တယ္လို႔ VAR ကို ျပစ္တင္ႀကိမ္းေမာင္းလိုက္ၿပီး ဂိုးေပးလိုက္ရတာကို မသက္မသာခံစားခဲ့ရတယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
“ကြၽန္ေတာ္တို႔ ရႈံးပြဲနဲ႔ မထိုက္တန္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ ပြဲကို ရႈံးခဲ့တယ္လို႔လည္း မျမင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ရွင္းလင္းၿပီး သိသာထင္ရွားတဲ့ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ပါ။ အဲဒါက ရွက္စရာေကာင္းတယ္။ အဲဒါက အ႐ုပ္ဆိုး အက်ည္းတန္ပါတယ္။ ျဖစ္ခဲ့တာေတြက အ႐ုပ္ဆိုးပါတယ္။ ကြၽန္ေတာ္တို႔ PGMOL ကို ေစာဒကတက္သြားမလားဆိုရင္ ေရွ႕မွာ ေစာဒကတက္ထားတာေတာင္ လေပါင္းမ်ားစြာရွိေနပါၿပီ။ ဆုံးရႈံးမႈေတြ အရမ္းမ်ားေနၿပီ။ ကြၽန္ေတာ္တို႔ေတြ နာရီေပါင္းမ်ားစြာ အားစိုက္ထုတ္ခဲ့ရတယ္။ ကြၽန္ေတာ္ ဒီမွာ ဒီေဘာလုံးအသင္းကို ကိုယ္စားျပဳၿပီး ကြၽန္ေတာ့္အသင္းကို အျမင့္မားဆုံးအဆင့္အတန္းမွာ ယွဥ္ၿပိဳင္ႏိုင္ေအာင္ လုပ္ဖို႔ ရွိေနတာပါ။ ဂိုးကြာျခားခ်က္က အရမ္းေသးငယ္ပါတယ္။ အဲဒါက အ႐ုပ္ဆိုးအက်ည္းတန္မႈပါ။ အဲဒါက ရွက္စရာေကာင္းပါတယ္။ ကြၽန္ေတာ္ကေတာ့ အဲဒီလိုပဲ ခံစားရတယ္။ ဒီအခန္းထဲမွာရွိတဲ့လူေတြအားလုံး အဲဒီလိုပဲ ခံစားေနရမွာပါ”
” ခင္ဗ်ား ဒီလိုမ်ိဳး ဆက္သြားလို႔ မရႏိုင္ဘူးလို႔ ေျပာေနၾကတဲ့ စကားလုံး ပမာဏက ဘယ္ေလာက္ေတာင္ျဖစ္ေနၿပီလဲဆိုတာ ေတြးၾကည့္လို႔ေတာင္ ရႏိုင္မွာမဟုတ္ပါဘူး။ အဲဒါက ရွက္စရာေကာင္းတယ္။ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ အဲဒါက ရွက္စရာေကာင္းတယ္။ကြၽန္ေတာ့္ ကစားသမားေတြကို ကာကြယ္ရမယ့္အခ်ိန္မွာ ကြၽန္ေတာ္ ကာကြယ္တယ္။ ကြၽန္ေတာ့္အလုပ္ကို ကာကြယ္ရမယ့္အခ်ိန္မွာ ကာကြယ္တယ္။ အဲဒါက ေကာင္းသင့္သေလာက္ မေကာင္းဘူး။ ေကာင္းသင့္သေလာက္ မေကာင္းဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ အခု ဒီမွာ ရွိေနတာက ဒါက လက္ခံႏိုင္စရာမရွိဘူးဆိုတာကို ေျပာဖို႔ပဲ။ ဆုံးရႈံးမႈေတြ အရမ္းမ်ားေနၿပီ။ ခင္ဗ်ား ပုံေတြကို ျပန္ၾကည့္လိုက္ပါ။ ကြၽန္ေတာ္ ဘယ္လို ခံစားရမလဲဆိုတာ မသိေတာ့ဘူး။ ကြၽန္ေတာ့္အခ်ိန္ေတြကို ျဖဳန္းတီးေနမိတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အခ်ိန္ေတြကို ကြၽန္ေတာ္တို႔ ျဖဳန္းတီးေနမိတယ္။ ကြၽန္ေတာ္ လူေတြရဲ႕လက္ထဲမွာ ရွိမေနခ်င္ဘူး။ ဒီလိုအသင္းနဲ႔ ရင္ဆိုင္ကစားဖို႔ လုံေလာက္တဲ့ ခက္ခဲမႈရွိပါတယ္။ သူတို႔ေတြက တကယ္ေကာင္းတဲ့အသင္းပါ။ ကြၽန္ေတာ္တို႔ ကစားခဲ့တဲ့ပုံစံ၊ ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္ခဲ့တဲ့ပုံစံက အရမ္းေကာင္းပါတယ္။ ဒီတိုင္းႀကီး ဆက္သြားေနလို႔မရပါဘူး။ အဲဒါက အရွက္ရစရာေကာင္းတယ္။ ဆုံးရႈံးမႈေတြ အရမ္းမ်ားေနၿပီဗ်ာ။ ထပ္ေျပာမယ္။ ကြၽန္ေတာ့္ဘာသာ ထပ္ၿပီး ေျပာတာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.