Match Report Premier League

အစ်တီဟတ်မှာ ဂိုးမိုးရွာပြီး ဒုတိယနေရာအတွက် ဘုန်းမောက်ကို အနိုင်ယူတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်၊ အာကန်ဂျီနဲ့ အာကေတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကိုဗာချစ်ချ်၊ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဒိုကူးနဲ့ အယ်လ်ဗာရက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကို တစ်ဦးတည်း အထောင်ထားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘုန်းမောက်အသင်းကတော့ ဂိုးသမား ရာဒူ၊ ခံစစ်မှာ ဇာဘာညီ၊ မက်ဖမ်၊ ကယ်လီ၊ မက်စ် အာရွန်စ်နဲ့ ကာကက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ စကော့၊ ဘီလင်း၊ ခရစ္စတီးနဲ့ တာဗားနီးယာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆိုလန်ကီကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် မိနစ် ၃၀ မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အာကေ ပေးတဲ့ ဘောလုံးကို ရလာတဲ့ ဒိုကူးက ဘယ်တောင်ပံကနေ အတွင်းကို ဆွဲဝင်ပြီး ရိုဒရီနဲ့ ဝမ်းတူးရိုက်ပြီးမှ ဧရိယာထဲကနေ အလျင်အမြန် ကန်သွင်းယူသွားနိုင်ခဲ့တာကြောင့် ဘုန်းမောက်ဂိုးသမား အငိုက်မိသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တစ်ကွင်းလုံး သူမရောက်တဲ့နေရာ မရှိအောင်ဖြစ်နေတဲ့ ဒိုကူးက ညာတောင်ပံကို ရောက်လာခဲ့ပြီး ဝေါ်လ်ကာ ပေးတဲ့ ဘောလုံးကို ဧရိယာထဲကနေ အနိမ့်ဘော Cut Back လုပ်ပေးရာမှာ ဘာနာဒို ‌ဆေးလ်ဗားက ဘယ်ဘက်တိုင်ခြေကို ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာတော့ မန်စီးတီးတို့ပဲ တတိယဂိုးနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အတိုပေးပြီး ဘာနာဒို ဆေးလ်ဗားက ဧရိယာထိပ်ကို ခင်းပေးတဲ့ ဘောလုံးကို ဒိုကူးက ကန်သွင်းဖို့ ကြိုးစားရာမှာ သူ့ရဲ့ ဂိုးပေါက်မတည့်တဲ့ ကန်ချက်က ဂိုးရှေ့မှာ နေရာယူထားတဲ့ အာကန်ဂျီကို မှန်ပြီး ဂိုးထဲ ဝင်သွားခဲ့တာကြောင့် ၇ မိနစ်အတွင်း ရလိုက်တဲ့ ၃ ဂိုးနဲ့ ပထမပိုင်းကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ဒဏ်ရာအနည်းငယ် ရသွားတဲ့ ဟားလန်းတစ်ယောက် ကွင်းထဲကို ပြန်ရောက်မလာတော့ဘဲ ဖိုဒန်ပဲ ဝင်လာခဲ့တာကြောင့် ဖန်တက်ဆီ ကစားသူတွေ စိတ်ပျက်ခဲ့ကြရပြီး ဘုန်းမောက်တို့ကတော့ အစ်တီဟတ်မှာ အရှက်မကွဲရအောင် ခံစစ်သမားတွေပဲ ထပ်ထည့်ပြီး ပိတ်ကစားဖို့ လုပ်လာခဲ့တာပါ။

အခွင့်အရေးတချို့ကို ဖြုန်းတီးပစ်ခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ စီးတီးတို့ပဲ စတုတ္ထဂိုး ထပ်မံသွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်တောင်ပံက ဘောလုံးရသွားတဲ့ ဒိုကူးက သူ့ကို ပေးခဲ့တဲ့ ဖိုဒန်ဆီကိုပဲ ဧရိယာထဲကို ပြန်ခင်းပေးခဲ့ရာမှာ ဖိုဒန်က ဘုန်းမောက်ခံစစ်မှူး ကယ်လီ ပိတ်ထားတဲ့ကြားထဲက အနိမ့်ဘော ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဘုန်းမောက်တို့ နှစ်သိမ့်ဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မန်စီးတီး လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားနိုင်ခဲ့တဲ့ နောက်ခံလူ အာရွန်စ်က ညာတောင်ပံကနေ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ လူစားဝင် တောင်ပံသမား ဆီနီစတယ်ရာက တစ်ချက်ခေါက်ပြီး ကန်သွင်းခဲ့လို့ လေးဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာ မန်စီးတီးတို့ပဲ ပဉ္စမ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ခံစစ်ဇုန်မှာ ဘောလုံးပြန်ရခဲ့တဲ့ ဒိုကူးရဲ့ အကွက်မြင် လှပလွန်းတဲ့ ပေးပို့မှုကို ညာတောင်ပံကနေ ပြေးတက်သွားခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားက ရယူပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့မှာ အသာလေး ကျော်ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ အိမ်ရှင်တွေအတွက် ဂိုးဒါဇင်ဝက် ပြည့်စေမယ့် ပွဲသိမ်းအနိုင်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အတိုပေးပြီး နူးနက်စ်က ဧရိယာထဲကို ခင်းပေးခဲ့တဲ့ ဘောလုံးကို လူစားဝင်ကစားသမား အော်စကာ ဘော့ဘ်က ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ အာကေက ဒိုက်ဗင်ထိုး ခေါင်းတိုက်ချက်နဲ့ ပိတ်သွင်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဘုန်းမောက်တို့ကို ခြောက်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အာဆင်နယ်တို့ဆီက အဆင့် ၂ နေရာကို သိမ်းယူသွားနိုင်ခဲ့ကြသလို ခြေကျင်းဝတ်လည်သွားခဲ့တဲ့ ဟားလန်းကတော့ တစ်ပတ်လောက်နဲ့ ပြန်ကောင်းနိုင်ကြောင်း ဂွါဒီယိုလာက ထုတ်ဖော်ပြောကြား သွားခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ေဝၚလ္ကာ၊ ဂြၽန္စတုန္းစ္၊ အာကန္ဂ်ီနဲ႔ အာေကတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုဗာခ်စ္ခ်္၊ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗား၊ ဒိုကူးနဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းကို တစ္ဦးတည္း အေထာင္ထားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဘုန္းေမာက္အသင္းကေတာ့ ဂိုးသမား ရာဒူ၊ ခံစစ္မွာ ဇာဘာညီ၊ မက္ဖမ္၊ ကယ္လီ၊ မက္စ္ အာ႐ြန္စ္နဲ႔ ကာကက္ဇ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ စေကာ့၊ ဘီလင္း၊ ခရစၥတီးနဲ႔ တာဗားနီးယာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆိုလန္ကီကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၃၀ မွာ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အာေက ေပးတဲ့ ေဘာလုံးကို ရလာတဲ့ ဒိုကူးက ဘယ္ေတာင္ပံကေန အတြင္းကို ဆြဲဝင္ၿပီး ႐ိုဒရီနဲ႔ ဝမ္းတူး႐ိုက္ၿပီးမွ ဧရိယာထဲကေန အလ်င္အျမန္ ကန္သြင္းယူသြားႏိုင္ခဲ့တာေၾကာင့္ ဘုန္းေမာက္ဂိုးသမား အငိုက္မိသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာ မန္စီးတီးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တစ္ကြင္းလုံး သူမေရာက္တဲ့ေနရာ မရွိေအာင္ျဖစ္ေနတဲ့ ဒိုကူးက ညာေတာင္ပံကို ေရာက္လာခဲ့ၿပီး ေဝၚလ္ကာ ေပးတဲ့ ေဘာလုံးကို ဧရိယာထဲကေန အနိမ့္ေဘာ Cut Back လုပ္ေပးရာမွာ ဘာနာဒို ‌ေဆးလ္ဗားက ဘယ္ဘက္တိုင္ေျခကို ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ တတိယဂိုးနဲ႔ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန အတိုေပးၿပီး ဘာနာဒို ေဆးလ္ဗားက ဧရိယာထိပ္ကို ခင္းေပးတဲ့ ေဘာလုံးကို ဒိုကူးက ကန္သြင္းဖို႔ ႀကိဳးစားရာမွာ သူ႔ရဲ႕ ဂိုးေပါက္မတည့္တဲ့ ကန္ခ်က္က ဂိုးေရွ႕မွာ ေနရာယူထားတဲ့ အာကန္ဂ်ီကို မွန္ၿပီး ဂိုးထဲ ဝင္သြားခဲ့တာေၾကာင့္ ၇ မိနစ္အတြင္း ရလိုက္တဲ့ ၃ ဂိုးနဲ႔ ပထမပိုင္းကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ဒဏ္ရာအနည္းငယ္ ရသြားတဲ့ ဟားလန္းတစ္ေယာက္ ကြင္းထဲကို ျပန္ေရာက္မလာေတာ့ဘဲ ဖိုဒန္ပဲ ဝင္လာခဲ့တာေၾကာင့္ ဖန္တက္ဆီ ကစားသူေတြ စိတ္ပ်က္ခဲ့ၾကရၿပီး ဘုန္းေမာက္တို႔ကေတာ့ အစ္တီဟတ္မွာ အရွက္မကြဲရေအာင္ ခံစစ္သမားေတြပဲ ထပ္ထည့္ၿပီး ပိတ္ကစားဖို႔ လုပ္လာခဲ့တာပါ။

အခြင့္အေရးတခ်ိဳ႕ကို ျဖဳန္းတီးပစ္ခဲ့ၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ စီးတီးတို႔ပဲ စတုတၳဂိုး ထပ္မံသြင္းယူသြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံက ေဘာလုံးရသြားတဲ့ ဒိုကူးက သူ႔ကို ေပးခဲ့တဲ့ ဖိုဒန္ဆီကိုပဲ ဧရိယာထဲကို ျပန္ခင္းေပးခဲ့ရာမွာ ဖိုဒန္က ဘုန္းေမာက္ခံစစ္မႉး ကယ္လီ ပိတ္ထားတဲ့ၾကားထဲက အနိမ့္ေဘာ ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဘုန္းေမာက္တို႔ ႏွစ္သိမ့္ဂိုးတစ္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန မန္စီးတီး လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားႏိုင္ခဲ့တဲ့ ေနာက္ခံလူ အာ႐ြန္စ္က ညာေတာင္ပံကေန ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ လူစားဝင္ ေတာင္ပံသမား ဆီနီစတယ္ရာက တစ္ခ်က္ေခါက္ၿပီး ကန္သြင္းခဲ့လို႔ ေလးဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာ မန္စီးတီးတို႔ပဲ ပၪၥမ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ခံစစ္ဇုန္မွာ ေဘာလုံးျပန္ရခဲ့တဲ့ ဒိုကူးရဲ႕ အကြက္ျမင္ လွပလြန္းတဲ့ ေပးပို႔မႈကို ညာေတာင္ပံကေန ေျပးတက္သြားခဲ့တဲ့ ဘာနာဒို ေဆးလ္ဗားက ရယူၿပီး ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္း အေတြ႕မွာ အသာေလး ေက်ာ္ကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ အိမ္ရွင္ေတြအတြက္ ဂိုးဒါဇင္ဝက္ ျပည့္ေစမယ့္ ပြဲသိမ္းအႏိုင္ဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန အတိုေပးၿပီး ႏူးနက္စ္က ဧရိယာထဲကို ခင္းေပးခဲ့တဲ့ ေဘာလုံးကို လူစားဝင္ကစားသမား ေအာ္စကာ ေဘာ့ဘ္က ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ အာေကက ဒိုက္ဗင္ထိုး ေခါင္းတိုက္ခ်က္နဲ႔ ပိတ္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔က ဘုန္းေမာက္တို႔ကို ေျခာက္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အာဆင္နယ္တို႔ဆီက အဆင့္ ၂ ေနရာကို သိမ္းယူသြားႏိုင္ခဲ့ၾကသလို ေျခက်င္းဝတ္လည္သြားခဲ့တဲ့ ဟားလန္းကေတာ့ တစ္ပတ္ေလာက္နဲ႔ ျပန္ေကာင္းႏိုင္ေၾကာင္း ဂြါဒီယိုလာက ထုတ္ေဖာ္ေျပာၾကား သြားခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.