Match Report Premier League

ဘာလဲဟဲ့ ရွှေဖလားဆိုပြီး အာဆင်နယ်ကို VAR အကူနဲ့ ပါကင်ဖွင့်လိုက်တဲ့ ငှက်ကျား

နယူးကာဆယ်လ်ယူနိုက်တက်တို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ လာဆယ်လက်စ်၊ ရှား၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဂျိုလင်တန်နဲ့ လောင်းစတပ်ဖ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ ဝီလ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အာဆင်နယ်တို့ကတော့ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ တိုမီယာစုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဂျော်ဂျင်ညိုနဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲမစခင် တစ်နာရီအလို Line-up ထွက်ချိန်မှာ ဂျော်ဂျင်ညိုနဲ့ ဟာဗတ်ဇ်တို့ နှစ်ယောက် ကွင်းလယ်မှာပါလာတော့ အာဆင်နယ်ပရိသတ်တွေအနေနဲ့ တစ်ယောက်တည်း ရုန်းရတော့မယ့် ရိုက်စ်ကို သနားကုန်ကြပြီး တကယ့်ပွဲထဲမှာတော့ ဟာဗတ်ဇ်က ကြိုးစားကစားပေးခဲ့ပေမယ့် လက်ပတ်ကြီးနဲ့ ဂျော်ဂျင်ညိုကတော့ သုံးပေပတ်လည်ပေးပြီး အနားလာမှ ဘောလုံးဖျက်တာကြောင့် စိတ်ပျက်စရာပဲဖြစ်ခဲ့ရပါတယ်။

နယူးကာဆယ်လ်တို့ အိမ်ရှင်ပီပီ လူချပြီး ညစ်ကစားနေသလို ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်ကတော့ ဒါတွေကို ဥပေက္ခာပြုသွားခဲ့တာကြောင့် ပွဲက တဖြည်းဖြည်း ကြမ်းလာခဲ့သလို ဆာကာကို ဒန်ဘန်းက ခဏခဏ ချနေခဲ့ချိန်မှာ လောင်းစတပ်ဖ်ကို ဘေးစည်းနားမှာ ဟာဗတ်ဇ်က ထကြမ်းလိုက်လို့ ရန်ပွဲဖြစ်သွားခဲ့ပြီး ဂျာမန်သားနဲ့ ငှက်ကျားသား သုံးယောက်ကတော့ အဝါတွေ ထိခဲ့ကြတာပါ။

ပထမပိုင်းမှာ နှစ်ဖက်စလုံး အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲ ဖြုန်းတီးခဲ့ကြတာကြောင့် ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ အိမ်ရှင်တွေဘက်က အပြောင်းအလဲစလုပ်ချိန်မှာ အာဆင်နယ်တို့ကတော့ ဒီအတိုင်း ဆက်ကစားနေခဲ့ပြီး နကီးတီးယားက ကုန်သွားခဲ့ချိန်မှာ ဆာကာက ပိတ်မိနေခဲ့လို့ တိုက်စစ်လမ်းကြောင်းတွေ မပွင့်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ အငြင်းပွားစရာ အနေအထားကနေ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး သွင်းယူသွားခဲ့ပြီး ဂိုးစည်းကျော်သွားတဲ့ ဘောလုံးကို ဝီလော့ခ် ဖြတ်တင်ရာမှာ ဂျပု ရာယာရဲ့ တိုင်မင်က ထုံးစံအတိုင်း မကိုက်ခဲ့လို့ ကျော်ကျလာခဲ့ချိန်မှာ ဂါဘရီယယ်လ်နဲ့ ဂျိုလင်တန်တို့ ခေါင်းယှဉ်တိုက်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဂေါ်ဒန်က အနီးကပ် ကန်သွင်းယူသွားခဲ့တာပါ။

ဒီဂိုးမှာ VAR ဘက်က Out of Play, Possible Foul နဲ့ Offside ဆိုပြီး သုံးခု စစ်ဆေးခဲ့တာကို တွေ့ရပြီး Foul နဲ့ Offside က သိပ်ပြီး ပြောစရာ မလိုတဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ်တွေသာ ဖြစ်နေပေမယ့် ဘောလုံးက ဂိုးစည်ကျော်မကျော် ဆိုတာကိုတော့ ကမ္ဘာ့ဖလားမှာလို ပြသနိုင်ခြင်း မရှိဘဲ မကျော်ဘူးဆိုပြီး ဂိုးပေးလိုက်တာကတော့ အာဆင်နယ်ပရိသတ်တွေ ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။

တစ်ဂိုးရှုံးနေပေမယ့် နည်းပြ အာတီတာကတော့ ကံကောင်းရင် ဂိုးပြန်ရမလားလို့ ထိုင်ဆုတောင်းနေတာလားလို့ မေးရမယ့်ပုံပေါ်နေပြီး မိနစ် ၇၀ ကျော်အောင် စောင့်နေခဲ့တာက စိတ်ပျက်စရာဖြစ်ခဲ့သလို အရန်ခုံကလည်း အားကိုးဖို့ သိပ်မဖြစ်နိုင်ခဲ့တာကြောင့်လားလို့ တွေးခဲ့ရအပြီးမှာတော့ ဇင်ချန်ကို၊ ထရော့ဆတ်နဲ့ ဖာဘီယို ဗီယာရာတို့ကို ဘန်ဝှိုက်၊ ဂျော်ဂျင်ညိုနဲ့ နကီးတီးယားတို့အစား ထည့်သွင်းခဲ့တာပါ။

ဂျော်ဂျင်ညို မရှိတော့လို့ သုံးပေပတ်လည် ပြဿနာက ကင်းလွတ်သွားခဲ့ပေမယ့် ဖာဘီယို ဗီယာရာရဲ့ ဘောလုံးဖြန့်ပုံတွေက ကမျောက်ကချောက် ဖြစ်နေခဲ့သလို ထရော့ဆတ်ကလည်း ထောင့်ကန်ဘောကို ဒီနေ့မှ စကန်ဖူးတာလားလို့ မေးရလောက်အောင် Delivery တွေက ညံ့ဖျင်းလွန်းတာကြောင့် နယူးကာဆယ်လ်တို့ ခံစစ်က လာသမျှ ဘောလုံးကို ပျော်ပျော်ကြီး ရှင်းထုတ်ပြီး ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပိတ်ထားရင် ဘာမှ မလုပ်တတ်တဲ့ ခွေးပစ်တုတ် တိုက်စစ်နဲ့ အာဆင်နယ်တို့ ရှုံးပွဲမရှိ ခရီးစဉ်က ရပ်တန့်သွားခဲ့ရပြီး အဝေးကွင်း ညံ့ဖျင်းမှုနဲ့အတူ နယူးကာဆယ်လ်တို့ရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ပါကင်ပွင့်သွားခဲ့ကြသလို အဆင့် ၃ မှာ ရပ်တည်နေခဲ့ပေမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးလ်နဲ့ အက်စ်တန်ဗီလာတို့ နိုင်ခဲ့ရင် အဆင့် ၅ အထိ ဆင်းပေးရဖို့လည်း ဖြစ်လာနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္ယူႏိုက္တက္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ လာဆယ္လက္စ္၊ ရွား၊ ထရစ္ပီယာနဲ႔ ဒန္ဘန္းတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ဂ်ိဳလင္တန္နဲ႔ ေလာင္းစတပ္ဖ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ ဝီလ္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အာဆင္နယ္တို႔ကေတာ့ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ တိုမီယာစုတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ ဟာဗတ္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲမစခင္ တစ္နာရီအလို Line-up ထြက္ခ်ိန္မွာ ေဂ်ာ္ဂ်င္ညိဳနဲ႔ ဟာဗတ္ဇ္တို႔ ႏွစ္ေယာက္ ကြင္းလယ္မွာပါလာေတာ့ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ တစ္ေယာက္တည္း ႐ုန္းရေတာ့မယ့္ ႐ိုက္စ္ကို သနားကုန္ၾကၿပီး တကယ့္ပြဲထဲမွာေတာ့ ဟာဗတ္ဇ္က ႀကိဳးစားကစားေပးခဲ့ေပမယ့္ လက္ပတ္ႀကီးနဲ႔ ေဂ်ာ္ဂ်င္ညိဳကေတာ့ သုံးေပပတ္လည္ေပးၿပီး အနားလာမွ ေဘာလုံးဖ်က္တာေၾကာင့္ စိတ္ပ်က္စရာပဲျဖစ္ခဲ့ရပါတယ္။

နယူးကာဆယ္လ္တို႔ အိမ္ရွင္ပီပီ လူခ်ၿပီး ညစ္ကစားေနသလို ဒိုင္လူႀကီး စတူးဝပ္ အက္ထ္ဝဲလ္ကေတာ့ ဒါေတြကို ဥေပကၡာျပဳသြားခဲ့တာေၾကာင့္ ပြဲက တျဖည္းျဖည္း ၾကမ္းလာခဲ့သလို ဆာကာကို ဒန္ဘန္းက ခဏခဏ ခ်ေနခဲ့ခ်ိန္မွာ ေလာင္းစတပ္ဖ္ကို ေဘးစည္းနားမွာ ဟာဗတ္ဇ္က ထၾကမ္းလိုက္လို႔ ရန္ပြဲျဖစ္သြားခဲ့ၿပီး ဂ်ာမန္သားနဲ႔ ငွက္က်ားသား သုံးေယာက္ကေတာ့ အဝါေတြ ထိခဲ့ၾကတာပါ။

ပထမပိုင္းမွာ ႏွစ္ဖက္စလုံး အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ဘဲ ျဖဳန္းတီးခဲ့ၾကတာေၾကာင့္ ဂိုးမရွိသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ အိမ္ရွင္ေတြဘက္က အေျပာင္းအလဲစလုပ္ခ်ိန္မွာ အာဆင္နယ္တို႔ကေတာ့ ဒီအတိုင္း ဆက္ကစားေနခဲ့ၿပီး နကီးတီးယားက ကုန္သြားခဲ့ခ်ိန္မွာ ဆာကာက ပိတ္မိေနခဲ့လို႔ တိုက္စစ္လမ္းေၾကာင္းေတြ မပြင့္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ အျငင္းပြားစရာ အေနအထားကေန နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး သြင္းယူသြားခဲ့ၿပီး ဂိုးစည္းေက်ာ္သြားတဲ့ ေဘာလုံးကို ဝီေလာ့ခ္ ျဖတ္တင္ရာမွာ ဂ်ပု ရာယာရဲ႕ တိုင္မင္က ထုံးစံအတိုင္း မကိုက္ခဲ့လို႔ ေက်ာ္က်လာခဲ့ခ်ိန္မွာ ဂါဘရီယယ္လ္နဲ႔ ဂ်ိဳလင္တန္တို႔ ေခါင္းယွဥ္တိုက္ၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ေဂၚဒန္က အနီးကပ္ ကန္သြင္းယူသြားခဲ့တာပါ။

ဒီဂိုးမွာ VAR ဘက္က Out of Play, Possible Foul နဲ႔ Offside ဆိုၿပီး သုံးခု စစ္ေဆးခဲ့တာကို ေတြ႕ရၿပီး Foul နဲ႔ Offside က သိပ္ၿပီး ေျပာစရာ မလိုတဲ့ သာမန္ျဖစ္႐ိုးျဖစ္စဥ္ေတြသာ ျဖစ္ေနေပမယ့္ ေဘာလုံးက ဂိုးစည္ေက်ာ္မေက်ာ္ ဆိုတာကိုေတာ့ ကမာၻ႔ဖလားမွာလို ျပသႏိုင္ျခင္း မရွိဘဲ မေက်ာ္ဘူးဆိုၿပီး ဂိုးေပးလိုက္တာကေတာ့ အာဆင္နယ္ပရိသတ္ေတြ ေဒါသထြက္စရာျဖစ္ခဲ့ရပါတယ္။

တစ္ဂိုးရႈံးေနေပမယ့္ နည္းျပ အာတီတာကေတာ့ ကံေကာင္းရင္ ဂိုးျပန္ရမလားလို႔ ထိုင္ဆုေတာင္းေနတာလားလို႔ ေမးရမယ့္ပုံေပၚေနၿပီး မိနစ္ ၇၀ ေက်ာ္ေအာင္ ေစာင့္ေနခဲ့တာက စိတ္ပ်က္စရာျဖစ္ခဲ့သလို အရန္ခုံကလည္း အားကိုးဖို႔ သိပ္မျဖစ္ႏိုင္ခဲ့တာေၾကာင့္လားလို႔ ေတြးခဲ့ရအၿပီးမွာေတာ့ ဇင္ခ်န္ကို၊ ထေရာ့ဆတ္နဲ႔ ဖာဘီယို ဗီယာရာတို႔ကို ဘန္ဝႈိက္၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ နကီးတီးယားတို႔အစား ထည့္သြင္းခဲ့တာပါ။

ေဂ်ာ္ဂ်င္ညိဳ မရွိေတာ့လို႔ သုံးေပပတ္လည္ ျပႆနာက ကင္းလြတ္သြားခဲ့ေပမယ့္ ဖာဘီယို ဗီယာရာရဲ႕ ေဘာလုံးျဖန႔္ပုံေတြက ကေမ်ာက္ကေခ်ာက္ ျဖစ္ေနခဲ့သလို ထေရာ့ဆတ္ကလည္း ေထာင့္ကန္ေဘာကို ဒီေန႔မွ စကန္ဖူးတာလားလို႔ ေမးရေလာက္ေအာင္ Delivery ေတြက ညံ့ဖ်င္းလြန္းတာေၾကာင့္ နယူးကာဆယ္လ္တို႔ ခံစစ္က လာသမွ် ေဘာလုံးကို ေပ်ာ္ေပ်ာ္ႀကီး ရွင္းထုတ္ၿပီး ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ပိတ္ထားရင္ ဘာမွ မလုပ္တတ္တဲ့ ေခြးပစ္တုတ္ တိုက္စစ္နဲ႔ အာဆင္နယ္တို႔ ရႈံးပြဲမရွိ ခရီးစဥ္က ရပ္တန႔္သြားခဲ့ရၿပီး အေဝးကြင္း ညံ့ဖ်င္းမႈနဲ႔အတူ နယူးကာဆယ္လ္တို႔ရဲ႕ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ပါကင္ပြင့္သြားခဲ့ၾကသလို အဆင့္ ၃ မွာ ရပ္တည္ေနခဲ့ေပမယ့္ တနဂၤေႏြေန႔မွာ လီဗာပူးလ္နဲ႔ အက္စ္တန္ဗီလာတို႔ ႏိုင္ခဲ့ရင္ အဆင့္ ၅ အထိ ဆင္းေပးရဖို႔လည္း ျဖစ္လာႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.