ဘိုင်ယန်မြူးနစ်ဟာ စနေနေ့ညက ဒေါ့မွန်အိမ်ကွင်း ဆစ်ဂနယ် အီဒူနာပါ့ခ်မှာ ၄-၀ နဲ့ နိုင်ပွဲရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက လေဗာကူဆင်ကို ၂ မှတ်အကွာကနေ ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
အူပါမီကာနိုရဲ့ ခေါင်းတိုက်ချက်နဲ့ ဟာရီ ကိန်းရဲ့ နောက်ထပ် ဟက်ထရစ်တို့ကြောင့် ဧည့်သည်တွေဟာ အိမ်ရှင်ဒေါ့မွန်ကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး စပါးစ်အသင်းခေါင်းဆောင်ဟောင်းဟာ လက်ရှိမှာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲမှာ သွင်းဂိုး ၈ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဟာရီ ကိန်းဟာ စနေနေ့ညနေက ဒေါ့မွန်နဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ပြီးခဲ့တဲ့နွေရာသီမှာ ပြောင်းရွှေ့လာပြီးနောက်ပိုင်း တတိယမြောက် ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အိမ်ရှင်တွေဟာ တူဟယ်ရဲ့အသင်းကို အနိုင်ရရင် ၁ မှတ်အသာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့မှာဖြစ်ပေမယ့်လည်း အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဟာရီ ကိန်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ ဆာဘရွတ်ကန်ကို ပိုကယ်ဖလားပွဲစဉ်မှာ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီးနောက် စနေနေ့ညပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးပါဝင်တဲ့အသင်းနဲ့ မပါဝင်တဲ့အသင်းက ဘယ်လောက်အထိ ကွာခြားလဲဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
အူပါမီကာနိုက ပထမပိုင်းစတင်ပြီး ၄ မိနစ်အကြာမှာပဲ လီရွိုင်း ဆာနေးရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ထပ် ၅ မိနစ်အကြာမှာပဲ ဟာရီ ကိန်းက ဆာနေးနဲ့ အပေးအယူလုပ်ပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ဘိုင်ယန်မြူးနစ်အတွက် မူစီအားလား ဂိုးသွင်းယူပေးနိုင်လုနီးပါးဖြစ်ခဲ့ပေမယ့် ဒေါ့မွန်ဂိုးသမား ကိုဘယ်က အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး ဟာရီ ကိန်းက ၇၂ မိနစ်နဲ့ ၉၀+၃ မိနစ်တို့မှာ နောက်ထပ်ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီးနောက် ဟက်ထရစ်ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဘိုင္ယန္ျမဴးနစ္ဟာ စေနေန႔ညက ေဒါ့မြန္အိမ္ကြင္း ဆစ္ဂနယ္ အီဒူနာပါ့ခ္မွာ ၄-၀ နဲ႔ ႏိုင္ပြဲရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးက ေလဗာကူဆင္ကို ၂ မွတ္အကြာကေန ဆက္လက္ ဖိအားေပးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
အူပါမီကာႏိုရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ ဟာရီ ကိန္းရဲ႕ ေနာက္ထပ္ ဟက္ထရစ္တို႔ေၾကာင့္ ဧည့္သည္ေတြဟာ အိမ္ရွင္ေဒါ့မြန္ကို ၄-၀ နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ၿပီး စပါးစ္အသင္းေခါင္းေဆာင္ေဟာင္းဟာ လက္ရွိမွာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၄ ပြဲမွာ သြင္းဂိုး ၈ ဂိုးအထိ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။
ဟာရီ ကိန္းဟာ စေနေန႔ညေနက ေဒါ့မြန္နဲ႔ပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္ကို ၿပီးခဲ့တဲ့ေႏြရာသီမွာ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း တတိယေျမာက္ ဟက္ထရစ္ကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အိမ္ရွင္ေတြဟာ တူဟယ္ရဲ႕အသင္းကို အႏိုင္ရရင္ ၁ မွတ္အသာနဲ႔ အဆင့္ ၂ ေနရာမွာ ရပ္တည္ႏိုင္ခဲ့မွာျဖစ္ေပမယ့္လည္း အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။
ဟာရီ ကိန္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္မွာ ဆာဘ႐ြတ္ကန္ကို ပိုကယ္ဖလားပြဲစဥ္မွာ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ စေနေန႔ညပြဲစဥ္မွာ ျပန္လည္ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး အဂၤလန္တိုက္စစ္မႉးပါဝင္တဲ့အသင္းနဲ႔ မပါဝင္တဲ့အသင္းက ဘယ္ေလာက္အထိ ကြာျခားလဲဆိုတာကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။
အူပါမီကာႏိုက ပထမပိုင္းစတင္ၿပီး ၄ မိနစ္အၾကာမွာပဲ လီ႐ြိဳင္း ဆာေနးရဲ႕ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးပို႔မႈကို လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ၿပီး အဖြင့္ဂိုး သြင္းယူေပးခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ၅ မိနစ္အၾကာမွာပဲ ဟာရီ ကိန္းက ဆာေနးနဲ႔ အေပးအယူလုပ္ၿပီး ဒုတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ဒုတိယပိုင္းမွာ ဘိုင္ယန္ျမဴးနစ္အတြက္ မူစီအားလား ဂိုးသြင္းယူေပးႏိုင္လုနီးပါးျဖစ္ခဲ့ေပမယ့္ ေဒါ့မြန္ဂိုးသမား ကိုဘယ္က အံ့အားသင့္ဖြယ္ ကာကြယ္ႏိုင္ခဲ့တာျဖစ္ၿပီး ဟာရီ ကိန္းက ၇၂ မိနစ္နဲ႔ ၉၀+၃ မိနစ္တို႔မွာ ေနာက္ထပ္ဦးေဆာင္ဂိုးေတြ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဟက္ထရစ္ျပည့္ေျမာက္ခဲ့တာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.