Match Report Premier League

VAR နဲ့ ဒိုင်ညစ်မှုကြောင့် ခပ်ညံ့ညံ့ ဖူလ်ဟမ်ကို အနိုင်ရဖို့ ရုန်းခဲ့ရတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ မက်ဂွိုင်းယား၊ အီဗန်စ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အဲရစ်ဆန်၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဖူလ်ဟမ်တို့ကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ ဘက်ဆီ၊ တင်မ် ရင်းမ်၊ ကက်စတာညာနဲ့ ရော်ဘင်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ပယ်လင်ညာ၊ အီဝိုဘီ၊ ဝီလ်ဆန်၊ ဝီလီယန်နဲ့ ပါရဲရားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မြူနစ်ဇ်တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

မာကို ဆေးလ်ဗားရဲ့ ကိုယ့်အသင်း ကိုယ်ပြန်ဖျက်နေတဲ့ ကွင်းလယ်လူ ထုတ်ပုံက သူတို့ကို အရင်ရာသီတွေကလို မမာကျောစေနိုင်ခဲ့တော့သလို ကွင်းလယ်မှာ ရေပက်မဝင်အောင် လိုက်ကစားပေးတဲ့ ဟာရစ်ဆန် ရိဒ်ကို ပစ်ပယ်လိုက်တာက ပယ်လင်ညာရဲ့ ခြေစွမ်းကို ကျဆင်းစေပြီး ညာတောင်ပံမှာ သုံးစားမရတဲ့ ဝီလ်ဆန်အစား ဒီကော်ဒိုဗာ-ရိဒ်ကို သုံးသင့်ခဲ့ပေမယ့်လည်း အလွဲတွေပဲ လုပ်နေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈ မိနစ်မှာ ဖရီးကစ်က တစ်ဆင့် ဂါနာချို ပြေးထွက်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ မက်တော်မီနေးက ပိတ်သွင်းနိုင်ခဲ့လို့ ဂိုးဖြစ်ခဲ့ပေမယ့် VAR က ကစားကွက်နဲ့ ဘာမှ မဆိုင်တဲ့ မက်ဂွိုင်းယား လူကျွံတယ်ဆိုပြီး ယုတ်မာသွားခဲ့လို့ မန်ယူတို့နဲ့ ပရိသတ်တွေ ဒေါသထွက်ခဲ့ရသလို အင်္ဂလန်တစ်နိုင်ငံတည်း မျောက်အုန်းသီးရနေတဲ့ ဒီနည်းပညာကတော့ အောချလောက်အောင်ဖြစ်ခဲ့ရတာပါ။

ဖူလ်ဟမ်ရဲ့ ဘယ်ခြမ်းခံစစ်က အမေရိကန်အတွဲဖြစ်တဲ့ တင်မ် ရင်းမ်နဲ့ ရော်ဘင်ဆန်တို့ရဲ့ စုတ်ပြတ်နေမှုကိုလည်း ညာတောင်ပံသမား အန်တိုနီ ညံ့နေလို့ အခွင့်အရေး မယူနိုင်ခဲ့သလို ဒါလော့ကလည်း နည်းပြ တန်ဟတ်ရဲ့ ပွဲထုတ်ပုံကြောင့် ဘယ်ခြမ်းရောက်နေခဲ့လို့ ပထမပိုင်းကတော့ VAR ကလွဲရင် ဘာမှ ထူးထူးခြားခြား မရှိခဲ့ဘဲ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဖူလ်ဟမ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကို အိုနာနာ လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပြီး မန်ယူတို့ဘက်ကတော့ တိုက်စစ်ကို လောက်လောက်လားလား ခြိမ်းခြောက်မှု မလုပ်နိုင်တာကြောင့် ပွဲချိန် မိနစ် ၆၀ ကျော်မှာ အန်တိုနီကို ပယ်လစ္စထရီနဲ့ လူစားလဲခဲ့သလို အဲရစ်ဆန်နဲ့ ဟွိုင်လန်းတို့အစား မေဆန်မောင့်နဲ့ မာစီယယ်လ်ကိုပါ ထပ်ထည့်လိုက်ချိန်မှာ ကစားကွက်က အနည်းငယ် ပိုလှုပ်လာခဲ့တာပါ။

ဖူလ်ဟမ်တို့ကတော့ မြူနစ်ဇ်၊ ဝီလီယန်နဲ့ ပါရဲရားတို့အစား ကားလို့စ် ဗီနီးရှပ်စ်၊ လူကစ်ချ်နဲ့ ဒီကော်ဒိုဗာ-ရိဒ်တို့ကို ထည့်သွင်းခဲ့တာ ကောင်းပေမယ့် မိနစ် ၉၀ ပြည့်ခါနီးမှ နိုင်ချင်ဇောနဲ့ စိတ်ရူးပေါက်ပြီး အီဝိုဘီနဲ့ ဝီလ်ဆန်တို့အစား ရာအူးလ် ဟီမီနက်ဇ်နဲ့ ကဲရ်နီတို့ကို ထည့်ပြီး ကွင်းလယ်ပုံစံကောင်းကို စွန့်လွှတ်ခဲ့တာကြောင့် အမှားဒဏ်ကို ခံစားသွားခဲ့ရပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ မန်ယူတို့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဖွတ်ကျား အမေရိကန်သားနှစ်ဦးဖြစ်တဲ့ ရော်ဘင်ဆန်နဲ့ တင်မ် ရင်းမ်တို့ရဲ့ ဆက်တိုက်မှားမှုကနေ တတိယအကြိမ် ရှင်းထုတ်ပုံမှာ ထပ်မှားခဲ့တဲ့ ပယ်လင်ညာရဲ့ အသုံးမကျတဲ့ ကန်ချက်ကို ဧရိယာ ထိပ်မှာ ပြန်ရသွားတဲ့ ပေါ်တူဂီအသင်းဖော် ဘရူနို ဖာနန်ဒက်စ်က နှစ်ကြိမ်လောက် ခြေယောင်ပြပြီး ညာဘက်တိုင်ခြေကို အနိမ့်ဘော ကန်ထည့်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က ညံ့ရတဲ့အထဲ ကလေးအထာတွေလုပ်လို့ ဒိုင်ကူတာတောင် ဘာမှမဖြစ်တဲ့ ဖူလ်ဟမ်တို့ကို တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိပြီး အဝေးကွင်း ကရာဗင် ကော့တေ့ချ်မှာ အဖိုးတန် သုံးမှတ်ကို ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာအထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ကြကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ အီဗန္စ္၊ ဝန္ဘစ္ဆာကာနဲ႔ ဒါေလာ့တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အဲရစ္ဆန္၊ မက္ေတာ္မီေနးနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဂါနာခ်ိဳနဲ႔ ဟြိဳင္လန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဖူလ္ဟမ္တို႔ကေတာ့ ဂိုးသမား လီႏို၊ ခံစစ္မွာ ဘက္ဆီ၊ တင္မ္ ရင္းမ္၊ ကက္စတာညာနဲ႔ ေရာ္ဘင္ဆန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပယ္လင္ညာ၊ အီဝိုဘီ၊ ဝီလ္ဆန္၊ ဝီလီယန္နဲ႔ ပါရဲရားတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ျမဴနစ္ဇ္တစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

မာကို ေဆးလ္ဗားရဲ႕ ကိုယ့္အသင္း ကိုယ္ျပန္ဖ်က္ေနတဲ့ ကြင္းလယ္လူ ထုတ္ပုံက သူတို႔ကို အရင္ရာသီေတြကလို မမာေက်ာေစႏိုင္ခဲ့ေတာ့သလို ကြင္းလယ္မွာ ေရပက္မဝင္ေအာင္ လိုက္ကစားေပးတဲ့ ဟာရစ္ဆန္ ရိဒ္ကို ပစ္ပယ္လိုက္တာက ပယ္လင္ညာရဲ႕ ေျခစြမ္းကို က်ဆင္းေစၿပီး ညာေတာင္ပံမွာ သုံးစားမရတဲ့ ဝီလ္ဆန္အစား ဒီေကာ္ဒိုဗာ-ရိဒ္ကို သုံးသင့္ခဲ့ေပမယ့္လည္း အလြဲေတြပဲ လုပ္ေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာ ဖရီးကစ္က တစ္ဆင့္ ဂါနာခ်ိဳ ေျပးထြက္ၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ မက္ေတာ္မီေနးက ပိတ္သြင္းႏိုင္ခဲ့လို႔ ဂိုးျဖစ္ခဲ့ေပမယ့္ VAR က ကစားကြက္နဲ႔ ဘာမွ မဆိုင္တဲ့ မက္ဂြိဳင္းယား လူကြၽံတယ္ဆိုၿပီး ယုတ္မာသြားခဲ့လို႔ မန္ယူတို႔နဲ႔ ပရိသတ္ေတြ ေဒါသထြက္ခဲ့ရသလို အဂၤလန္တစ္ႏိုင္ငံတည္း ေမ်ာက္အုန္းသီးရေနတဲ့ ဒီနည္းပညာကေတာ့ ေအာခ်ေလာက္ေအာင္ျဖစ္ခဲ့ရတာပါ။

ဖူလ္ဟမ္ရဲ႕ ဘယ္ျခမ္းခံစစ္က အေမရိကန္အတြဲျဖစ္တဲ့ တင္မ္ ရင္းမ္နဲ႔ ေရာ္ဘင္ဆန္တို႔ရဲ႕ စုတ္ျပတ္ေနမႈကိုလည္း ညာေတာင္ပံသမား အန္တိုနီ ညံ့ေနလို႔ အခြင့္အေရး မယူႏိုင္ခဲ့သလို ဒါေလာ့ကလည္း နည္းျပ တန္ဟတ္ရဲ႕ ပြဲထုတ္ပုံေၾကာင့္ ဘယ္ျခမ္းေရာက္ေနခဲ့လို႔ ပထမပိုင္းကေတာ့ VAR ကလြဲရင္ ဘာမွ ထူးထူးျခားျခား မရွိခဲ့ဘဲ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဖူလ္ဟမ္တို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြကို အိုနာနာ လက္စြမ္းျပကာကြယ္သြားႏိုင္ခဲ့ၿပီး မန္ယူတို႔ဘက္ကေတာ့ တိုက္စစ္ကို ေလာက္ေလာက္လားလား ၿခိမ္းေျခာက္မႈ မလုပ္ႏိုင္တာေၾကာင့္ ပြဲခ်ိန္ မိနစ္ ၆၀ ေက်ာ္မွာ အန္တိုနီကို ပယ္လစၥထရီနဲ႔ လူစားလဲခဲ့သလို အဲရစ္ဆန္နဲ႔ ဟြိဳင္လန္းတို႔အစား ေမဆန္ေမာင့္နဲ႔ မာစီယယ္လ္ကိုပါ ထပ္ထည့္လိုက္ခ်ိန္မွာ ကစားကြက္က အနည္းငယ္ ပိုလႈပ္လာခဲ့တာပါ။

ဖူလ္ဟမ္တို႔ကေတာ့ ျမဴနစ္ဇ္၊ ဝီလီယန္နဲ႔ ပါရဲရားတို႔အစား ကားလို႔စ္ ဗီနီးရွပ္စ္၊ လူကစ္ခ်္နဲ႔ ဒီေကာ္ဒိုဗာ-ရိဒ္တို႔ကို ထည့္သြင္းခဲ့တာ ေကာင္းေပမယ့္ မိနစ္ ၉၀ ျပည့္ခါနီးမွ ႏိုင္ခ်င္ေဇာနဲ႔ စိတ္႐ူးေပါက္ၿပီး အီဝိုဘီနဲ႔ ဝီလ္ဆန္တို႔အစား ရာအူးလ္ ဟီမီနက္ဇ္နဲ႔ ကဲရ္နီတို႔ကို ထည့္ၿပီး ကြင္းလယ္ပုံစံေကာင္းကို စြန႔္လႊတ္ခဲ့တာေၾကာင့္ အမွားဒဏ္ကို ခံစားသြားခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ မန္ယူတို႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဖြတ္က်ား အေမရိကန္သားႏွစ္ဦးျဖစ္တဲ့ ေရာ္ဘင္ဆန္နဲ႔ တင္မ္ ရင္းမ္တို႔ရဲ႕ ဆက္တိုက္မွားမႈကေန တတိယအႀကိမ္ ရွင္းထုတ္ပုံမွာ ထပ္မွားခဲ့တဲ့ ပယ္လင္ညာရဲ႕ အသုံးမက်တဲ့ ကန္ခ်က္ကို ဧရိယာ ထိပ္မွာ ျပန္ရသြားတဲ့ ေပၚတူဂီအသင္းေဖာ္ ဘ႐ူႏို ဖာနန္ဒက္စ္က ႏွစ္ႀကိမ္ေလာက္ ေျခေယာင္ျပၿပီး ညာဘက္တိုင္ေျခကို အနိမ့္ေဘာ ကန္ထည့္သြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔က ညံ့ရတဲ့အထဲ ကေလးအထာေတြလုပ္လို႔ ဒိုင္ကူတာေတာင္ ဘာမွမျဖစ္တဲ့ ဖူလ္ဟမ္တို႔ကို တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရရွိၿပီး အေဝးကြင္း ကရာဗင္ ေကာ့ေတ့ခ်္မွာ အဖိုးတန္ သုံးမွတ္ကို ရယူႏိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ ေနရာအထိ ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ၾကေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.