Premier League

အသင်းစည်းကမ်းကို ချိုးဖောက်ခဲ့လို့ လစာပမာဏအများအပြားကို ဒဏ်ကြေးဆောင်ခဲ့ရတဲ့ မာနေး

ဆီနီဂေါကြယ်ပွင့် ဆာဒီယို မာနေးဟာ လီဗာပူးလ်အတွက် ကစားပေးခဲ့တဲ့ ကာလအတွင်း မကြာခဏဆိုသလို ကြီးမားတဲ့ ဒဏ်ငွေချမှတ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မာနေးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့အတွက် အန်းဖီးက ဆုဖလားအောင်မြင်မှုတွေ ပြည့်နှက်နေတဲ့ ၆ နှစ်တာ ကာလကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

မာဆေးဆိုဒ်မှာ ရှိနေခဲ့တဲ့ကာလအတွင်း မာနေးဟာ လီဗာပူးလ်အတွက် ၂၆၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂၀ အထိ သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသင်းဖော်ဟောင်း ရောဘတ်ဆန်က မာနေးဟာ အဝေးကွင်းပွဲစဉ်တွေအတွက် ခရီးထွက်ရတဲ့အခါမှာ ပတ်စ်ပို့ကို ခဏခဏ မေ့တာကြောင့် ဒဏ်ငွေမကြာခဏ ပေးဆောင်ခဲ့ရတယ်လို့ လက်ရှိမှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အချို့ ဒဏ်ငွေကတော့ အရမ်းစျေးကြီးပါတယ်။ ခင်ဗျား အဝေးကွင်းခရီးစဉ်အတွက် ပတ်စ်ပို့မေ့ကျန်ခဲ့ရင် ခင်ဗျားရဲ့ လစာထဲက ဒဏ်ငွေအများကြီး ပေးဆောင်ရပါတယ်။ အဲဒါက အကြိမ်အနည်းငယ်ဖြစ်ခဲ့တယ်။ ဆာဒီယို မာနေးက အဲဒီအတွက် ကြီးမားတဲ့ တရားခံဖြစ်ခဲ့ပြီး လေယာဉ်ချိန်ကို နှောင့်နှေးစေခဲ့လို့ ကျွန်တော်တို့ ရောက်တာလည်း နောက်ကျခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီအတွက် ကြီးမားတဲ့ဒဏ်ငွေဆောင်ရမှာပေါ့။”

ရောဘတ်ဆန်က အသင်းခေါင်းဆောင်ဟောင်း ဂျော်ဒန် ဟန်ဒါဆန်နဲ့ ဒုတိယအသင်းခေါင်းဆောင်ဟောင်း ဂျိမ်းစ် မီလ်နာတို့ကလည်း ဒဏ်ကြေးပေးဆောင်ရတဲ့ စနစ်မှာ တာဝန်ရှိသူတွေဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ဟန်ဒိုနဲ့ မီလီတို့က ဆုံးဖြတ်ချက်တွေအများကြီးချမှတ်ခဲ့တယ်။ ဒီလိုမျိုး ဒဏ်ငွေဆောင်ရတဲ့ကိစ္စတွေမှာ မီလီက ဒဏ်ရိုက်တဲ့ ရဲပါ။ သူက ဒဏ်ရိုက်ဖို့ တာဝန်ရှိသူပါ။ ကျွန်တော် ဒီကို ရောက်လာတဲ့အချိန်ကတည်းက သူ ဒဏ်ငွေတစ်ခါ ရိုက်ခံခဲ့ရပြီး တစ်သင်းလုံး ပွက်လောရိုက်ခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆီနီေဂါၾကယ္ပြင့္ ဆာဒီယို မာေနးဟာ လီဗာပူးလ္အတြက္ ကစားေပးခဲ့တဲ့ ကာလအတြင္း မၾကာခဏဆိုသလို ႀကီးမားတဲ့ ဒဏ္ေငြခ်မွတ္မႈနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

မာေနးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂ်ာမန္ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ အန္းဖီးက ဆုဖလားေအာင္ျမင္မႈေတြ ျပည့္ႏွက္ေနတဲ့ ၆ ႏွစ္တာ ကာလကို အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

မာေဆးဆိုဒ္မွာ ရွိေနခဲ့တဲ့ကာလအတြင္း မာေနးဟာ လီဗာပူးလ္အတြက္ ၂၆၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၂၀ အထိ သြင္းယူႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလား၊ ကာရာေဘာင္းဖလားတို႔ကို ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ကမာၻ႔အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးအျဖစ္ တိုးတက္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသင္းေဖာ္ေဟာင္း ေရာဘတ္ဆန္က မာေနးဟာ အေဝးကြင္းပြဲစဥ္ေတြအတြက္ ခရီးထြက္ရတဲ့အခါမွာ ပတ္စ္ပို႔ကို ခဏခဏ ေမ့တာေၾကာင့္ ဒဏ္ေငြမၾကာခဏ ေပးေဆာင္ခဲ့ရတယ္လို႔ လက္ရွိမွာ ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အခ်ိဳ႕ ဒဏ္ေငြကေတာ့ အရမ္းေစ်းႀကီးပါတယ္။ ခင္ဗ်ား အေဝးကြင္းခရီးစဥ္အတြက္ ပတ္စ္ပို႔ေမ့က်န္ခဲ့ရင္ ခင္ဗ်ားရဲ႕ လစာထဲက ဒဏ္ေငြအမ်ားႀကီး ေပးေဆာင္ရပါတယ္။ အဲဒါက အႀကိမ္အနည္းငယ္ျဖစ္ခဲ့တယ္။ ဆာဒီယို မာေနးက အဲဒီအတြက္ ႀကီးမားတဲ့ တရားခံျဖစ္ခဲ့ၿပီး ေလယာဥ္ခ်ိန္ကို ေႏွာင့္ေႏွးေစခဲ့လို႔ ကြၽန္ေတာ္တို႔ ေရာက္တာလည္း ေနာက္က်ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီအတြက္ ႀကီးမားတဲ့ဒဏ္ေငြေဆာင္ရမွာေပါ့။”

ေရာဘတ္ဆန္က အသင္းေခါင္းေဆာင္ေဟာင္း ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ ဒုတိယအသင္းေခါင္းေဆာင္ေဟာင္း ဂ်ိမ္းစ္ မီလ္နာတို႔ကလည္း ဒဏ္ေၾကးေပးေဆာင္ရတဲ့ စနစ္မွာ တာဝန္ရွိသူေတြျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ဟန္ဒိုနဲ႔ မီလီတို႔က ဆုံးျဖတ္ခ်က္ေတြအမ်ားႀကီးခ်မွတ္ခဲ့တယ္။ ဒီလိုမ်ိဳး ဒဏ္ေငြေဆာင္ရတဲ့ကိစၥေတြမွာ မီလီက ဒဏ္႐ိုက္တဲ့ ရဲပါ။ သူက ဒဏ္႐ိုက္ဖို႔ တာဝန္ရွိသူပါ။ ကြၽန္ေတာ္ ဒီကို ေရာက္လာတဲ့အခ်ိန္ကတည္းက သူ ဒဏ္ေငြတစ္ခါ ႐ိုက္ခံခဲ့ရၿပီး တစ္သင္းလုံး ပြက္ေလာ႐ိုက္ခဲ့တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.