Premier League

တန်ဟက်ပြုတ်ရင် ဘယ်သူ့ကို နည်းပြခန့်သင့်လဲဆိုတာ မန်ယူနိုက်တက်ကို ပြောထားပြီးဖြစ်တဲ့ ဗာရွမ်း

ရာဖေးလ် ဗာရွမ်းက တကယ်လို့ အဲရစ် တန်ဟက်ကိုသာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အနေနဲ့ ဘယ်သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်သင့်လဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးဖြစ်ပါတယ်။

ယခုအပတ်မှာ အဲရစ် တန်ဟက်ဟာ အသင်းရဲ့ စွမ်းဆောင်ရည်တွေ ဆက်တိုက်ဆိုးရွားနေမှုနဲ့ပတ်သက်ပြီး အပြင်းအထန် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပြီး မန်ယူနိုက်တက်ပရိသတ်တွေကလည်း ဗုဒ္ဓဟူးနေ့က အိုးထရက်ဖို့ဒ်မှာ နယူးကာဆယ်ကို ၃-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ၎င်းတို့ရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီပွဲအပြီးကတည်းက တန်ဟက် နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်ခြေက မြင့်တက်လာပြီး လောင်းကစားဒိုင်တွေက ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို နည်းပြသစ် ဖြစ်လာနိုင်ခြေအရှိဆုံးသူအဖြစ် လောင်းကြေးဖွင့်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ဇီဒန်းနဲ့အတူ အလုပ်လုပ်ခဲ့ဖူးတဲ့ ဗာရွမ်းက အရင်တုန်းက ပြင်သစ်ဂန္တဝင်နဲ့ပတ်သက်ပြီး ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်နည်းပြသစ်အဖြစ် ခန့်အပ်သင့်တဲ့သူဆိုတာကို ထောက်ခံချက်ပေးထားခဲ့ပြီးဖြစ်ပါတယ်။

“ကျွန်တော် ခင်ဗျားကို အသေးစိတ်ပြောပြမယ်။ ကျွန်တော့်ဘဝရဲ့ ရူးသွပ်ချင်စရာ အခိုက်အတန့်ပဲ။ ကျွန်တော် ပထမအသင်းနဲ့အတူ ကစားနေခဲ့ပြီး အသင်းက ကျွန်တော့်ကို ရောင်းထုတ်မယ်ဆိုတာကို သိခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော့်ကို ဇီဇူက ဖုန်းခေါ်တဲ့အချိန်မှာ ကျွန်တော် တကယ် အလုပ်များနေခဲ့ပြီး သူမှန်း အစက မသိခဲ့ဘူး။ ကျွန်တော် သူမှန်းသိသွားတဲ့အခါမှာ တုန်လှုပ်သွားခဲ့တယ်။ အိုး ဝိုး အဲဒါက ရူးသွပ်စရာကောင်းတယ်။ ကျွန်တော် အဲဒီတော့ သူ့ကို နောက်နေ့မှ ပြန်ခေါ်ဖို့ တောင်းဆိုခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အလုပ်များနေပြီး အံ့ဩနေလို့ပါ။ သူက ရပါတယ်တဲ့။ ဇီဇူးက အရမ်းကို နှိမ့်ချတတ်ပြီး အရမ်းကို သာမန်ပဲ နေထိုင်တတ်တဲ့ ပုဂ္ဂိုလ်ပါ။ အဲဒီတော့ သူ အပြည့်အဝ နားလည်ပါတယ်။ ဆယ်စက္ကန့်အကြာမှာ ကျွန်တော့်ညီကို ဖုန်းခေါ်ခဲ့ပြီး ငါ ဘာလုပ်ခဲ့လဲဆိုတာ မင်း မသိဘူး။ အဲဒါက ရူးသွပ်ချင်စရာပဲ။ ရူးချင်စရာပဲ။ ကျွန်တော့်ရဲ့ မျိုးဆက်အတွက် ကစားသမားတစ်ယောက်အကြောင်း ပြောဖို့ ပြောရင် အဲဒါက ဇီဇူးပဲ။ သူက အကျော်ကြားဆုံးနဲ့ အလေးစားခံရဆုံးကစားသမားပါ။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရာေဖးလ္ ဗာ႐ြမ္းက တကယ္လို႔ အဲရစ္ တန္ဟက္ကိုသာ နည္းျပရာထူးကေန ထုတ္ပယ္ခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဘယ္သူ႔ကို နည္းျပသစ္အျဖစ္ ခန႔္အပ္သင့္လဲဆိုတာကို ရွင္းရွင္းလင္းလင္း ေျပာဆိုထားၿပီးျဖစ္ပါတယ္။

ယခုအပတ္မွာ အဲရစ္ တန္ဟက္ဟာ အသင္းရဲ႕ စြမ္းေဆာင္ရည္ေတြ ဆက္တိုက္ဆိုး႐ြားေနမႈနဲ႔ပတ္သက္ၿပီး အျပင္းအထန္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရၿပီး မန္ယူႏိုက္တက္ပရိသတ္ေတြကလည္း ဗုဒၶဟူးေန႔က အိုးထရက္ဖို႔ဒ္မွာ နယူးကာဆယ္ကို ၃-၀ နဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီး ၎တို႔ရဲ႕ ခံစားခ်က္ကို ရွင္းရွင္းလင္းလင္း ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

အဲဒီပြဲအၿပီးကတည္းက တန္ဟက္ နည္းျပရာထူးကေန ထုတ္ပယ္ခံရႏိုင္ေျခက ျမင့္တက္လာၿပီး ေလာင္းကစားဒိုင္ေတြက ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ဇီဒန္းကို နည္းျပသစ္ ျဖစ္လာႏိုင္ေျခအရွိဆုံးသူအျဖစ္ ေလာင္းေၾကးဖြင့္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္မွာ ဇီဒန္းနဲ႔အတူ အလုပ္လုပ္ခဲ့ဖူးတဲ့ ဗာ႐ြမ္းက အရင္တုန္းက ျပင္သစ္ဂႏၲဝင္နဲ႔ပတ္သက္ၿပီး ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္အျဖစ္ ခန႔္အပ္သင့္တဲ့သူဆိုတာကို ေထာက္ခံခ်က္ေပးထားခဲ့ၿပီးျဖစ္ပါတယ္။

“ကြၽန္ေတာ္ ခင္ဗ်ားကို အေသးစိတ္ေျပာျပမယ္။ ကြၽန္ေတာ့္ဘဝရဲ႕ ႐ူးသြပ္ခ်င္စရာ အခိုက္အတန႔္ပဲ။ ကြၽန္ေတာ္ ပထမအသင္းနဲ႔အတူ ကစားေနခဲ့ၿပီး အသင္းက ကြၽန္ေတာ့္ကို ေရာင္းထုတ္မယ္ဆိုတာကို သိခဲ့ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ့္ကို ဇီဇူက ဖုန္းေခၚတဲ့အခ်ိန္မွာ ကြၽန္ေတာ္ တကယ္ အလုပ္မ်ားေနခဲ့ၿပီး သူမွန္း အစက မသိခဲ့ဘူး။ ကြၽန္ေတာ္ သူမွန္းသိသြားတဲ့အခါမွာ တုန္လႈပ္သြားခဲ့တယ္။ အိုး ဝိုး အဲဒါက ႐ူးသြပ္စရာေကာင္းတယ္။ ကြၽန္ေတာ္ အဲဒီေတာ့ သူ႔ကို ေနာက္ေန႔မွ ျပန္ေခၚဖို႔ ေတာင္းဆိုခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ အလုပ္မ်ားေနၿပီး အံ့ဩေနလို႔ပါ။ သူက ရပါတယ္တဲ့။ ဇီဇူးက အရမ္းကို ႏွိမ့္ခ်တတ္ၿပီး အရမ္းကို သာမန္ပဲ ေနထိုင္တတ္တဲ့ ပုဂၢိဳလ္ပါ။ အဲဒီေတာ့ သူ အျပည့္အဝ နားလည္ပါတယ္။ ဆယ္စကၠန႔္အၾကာမွာ ကြၽန္ေတာ့္ညီကို ဖုန္းေခၚခဲ့ၿပီး ငါ ဘာလုပ္ခဲ့လဲဆိုတာ မင္း မသိဘူး။ အဲဒါက ႐ူးသြပ္ခ်င္စရာပဲ။ ႐ူးခ်င္စရာပဲ။ ကြၽန္ေတာ့္ရဲ႕ မ်ိဳးဆက္အတြက္ ကစားသမားတစ္ေယာက္အေၾကာင္း ေျပာဖို႔ ေျပာရင္ အဲဒါက ဇီဇူးပဲ။ သူက အေက်ာ္ၾကားဆုံးနဲ႔ အေလးစားခံရဆုံးကစားသမားပါ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.