Premier League

ကွင်းထဲမှာ ဖော်ရှိုးလုပ်မနေနဲ့လို့ ဝေဖန်ခဲ့တဲ့ ရွိုင် ကီးန်ကို တုံ့ပြန်ခဲ့တဲ့ ပပ်

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက ကွင်းထဲမှာ ကစားသမားတွေနဲ့ စကားပြောပြီး ဟီလာထနေတာတွေအားလုံးက ဖော်ရှိုးလုပ်ပြနေတာလို့ ဝေဖန်ခဲ့တဲ့ ရွိုင် ကီးန်ရဲ့ မှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ အိုးထရက်ဖို့ဒ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်ကို ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့တာဖြစ်ပြီး အာလင်း ဟာလန်းက ဖိုဒန်အတွက် ဂိုးဖန်တီးမှု မပြုလုပ်ပေးမီ ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ခါးသီးပြိုင်ဘက်တွေဘက်ကို ဟက်ထရစ်သွင်းယူနိုင်မယ့် အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရီ အိုနာနာက အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုနဲ့အတူ နော်ဝေတိုက်စစ်မှူးရဲ့ ခေါင်းတိုက်ချက်ကို ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂွါဒီယိုလာက ကွင်းထဲမှာ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဟာလန်းနဲ့ ဆွေးနွေးနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အဲဒီလို မြင်တွေ့ရတာကို သဘောမကျဖြစ်ခဲ့တာဖြစ်ပါတယ်။

“အဲဒါတွေ အားလုံးက ဖော်ရှိုးလုပ်နေတာ။ ခင်ဗျား ပြောချင်ရင် အဝတ်လဲခန်းထဲမှာ ပြောလို့ရတယ်လေ။ ဘာတွေ ရေးကြီးခွင်ကျယ်လုပ်နေတာလဲ။ အဲဒါက ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်ပါ။ ဒါပေမယ့် ခင်ဗျား ကွင်းထဲမှာ အဲဒီအကြောင်းကို ၅ မိနစ်လောက် ပြောနေစရာမလိုပါဘူး။ ဥမင်ထဲကို ဆင်းသွားပြီး ခင်ဗျားရဲ့ အောင်ပွဲကို ပျော်ရွှင်ခံစားရုံပဲ။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

သောကြာနေ့မှာ ဂါဒီယိုလာက မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ရွိုင် ကီးန်ရဲ့ မှတ်ချက်ကို ငြင်းပယ်ခဲ့ပြီး “ကျွန်တော့်အသက်အရွယ်မှာ လူတွေမြင်အောင် လုပ်ပြနေစရာ မလိုပါဘူး။ ကျွန်တော် ရွိုင် ကီးန်ကို အများကြီး လေးစားပါတယ်။ တစ်ခါတလေ ကျွန်တော် ပွဲပြီးတာနဲ့ ဥမင်ထဲဝင်တယ်။ တစ်ခါတလေ ကျွန်တော် ကွင်းထဲမှာ နေတယ်။ ကျွန်တော် ကစားသမားကို တွေ့တဲ့အခါမှာ ပွဲအကြောင်း စကားပြောတယ်။ ကင်မရာက ရှိနေတာ ကျွန်တော် သိပါတယ်။ ဒီတစ်ခေါက်မှာ ကျွန်တော် ကွင်းထဲမှာ ရှိနေပြီး ပရိသတ်တွေနဲ့ အောင်ပွဲခံချင်ခဲ့တယ်။ ကျွန်တော်တို့ ဒုတိယဂိုးအကြောင်း ပြောခဲ့ကြတယ်။ လွဲချော်ခဲ့တာကိုပေါ့။ ခေါင်းတိုက်ချက်ကို ပိုအားပါရင် ဂိုးပေါက်ထဲကို ဝင်သွားနိုင်ပါတယ်။ ဘန်လေနဲ့ပွဲတုန်းက အာလင်း အဲဒီလို လုပ်ခဲ့ပါတယ်။ ပွဲအပြီးမှာ လူတွေအတွက် ထူးခြားဆန်းကြယ်မှုအချို့ လုပ်ပြဖို့အတွက် ကစားသမားတွေနဲ့ စကားသွားပြောတာလို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော် အဝတ်လဲခန်းထဲမှာလည်း အဲဒါကို လုပ်လို့ရနိုင်တယ်ဆိုတာ အမှန်ပါပဲ။ ကျွန်တော် အဝတ်လဲခန်းထဲမှာ အဲဒီလို အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာက ကြင္းထဲမွာ ကစားသမားေတြနဲ႔ စကားေျပာၿပီး ဟီလာထေနတာေတြအားလုံးက ေဖာ္ရႈိးလုပ္ျပေနတာလို႔ ေဝဖန္ခဲ့တဲ့ ႐ြိဳင္ ကီးန္ရဲ႕ မွတ္ခ်က္ကို ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဟာ အိုးထရက္ဖို႔ဒ္မွာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က မန္ခ်က္စတာယူႏိုက္တက္ကို ၃-၀ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ရခဲ့တာျဖစ္ၿပီး အာလင္း ဟာလန္းက ဖိုဒန္အတြက္ ဂိုးဖန္တီးမႈ မျပဳလုပ္ေပးမီ ၂ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ခါးသီးၿပိဳင္ဘက္ေတြဘက္ကို ဟက္ထရစ္သြင္းယူႏိုင္မယ့္ အခြင့္အေရး ရရွိခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား အန္ဒရီ အိုနာနာက အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈနဲ႔အတူ ေနာ္ေဝတိုက္စစ္မႉးရဲ႕ ေခါင္းတိုက္ခ်က္ကို ကာကြယ္သြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ဂြါဒီယိုလာက ကြင္းထဲမွာ အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဟာလန္းနဲ႔ ေဆြးေႏြးေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က အဲဒီလို ျမင္ေတြ႕ရတာကို သေဘာမက်ျဖစ္ခဲ့တာျဖစ္ပါတယ္။

“အဲဒါေတြ အားလုံးက ေဖာ္ရႈိးလုပ္ေနတာ။ ခင္ဗ်ား ေျပာခ်င္ရင္ အဝတ္လဲခန္းထဲမွာ ေျပာလို႔ရတယ္ေလ။ ဘာေတြ ေရးႀကီးခြင္က်ယ္လုပ္ေနတာလဲ။ အဲဒါက ေကာင္းမြန္တဲ့ ေခါင္းတိုက္ခ်က္ပါ။ ဒါေပမယ့္ ခင္ဗ်ား ကြင္းထဲမွာ အဲဒီအေၾကာင္းကို ၅ မိနစ္ေလာက္ ေျပာေနစရာမလိုပါဘူး။ ဥမင္ထဲကို ဆင္းသြားၿပီး ခင္ဗ်ားရဲ႕ ေအာင္ပြဲကို ေပ်ာ္႐ႊင္ခံစား႐ုံပဲ။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေသာၾကာေန႔မွာ ဂါဒီယိုလာက မီဒီယာေတြနဲ႔ ေတြ႕ဆုံရာမွာ ႐ြိဳင္ ကီးန္ရဲ႕ မွတ္ခ်က္ကို ျငင္းပယ္ခဲ့ၿပီး “ကြၽန္ေတာ့္အသက္အ႐ြယ္မွာ လူေတြျမင္ေအာင္ လုပ္ျပေနစရာ မလိုပါဘူး။ ကြၽန္ေတာ္ ႐ြိဳင္ ကီးန္ကို အမ်ားႀကီး ေလးစားပါတယ္။ တစ္ခါတေလ ကြၽန္ေတာ္ ပြဲၿပီးတာနဲ႔ ဥမင္ထဲဝင္တယ္။ တစ္ခါတေလ ကြၽန္ေတာ္ ကြင္းထဲမွာ ေနတယ္။ ကြၽန္ေတာ္ ကစားသမားကို ေတြ႕တဲ့အခါမွာ ပြဲအေၾကာင္း စကားေျပာတယ္။ ကင္မရာက ရွိေနတာ ကြၽန္ေတာ္ သိပါတယ္။ ဒီတစ္ေခါက္မွာ ကြၽန္ေတာ္ ကြင္းထဲမွာ ရွိေနၿပီး ပရိသတ္ေတြနဲ႔ ေအာင္ပြဲခံခ်င္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ဒုတိယဂိုးအေၾကာင္း ေျပာခဲ့ၾကတယ္။ လြဲေခ်ာ္ခဲ့တာကိုေပါ့။ ေခါင္းတိုက္ခ်က္ကို ပိုအားပါရင္ ဂိုးေပါက္ထဲကို ဝင္သြားႏိုင္ပါတယ္။ ဘန္ေလနဲ႔ပြဲတုန္းက အာလင္း အဲဒီလို လုပ္ခဲ့ပါတယ္။ ပြဲအၿပီးမွာ လူေတြအတြက္ ထူးျခားဆန္းၾကယ္မႈအခ်ိဳ႕ လုပ္ျပဖို႔အတြက္ ကစားသမားေတြနဲ႔ စကားသြားေျပာတာလို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ကြၽန္ေတာ္ အဝတ္လဲခန္းထဲမွာလည္း အဲဒါကို လုပ္လို႔ရႏိုင္တယ္ဆိုတာ အမွန္ပါပဲ။ ကြၽန္ေတာ္ အဝတ္လဲခန္းထဲမွာ အဲဒီလို အႀကိမ္ေပါင္းမ်ားစြာ လုပ္ခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.