Premier League

စပါးစ်နဲ့ ချဲလ်ဆီးတို့ပွဲအတွက် အနိုင်ရမယ့်အသင်းကို ဟောကိန်းထုတ်လိုက်တဲ့ ခရစ္စ ဆပ်တန်

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က တနင်္လာနေ့ တော့တင်ဟမ်ဟော့စပါးကွင်းမှာ ကစားရမယ့် အမှတ်ပေးဇယားဦးဆောင်သူဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ချဲလ်ဆီးတို့ပွဲစဉ်အတွက် ဟောကိန်းထုတ်ခဲ့ပါတယ်။

အန်ဂီ ပိုစတီကိုဂလူရဲ့ စပါးစ်ဟာ အဖွင့် ၁၀ ပွဲမှာ ၈ ပွဲနိုင် ၂ ပွဲသရေနဲ့ ပရီးမီးယားလိဂ်မှာ အမြင့်ပျံနေပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၂ မှတ်အသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။ စပါးစ်ဟာ ပြီးခဲ့တဲ့အပတ်က ပဲလေ့စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ချဲလ်ဆီးကလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ ဘလက်ဘန်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပိုချက်တီနိုရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး ၁၀ ပွဲကစားထားရာမှာ ၃ ပွဲသာ အနိုင်ရရှိခဲ့တဲ့ အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ တနင်္လာနေ့မှာ ရင်ဆိုင်ရမယ့် တော့တင်ဟမ်ဟော့စပါးထက် ၁၄ မှတ်အထိ လျော့နည်းနေပြီး ပြီးခဲ့တဲ့အပတ်က စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ ၂-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆပ်တန်က စပါးစ်အနေနဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ၂-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်သွားမှာဖြစ်တယ်လို့ BBC အတွက် ရေးသားခဲ့တဲ့ ကော်လံထဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်ကတော့ ဒီပွဲမှာ စပါးစ်အနိုင်ရသွားမယ်ဆိုတဲ့ဘက်ကရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ အဲဒါနဲ့ပတ်သက်ပြီး စနိုးစနောင့်ဖြစ်နေပါတယ်။ စာရွက်ပေါ်မှာတော့ ဘယ်လိုဖြစ်သွားမလဲဆိုတာ ခန့်မှန်းဖို့ လွယ်ကူတဲ့ပွဲပါ။ စပါးစ်က ဇယားထိပ်ဆုံးက အသင်းဖြစ်ပြီး အန်ဂီ ပိုစတီကိုဂလူလက်အောက်မှာ ရှုံးပွဲမရှိသေးပါဘူး။ ချဲလ်ဆီးကတော့ အရမ်းကို အပြောင်းအလဲ မြန်တဲ့အသင်းပါ။ အရာအားလုံးကတော့ အိမ်ကွင်းနိုင်ပွဲကို ညွှန်ပြနေပေမယ့် ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက စပါးစ်ကို ၂၀၁၉ ခုနှစ်တုန်းက သူ အထုတ်ခံရပြီးနောက် ပထမဆုံးအကြိမ် ပြန်လာရမှာပါ။ ကျွန်တော်ကတော့ ပင်ကိုယ်သိစိတ်နဲ့ စပါးစ်ကို ထောက်ခံနေဦးမှာပါ။ ဘာလို့လဲဆိုတော့ သူတို့က ပိုကောင်းတဲ့အသင်းဖြစ်နေတယ်လို့ ထင်လို့ပါ။ ဒါပေမယ့် ပိုချက်တီနိုက ကျွန်တော့်ကို သူ့အသင်းက အနိုင်ရသွားနိုင်တယ်လို့ တွေးမိစေတဲ့ အချက်တစ်ချက်အဖြစ် ရှိနေပါတယ်။ သူက ပိုစတီကိုဂလူရဲ့ပူဖောင်းကို ဖောက်ပစ်နိုင်မယ့် တစ်ဦးတည်းသောသူ ဖြစ်ပါလိမ့်မယ်။ အဲဒီအပြင် ချဲလ်ဆီးက မှန်ကန်တဲ့ရလဒ်ကို ရယူနိုင်မယ်လို့ ကျွန်တော် မမြင်ဆုံး အသင်းဖြစ်နေပါတယ်။ ကျွန်တော် ဒီရာသီမှာ ၂ ကြိမ် ခန့်မှန်းခဲ့ပြီး သူတို့တွေ လူတန်နဲ့ ဘုန်းမောက်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သူတို့အတွက် ကစားပေးခဲ့တဲ့အချိန်တုန်းက ဂိုးကန်သွင်းမှုနှုန်းကတောင် ပိုကောင်းမွန်ခဲ့တယ်လို့ ခံစားရပါတယ်(၂၈ ပွဲကစားခဲ့ရာမှာ သွင်းဂိုး ၁ ဂိုး)”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲစလုံးမှာ နိုင်ပွဲမရှိခဲ့ဘဲ ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမတိုင်ခင် အာဆင်နယ်နဲ့ ၂-၂ သရေကျခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း ခရစၥ ဆပ္တန္က တနလၤာေန႔ ေတာ့တင္ဟမ္ေဟာ့စပါးကြင္းမွာ ကစားရမယ့္ အမွတ္ေပးဇယားဦးေဆာင္သူျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ခ်ဲလ္ဆီးတို႔ပြဲစဥ္အတြက္ ေဟာကိန္းထုတ္ခဲ့ပါတယ္။

အန္ဂီ ပိုစတီကိုဂလူရဲ႕ စပါးစ္ဟာ အဖြင့္ ၁၀ ပြဲမွာ ၈ ပြဲႏိုင္ ၂ ပြဲသေရနဲ႔ ပရီးမီးယားလိဂ္မွာ အျမင့္ပ်ံေနၿပီး အမွတ္ေပးဇယား ထိပ္ဆုံးမွာ ၂ မွတ္အသာနဲ႔ ဦးေဆာင္ေနတာ ျဖစ္ပါတယ္။ စပါးစ္ဟာ ၿပီးခဲ့တဲ့အပတ္က ပဲေလ့စ္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ခ်ဲလ္ဆီးကလည္း ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္မွာ ဘလက္ဘန္းကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပိုခ်က္တီႏိုရဲ႕အသင္းဟာ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတဲ့အသင္းျဖစ္ၿပီး ၁၀ ပြဲကစားထားရာမွာ ၃ ပြဲသာ အႏိုင္ရရွိခဲ့တဲ့ အမွတ္ေပးဇယားအဆင့္ ၁၁ ေနရာမွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ တနလၤာေန႔မွာ ရင္ဆိုင္ရမယ့္ ေတာ့တင္ဟမ္ေဟာ့စပါးထက္ ၁၄ မွတ္အထိ ေလ်ာ့နည္းေနၿပီး ၿပီးခဲ့တဲ့အပတ္က စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားခဲ့တဲ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမွာ ၂-၀ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဆပ္တန္က စပါးစ္အေနနဲ႔ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ ၂-၀ နဲ႔ အႏိုင္ယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ ဦးေဆာင္သြားမွာျဖစ္တယ္လို႔ BBC အတြက္ ေရးသားခဲ့တဲ့ ေကာ္လံထဲမွာ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ကေတာ့ ဒီပြဲမွာ စပါးစ္အႏိုင္ရသြားမယ္ဆိုတဲ့ဘက္ကရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္စိတ္ထဲမွာေတာ့ အဲဒါနဲ႔ပတ္သက္ၿပီး စႏိုးစေနာင့္ျဖစ္ေနပါတယ္။ စာ႐ြက္ေပၚမွာေတာ့ ဘယ္လိုျဖစ္သြားမလဲဆိုတာ ခန႔္မွန္းဖို႔ လြယ္ကူတဲ့ပြဲပါ။ စပါးစ္က ဇယားထိပ္ဆုံးက အသင္းျဖစ္ၿပီး အန္ဂီ ပိုစတီကိုဂလူလက္ေအာက္မွာ ရႈံးပြဲမရွိေသးပါဘူး။ ခ်ဲလ္ဆီးကေတာ့ အရမ္းကို အေျပာင္းအလဲ ျမန္တဲ့အသင္းပါ။ အရာအားလုံးကေတာ့ အိမ္ကြင္းႏိုင္ပြဲကို ၫႊန္ျပေနေပမယ့္ ခ်ဲလ္ဆီးနည္းျပ ပိုခ်က္တီႏိုက စပါးစ္ကို ၂၀၁၉ ခုႏွစ္တုန္းက သူ အထုတ္ခံရၿပီးေနာက္ ပထမဆုံးအႀကိမ္ ျပန္လာရမွာပါ။ ကြၽန္ေတာ္ကေတာ့ ပင္ကိုယ္သိစိတ္နဲ႔ စပါးစ္ကို ေထာက္ခံေနဦးမွာပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔က ပိုေကာင္းတဲ့အသင္းျဖစ္ေနတယ္လို႔ ထင္လို႔ပါ။ ဒါေပမယ့္ ပိုခ်က္တီႏိုက ကြၽန္ေတာ့္ကို သူ႔အသင္းက အႏိုင္ရသြားႏိုင္တယ္လို႔ ေတြးမိေစတဲ့ အခ်က္တစ္ခ်က္အျဖစ္ ရွိေနပါတယ္။ သူက ပိုစတီကိုဂလူရဲ႕ပူေဖာင္းကို ေဖာက္ပစ္ႏိုင္မယ့္ တစ္ဦးတည္းေသာသူ ျဖစ္ပါလိမ့္မယ္။ အဲဒီအျပင္ ခ်ဲလ္ဆီးက မွန္ကန္တဲ့ရလဒ္ကို ရယူႏိုင္မယ္လို႔ ကြၽန္ေတာ္ မျမင္ဆုံး အသင္းျဖစ္ေနပါတယ္။ ကြၽန္ေတာ္ ဒီရာသီမွာ ၂ ႀကိမ္ ခန႔္မွန္းခဲ့ၿပီး သူတို႔ေတြ လူတန္နဲ႔ ဘုန္းေမာက္ကို အႏိုင္ယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ သူတို႔အတြက္ ကစားေပးခဲ့တဲ့အခ်ိန္တုန္းက ဂိုးကန္သြင္းမႈႏႈန္းကေတာင္ ပိုေကာင္းမြန္ခဲ့တယ္လို႔ ခံစားရပါတယ္(၂၈ ပြဲကစားခဲ့ရာမွာ သြင္းဂိုး ၁ ဂိုး)”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံးကစားခဲ့တဲ့ ၂ ပြဲစလုံးမွာ ႏိုင္ပြဲမရွိခဲ့ဘဲ ဘရန႔္တ္ဖို႔ဒ္ကို အိမ္ကြင္းမွာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမတိုင္ခင္ အာဆင္နယ္နဲ႔ ၂-၂ သေရက်ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.