Premier League

တိုင်ပတ်နေတဲ့ ဟွိုင်လွန်းကြောင့် ဇန်နဝါရီအတွက် တိုက်စစ်မှူး ၃ ဦးအထိ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်မှာ တစ်ယောက်တည်း တိုင်ပတ်နေတဲ့ ရာ့စ်မွတ် ဟွိုင်လွန်းကို အထောက်အပံ့ပေးနိုင်ဖို့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားဖို့ ရည်မှန်းထားပြီး ပစ်မှတ်ထဲမှာ ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနီလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဟွိုင်လွန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အတ္တလန္တာကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်မှာ ၃ ဂိုးအထိ သွင်းယူထားပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်မှာ မြင့်မားတဲ့ မျှော်မှန်းချက်တွေ ထားရှိခြင်းခံခဲ့ရပေမယ့်လည်း တိုက်စစ်မှာ အထောင်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ တစ်ဦးတည်းသောကစားသမားဖြစ်တဲ့ မာစီယယ်လ်နဲ့ ချက်ချင်းပဲ ဦးဆောင်ဖို့ တာဝန်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

The Mail ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ လူငယ်တိုက်စစ်မှူးကို ချက်ချင်း တာဝန်ပေးလိုက်တာက တိုးတက်မှုကို နှောင့်နှေးစေမှာကို ကြောက်ရွံ့နေပြီး နောက်ထပ် အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူတာက ဟွိုင်လွန်းအတွက် အကျိုးအမြတ်ဖြစ်စေမှာဖြစ်သလို ဂိုးသွင်းရမယ့် တာဝန်ကိုလည်း လျော့ပါးစေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ ဥရောပတလွှားက တိုက်စစ်မှူးအများအပြားကို စောင့်ကြည့်နေပြီး အဲဒီထဲမှာ ဇန်နဝါရီလမှာ အသင်းကို စွန့်ခွာဖွယ်ရှိတဲ့ ဘရန့်တ်ဖို့ဒ်ကြယ်ပွင့် အိုင်ဗန် တိုနီလည်း အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးဟာ လောင်းကစားပြစ်မှုကြောင့် ၈ လ ပွဲပယ်ခံထားရပေမယ့်လည်း လေ့ကျင့်ရေးပြန်ဆင်းနေပြီဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက်နေ့မှာ ပြန်ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ကလည်း တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘရန့်တ်ဖို့ဒ်ကတော့ ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးနဲ့ ရာသီလယ်မှာ လမ်းခွဲပေးဖို့ဆိုရင် ပေါင်သန်း ၈၀ ပေးချေရမယ်လို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပေါ်တိုဝါရင့်တိုက်စစ်မှူး မက်ဒီ တာရေမီကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပြီး အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။

အီရန် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ပေါ်တိုအတွက် ပြိုင်ပွဲစုံပါဝင်ကစားပေးခဲ့ရာမှာ ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ယခုရာသီမှာလည်း ၁၂ ပွဲ ပါဝင်ကစားပေးထားရာမှာ ၃ ဂိုး သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

နောက်ထပ် မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ကစားသမားကတော့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ဖြစ်ပြီး နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ အသင်းနဲ့ ပြဿနာတက်ခဲ့ပြီးနောက် စီးရီးအေချန်ပီယံတွေကို စွန့်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၃-၂၀၂၄ ရာသီကို ဆိုးဆိုးရွားရွား ဖြတ်သန်းနေရတာကြောင့် အဲရစ် တန်ဟက်ရဲ့ နည်းပြရာထူးက ဖိအားတွေအောက်ရောက်ရှိနေပြီး ရလဒ်တွေသာ ရှေ့ဆက်တိုးတက်လာခြင်းမရှိဘူးဆိုရင် ဇီဒန်းနဲ့ စပို့တင်းနည်းပြ ရူဘင် အမိုရင်မ်တို့ ၂ ဦးက နည်းပြသစ်ဖြစ်လာနိုင်တဲ့စာရင်းထဲမှာ ပါဝင်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ တိုက္စစ္မွာ တစ္ေယာက္တည္း တိုင္ပတ္ေနတဲ့ ရာ့စ္မြတ္ ဟြိဳင္လြန္းကို အေထာက္အပံ့ေပးႏိုင္ဖို႔ တိုက္စစ္မႉးတစ္ဦး ေခၚယူသြားဖို႔ ရည္မွန္းထားၿပီး ပစ္မွတ္ထဲမွာ ဘရန႔္တ္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္ တိုနီလည္း ပါဝင္ေနတယ္လို႔ သိရပါတယ္။

ဟြိဳင္လြန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အတၱလႏၲာကေန ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ ၃ ဂိုးအထိ သြင္းယူထားေပမယ့္လည္း ပရီးမီးယားလိဂ္မွာေတာ့ ဂိုးသြင္းယူႏိုင္ျခင္း မရွိေသးတာျဖစ္ပါတယ္။

ဒိန္းမတ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ အိုးထရက္ဖို႔ဒ္မွာ ျမင့္မားတဲ့ ေမွ်ာ္မွန္းခ်က္ေတြ ထားရွိျခင္းခံခဲ့ရေပမယ့္လည္း တိုက္စစ္မွာ အေထာင္တိုက္စစ္မႉးအျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ တစ္ဦးတည္းေသာကစားသမားျဖစ္တဲ့ မာစီယယ္လ္နဲ႔ ခ်က္ခ်င္းပဲ ဦးေဆာင္ဖို႔ တာဝန္ေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

The Mail ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္ဟာ လူငယ္တိုက္စစ္မႉးကို ခ်က္ခ်င္း တာဝန္ေပးလိုက္တာက တိုးတက္မႈကို ေႏွာင့္ေႏွးေစမွာကို ေၾကာက္႐ြံ႕ေနၿပီး ေနာက္ထပ္ အေတြ႕အႀကဳံရွိတဲ့ တိုက္စစ္မႉးတစ္ဦး ထပ္မံေခၚယူတာက ဟြိဳင္လြန္းအတြက္ အက်ိဳးအျမတ္ျဖစ္ေစမွာျဖစ္သလို ဂိုးသြင္းရမယ့္ တာဝန္ကိုလည္း ေလ်ာ့ပါးေစလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ လက္ရွိမွာ ဥေရာပတလႊားက တိုက္စစ္မႉးအမ်ားအျပားကို ေစာင့္ၾကည့္ေနၿပီး အဲဒီထဲမွာ ဇန္နဝါရီလမွာ အသင္းကို စြန႔္ခြာဖြယ္ရွိတဲ့ ဘရန႔္တ္ဖို႔ဒ္ၾကယ္ပြင့္ အိုင္ဗန္ တိုနီလည္း အပါအဝင္ျဖစ္တယ္လို႔ သိရပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ေလာင္းကစားျပစ္မႈေၾကာင့္ ၈ လ ပြဲပယ္ခံထားရေပမယ့္လည္း ေလ့က်င့္ေရးျပန္ဆင္းေနၿပီျဖစ္ၿပီး ဇန္နဝါရီ ၁၇ ရက္ေန႔မွာ ျပန္ကစားေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ကလည္း တိုနီကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ဘရန႔္တ္ဖို႔ဒ္ကေတာ့ ၎တို႔ရဲ႕ ၾကယ္ပြင့္တိုက္စစ္မႉးနဲ႔ ရာသီလယ္မွာ လမ္းခြဲေပးဖို႔ဆိုရင္ ေပါင္သန္း ၈၀ ေပးေခ်ရမယ္လို႔ ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ေပၚတိုဝါရင့္တိုက္စစ္မႉး မက္ဒီ တာေရမီကိုလည္း ေစာင့္ၾကည့္ေနတယ္လို႔ သိရၿပီး အသက္ ၃၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနတဲ့ ကစားသမားျဖစ္ပါတယ္။

အီရန္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီ ေပၚတိုအတြက္ ၿပိဳင္ပြဲစုံပါဝင္ကစားေပးခဲ့ရာမွာ ၃၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့သလို ယခုရာသီမွာလည္း ၁၂ ပြဲ ပါဝင္ကစားေပးထားရာမွာ ၃ ဂိုး သြင္းယူေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။

ေနာက္ထပ္ မန္ခ်က္စတာယူႏိုက္တက္က စိတ္ဝင္စားေနတဲ့ ကစားသမားကေတာ့ နာပိုလီ တိုက္စစ္မႉး ဗစ္တာ အိုဆီမန္ျဖစ္ၿပီး ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးဟာ အသင္းနဲ႔ ျပႆနာတက္ခဲ့ၿပီးေနာက္ စီးရီးေအခ်န္ပီယံေတြကို စြန႔္ခြာဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၂၀၂၃-၂၀၂၄ ရာသီကို ဆိုးဆိုး႐ြား႐ြား ျဖတ္သန္းေနရတာေၾကာင့္ အဲရစ္ တန္ဟက္ရဲ႕ နည္းျပရာထူးက ဖိအားေတြေအာက္ေရာက္ရွိေနၿပီး ရလဒ္ေတြသာ ေရွ႕ဆက္တိုးတက္လာျခင္းမရွိဘူးဆိုရင္ ဇီဒန္းနဲ႔ စပို႔တင္းနည္းျပ ႐ူဘင္ အမိုရင္မ္တို႔ ၂ ဦးက နည္းျပသစ္ျဖစ္လာႏိုင္တဲ့စာရင္းထဲမွာ ပါဝင္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.