MLS Messi

မက်ဆီ ဘလွန်ဒေါရသွားတာကို သဘောမတူတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္လာနေ့ ညနေက ပဲရစ်မှာ ကျင်းပခဲ့တဲ့ ဘလွန်ဒေါဆုပေးပွဲမှာ လီယွန်နယ် မက်ဆီ ဆုရရှိသွားခဲ့ပြီးနောက် အာဂျင်တီးနားကြယ်ပွင့်ကို ပြစ်တင်ဝေဖန်ထားတဲ့ အင်စတာဂရမ်ပေါ်က ပို့စ်ကို Liked ပေးခဲ့ပါတယ်။

မက်ဆီဟာ အခုဆိုရင် ကစားသမားဘဝတလျှောက် ၈ ကြိမ်မြောက် ဘလွန်ဒေါဆုကို စံချိန်တင်ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို အောင်မြင်မှုရရှိအောင် အဓိကဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ကစားသမားရဲ့ နောက်ဆုံး ဘလွန်ဒေါအောင်ပွဲဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဆန်ခါတင်စာရင်းတောင် မဝင်နိုင်ခဲ့တာကြောင့် ပိုလို့တောင် ထူးခြားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဥရောပအပြင်ဘက်က မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအတွက် ကစားပေးနေတာဖြစ်ပါတယ်။

စပိန်ဂျာနယ်လစ် သောမတ်စ် ရွန်ဆေရိုက မက်ဆီကို ဘလွန်ဒေါဆုပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပြီး အင်စတာဂရမ်ပေါ်မှာ “ဟယ်လို သူငယ်ချင်းတို့။ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ သူတို့တွေ မက်ဆီကို နောက်ထပ် ဘလွန်ဒေါဆုပေးသွားခဲ့ပါတယ်။ သူ မိုင်ယာမီမှာပဲ အနားယူသွားမှာပါ။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလားအတွက် ကြိုတင်ပြင်ဆင်ဖို့ ပီအက်စ်ဂျီမှာ အနားယူမယ့်ပုံပေါ်ခဲ့ပြီးသားပါ။ သူ ကမ္ဘာ့ဖလားအနိုင်ရခဲ့တယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် ပင်နယ်တီ ၆ လုံးနဲ့ပါ။ ကမ္ဘာ့ဖလားက ပြီးတော့ လွန်ခဲ့တဲ့ ၁၀ လတုန်းက ကစားခဲ့တာပါ။ ကျွန်တော်တို့က အခု နိုဝင်ဘာလထဲမှာပါ။ မက်ဆီက ဘလွန်ဒေါဆုလည်း ၈ ဆုရှိပါပြီ။ သူ ၅ ဆုပဲ ရသင့်တာပါ။ အင်နီယေစတာ၊ ဇာဗီ၊ တစ်ရာသီတည်း ဖလား ၆ လုံးအထိ အနိုင်ရခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီး၊ ပြိုင်ပွဲတိုင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ ဟာလန်းတို့ရဲ့ ဘလွန်ဒေါဆုတွေကို သူ ရထားတာပါ။”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုက ရွန်ဆေရိုရဲ့ ပို့စ်ကို Liked ပေးခဲ့တဲ့အပြင် မျက်ရည်ထွက်အောင် ရယ်မောနေတဲ့ အီမိုဂျီတွေနဲ့ပါ မှတ်ချက်ပေးခဲ့ပြီး မက်ဆီရဲ့ ဘလွန်ဒေါဆုရရှိမှုကို သဘောမတူညီကြောင်း ပြသခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဟာ လက်ရှိမှာ အယ်လ်နာဆာအတွက် ကစားပေးနေတာဖြစ်ပြီး ကစားသမားဘဝအတွင်း ဘလွန်ဒေါဆု ၅ ကြိမ်အထိ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တနလၤာေန႔ ညေနက ပဲရစ္မွာ က်င္းပခဲ့တဲ့ ဘလြန္ေဒါဆုေပးပြဲမွာ လီယြန္နယ္ မက္ဆီ ဆုရရွိသြားခဲ့ၿပီးေနာက္ အာဂ်င္တီးနားၾကယ္ပြင့္ကို ျပစ္တင္ေဝဖန္ထားတဲ့ အင္စတာဂရမ္ေပၚက ပို႔စ္ကို Liked ေပးခဲ့ပါတယ္။

မက္ဆီဟာ အခုဆိုရင္ ကစားသမားဘဝတေလွ်ာက္ ၈ ႀကိမ္ေျမာက္ ဘလြန္ေဒါဆုကို စံခ်ိန္တင္ဆြတ္ခူးႏိုင္ခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက ကာတာမွာ က်င္းပခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားကို ေအာင္ျမင္မႈရရွိေအာင္ အဓိကဦးေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ ေနာက္ဆုံး ဘလြန္ေဒါေအာင္ပြဲဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက ဆန္ခါတင္စာရင္းေတာင္ မဝင္ႏိုင္ခဲ့တာေၾကာင့္ ပိုလို႔ေတာင္ ထူးျခားခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဥေရာပအျပင္ဘက္က ေမဂ်ာလိဂ္ကလပ္ အင္တာ မိုင္ယာမီအတြက္ ကစားေပးေနတာျဖစ္ပါတယ္။

စပိန္ဂ်ာနယ္လစ္ ေသာမတ္စ္ ႐ြန္ေဆ႐ိုက မက္ဆီကို ဘလြန္ေဒါဆုေပးခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ၿပီး အင္စတာဂရမ္ေပၚမွာ “ဟယ္လို သူငယ္ခ်င္းတို႔။ ဘာေတြျဖစ္ခဲ့လဲဆိုတာ ကြၽန္ေတာ္တို႔ သိၿပီးသားပါ။ သူတို႔ေတြ မက္ဆီကို ေနာက္ထပ္ ဘလြန္ေဒါဆုေပးသြားခဲ့ပါတယ္။ သူ မိုင္ယာမီမွာပဲ အနားယူသြားမွာပါ။ ဒါေပမယ့္လည္း ကမာၻ႔ဖလားအတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ ပီအက္စ္ဂ်ီမွာ အနားယူမယ့္ပုံေပၚခဲ့ၿပီးသားပါ။ သူ ကမာၻ႔ဖလားအႏိုင္ရခဲ့တယ္။ ဟုတ္ပါတယ္။ ဒါေပမယ့္ ပင္နယ္တီ ၆ လုံးနဲ႔ပါ။ ကမာၻ႔ဖလားက ၿပီးေတာ့ လြန္ခဲ့တဲ့ ၁၀ လတုန္းက ကစားခဲ့တာပါ။ ကြၽန္ေတာ္တို႔က အခု ႏိုဝင္ဘာလထဲမွာပါ။ မက္ဆီက ဘလြန္ေဒါဆုလည္း ၈ ဆုရွိပါၿပီ။ သူ ၅ ဆုပဲ ရသင့္တာပါ။ အင္နီေယစတာ၊ ဇာဗီ၊ တစ္ရာသီတည္း ဖလား ၆ လုံးအထိ အႏိုင္ရခဲ့တဲ့ လီဗန္ေဒါ့ဗ္စကီး၊ ၿပိဳင္ပြဲတိုင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့တဲ့ ဟာလန္းတို႔ရဲ႕ ဘလြန္ေဒါဆုေတြကို သူ ရထားတာပါ။”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ႐ြန္ေဆ႐ိုရဲ႕ ပို႔စ္ကို Liked ေပးခဲ့တဲ့အျပင္ မ်က္ရည္ထြက္ေအာင္ ရယ္ေမာေနတဲ့ အီမိုဂ်ီေတြနဲ႔ပါ မွတ္ခ်က္ေပးခဲ့ၿပီး မက္ဆီရဲ႕ ဘလြန္ေဒါဆုရရွိမႈကို သေဘာမတူညီေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ဟာ လက္ရွိမွာ အယ္လ္နာဆာအတြက္ ကစားေပးေနတာျဖစ္ၿပီး ကစားသမားဘဝအတြင္း ဘလြန္ေဒါဆု ၅ ႀကိမ္အထိ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.