Carabao & FA Premier League

အိမ်ကွင်းမှာ ထပ်ရှုံးတဲ့ တန်ဟက်အပေါ် သဘောထားကို ရှင်းရှင်းလင်းလင်းပြောလိုက်တဲ့ ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဗုဒ္ဓဟူးနေ့ညက အိုးထရက်ဖို့ဒ်မှာ နယူးကာဆယ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အဲရစ် တန်ဟက်အပေါ် ၎င်းတို့ရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်းသိအောင် လူမှုကွန်ရက်ပေါ်မှာ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို အိုးထရက်ဖို့ဒ်မှာ ၃-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ည အိုးထရက်ဖို့ဒ်မှာပဲ အက်ဒီ ဟောင်းရဲ့အသင်းကို လက်ခံယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဘာမျှော်လင့်စရာမှ မရှိတဲ့ မန်ချက်စတာယူနိုက်တက်အတွက် ကာရာဘောင်းဖလားက မျှော်လင့်လို့ ရနိုင်တဲ့ ဆုဖလားတစ်ခုအဖြစ် ရှိနေခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ လက်ရှိ ကာရာဘောင်းချန်ပီယံတွေကို နယူးကာဆယ်က အိုးထရက်ဖို့ဒ်မှာ ၃-၀ နဲ့ အပြတ်အသတ် အနိုင်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ကာရာဘောင်းဖလားဗိုလ်လုပွဲတုန်းက ၂-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို လက်စားပြန်ချေနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ နည်းပြ တန်ဟက်ကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး ဒတ်ချ်လူမျိုးနည်းပြရဲ့ ရာထူးအတွက် မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက“အိမ်ကွင်းမှာ ၂ ပွဲဆက်တိုက် ၃-၀ နဲ့ ရှုံးတယ်။ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါက ကောင်းသင့်သလောက် မကောင်းရုံမဟုတ်တော့ဘူး”လို့ X မှာ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဥိးကလည်း “အမှတ်ပေးဇယားအောက်ခြေနားက အသင်းတွေကတောင် ကျွန်တော်တို့ထက် ခံစစ်ပိုင်းမှာ ပိုပြီးကျစ်လစ်ပြီး စုဖွဲ့မှုပိုကောင်းတာ မြင်နေရတယ်။ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ခင်ဗျား တန်ဟက်အတွက် ဆင်ခြေပေးစရာမရှိတာ သေချာပါတယ်။ ကျွန်တော်တို့ ပြောနေတာက အပျော်တမ်းအဆင့်ကိစ္စတွေပါ။”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ဦးကလည်း မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းတွေဖြစ်တဲ့ မော်ရင်ညို၊ ဆိုးလ်ရှားတို့နဲ့ နှိုင်းယှဉ်ပြီး တန်ဟက်ကို “ဟိုဆေး မော်ရင်ညိုနဲ့ အိုလေတို့တောင် သူ့လောက် ဘတ်ဂျက်မရဘဲ လုပ်နိုင်ခဲ့တယ်။ တန်ဟက်က ငွေတွေအများကြီးသုံးပြီး အသင်းက ဘာဝိသေသမှ မရှိဘူး။ ဘာကစားဟန်မှ မရှိဘူး။ ဘာမှ လုပ်မနေဘူး”လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ဗုဒၶဟူးေန႔ညက အိုးထရက္ဖို႔ဒ္မွာ နယူးကာဆယ္ကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အဲရစ္ တန္ဟက္အေပၚ ၎တို႔ရဲ႕ ခံစားခ်က္ကို ရွင္းရွင္းလင္းလင္းသိေအာင္ လူမႈကြန္ရက္ေပၚမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးကို အိုးထရက္ဖို႔ဒ္မွာ ၃-၀ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဗုဒၶဟူးေန႔ည အိုးထရက္ဖို႔ဒ္မွာပဲ အက္ဒီ ေဟာင္းရဲ႕အသင္းကို လက္ခံယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ဘာေမွ်ာ္လင့္စရာမွ မရွိတဲ့ မန္ခ်က္စတာယူႏိုက္တက္အတြက္ ကာရာေဘာင္းဖလားက ေမွ်ာ္လင့္လို႔ ရႏိုင္တဲ့ ဆုဖလားတစ္ခုအျဖစ္ ရွိေနခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။ လက္ရွိ ကာရာေဘာင္းခ်န္ပီယံေတြကို နယူးကာဆယ္က အိုးထရက္ဖို႔ဒ္မွာ ၃-၀ နဲ႔ အျပတ္အသတ္ အႏိုင္ယူခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ကာရာေဘာင္းဖလားဗိုလ္လုပြဲတုန္းက ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈကို လက္စားျပန္ေခ်ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ပြဲအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ နည္းျပ တန္ဟက္ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပရဲ႕ ရာထူးအတြက္ ေမးခြန္းထုတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက“အိမ္ကြင္းမွာ ၂ ပြဲဆက္တိုက္ ၃-၀ နဲ႔ ရႈံးတယ္။ ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး။ ဒါက ေကာင္းသင့္သေလာက္ မေကာင္း႐ုံမဟုတ္ေတာ့ဘူး”လို႔ X မွာ ေရးသားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဥိးကလည္း “အမွတ္ေပးဇယားေအာက္ေျခနားက အသင္းေတြကေတာင္ ကြၽန္ေတာ္တို႔ထက္ ခံစစ္ပိုင္းမွာ ပိုၿပီးက်စ္လစ္ၿပီး စုဖြဲ႕မႈပိုေကာင္းတာ ျမင္ေနရတယ္။ ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး။ ဒါေပမယ့္ ခင္ဗ်ား တန္ဟက္အတြက္ ဆင္ေျခေပးစရာမရွိတာ ေသခ်ာပါတယ္။ ကြၽန္ေတာ္တို႔ ေျပာေနတာက အေပ်ာ္တမ္းအဆင့္ကိစၥေတြပါ။”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္းေတြျဖစ္တဲ့ ေမာ္ရင္ညိဳ၊ ဆိုးလ္ရွားတို႔နဲ႔ ႏႈိင္းယွဥ္ၿပီး တန္ဟက္ကို “ဟိုေဆး ေမာ္ရင္ညိဳနဲ႔ အိုေလတို႔ေတာင္ သူ႔ေလာက္ ဘတ္ဂ်က္မရဘဲ လုပ္ႏိုင္ခဲ့တယ္။ တန္ဟက္က ေငြေတြအမ်ားႀကီးသုံးၿပီး အသင္းက ဘာဝိေသသမွ မရွိဘူး။ ဘာကစားဟန္မွ မရွိဘူး။ ဘာမွ လုပ္မေနဘူး”လို႔ ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.