Carabao & FA Premier League

အာတီတာဘာလို့ ပွဲထွက်ခွင့်မပေးလဲဆိုတာ ပြောကြားခြင်းခံခဲ့ရတဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်ပရိသတ်တွေဟာ ဝက်စ်ဟမ်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် စစချင်း စက္ကန့် ၉၀ အတွင်းမှာပဲ အာရွန် ရမ်းစ်ဒေးလ်ဟာ ဘာကြောင့် ပွဲထွက်ဂိုးသမားနေရာအတွက် အာတီတာရဲ့ နေရာပေးခြင်းမခံရလဲဆိုတာကို ပြသခဲ့တယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ခက်ခဲတဲ့ ရာသီအစကို ရင်ဆိုင်ခဲ့ရပြီး ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာတဲ့ ဒေးဗစ် ရာယာကြောင့် ပွဲထွက်ဂိုးသမားနေရာကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ အာတီတာက ဂိုးပေါက်မှာ လုံးလုံးကြီး စိတ်မချရပေမယ့်လည်း စပိန်ဂိုးသမားရဲ့ ဘောလုံးကစားနိုင်တဲ့အရည်အချင်းကို ပိုမိုနှစ်သက်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ည လန်ဒန်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်း စတုတ္ထအဆင့်ပွဲစဉ်မှာ ရမ်းစ်ဒေးလ်ဟာ ပွဲထွက်ခွင့်နေရာအတွက် သက်သေပြသဖို့ အခွင့်အရေးပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရမ်းစ်ဒေးလ်အတွက် အကောင်းဆုံး စတင်မှု မဖြစ်ခဲ့ဘဲ အာဆင်နယ်ပရိသတ်တစ်ဦးက “အာရွန် ရမ်းစ်ဒေးလ်ရဲ့ ပထမဆုံး ဘောလုံးထိတွေ့မှုက ဘောလုံးကို ထိန်းချုပ်ပြီး တတ်နိုင်သမျှ ဝေးဝေးကန်ထုတ်ဖို့ဖြစ်ပြီး ဘယ်အာဆင်နယ်ကစားသမားဆီမှ မရောက်ခဲ့ဘူး။ မှားယွင်းတဲ့ ရွေးချယ်မှု မဟုတ်ပေမယ့်လည်း သူက ဘာကြောင့် အာတီတာရဲ့ နံပါတ် ၁ ရွေးချယ်မှုမဟုတ်ခဲ့ရလဲဆိုတာကို ညွှန်ပြနေတာပါ။”လို့ X မှာ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ပွဲကစားချိန် ၁ မိနစ်လောက်မှာ ဘာကြောင့် ရမ်းစ်ဒေးလ် ထပ်မကစားရတော့တာလဲဆိုတာကို ခင်ဗျား နားလည်ပြီးလောက်ပါပြီ။ ဟားဟားဟား”လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ပရိသတ္ေတြဟာ ဝက္စ္ဟမ္းကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ စစခ်င္း စကၠန႔္ ၉၀ အတြင္းမွာပဲ အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ ဘာေၾကာင့္ ပြဲထြက္ဂိုးသမားေနရာအတြက္ အာတီတာရဲ႕ ေနရာေပးျခင္းမခံရလဲဆိုတာကို ျပသခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

အဂၤလန္လက္ေ႐ြးစင္ဂိုးသမားဟာ ခက္ခဲတဲ့ ရာသီအစကို ရင္ဆိုင္ခဲ့ရၿပီး ဘရန႔္တ္ဖို႔ဒ္ကေန အငွားနဲ႔ ေျပာင္းေ႐ႊ႕လာတဲ့ ေဒးဗစ္ ရာယာေၾကာင့္ ပြဲထြက္ဂိုးသမားေနရာကို ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္။

နည္းျပ အာတီတာက ဂိုးေပါက္မွာ လုံးလုံးႀကီး စိတ္မခ်ရေပမယ့္လည္း စပိန္ဂိုးသမားရဲ႕ ေဘာလုံးကစားႏိုင္တဲ့အရည္အခ်င္းကို ပိုမိုႏွစ္သက္ခဲ့တာျဖစ္ၿပီး ဗုဒၶဟူးေန႔ည လန္ဒန္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ကာရာေဘာင္း စတုတၳအဆင့္ပြဲစဥ္မွာ ရမ္းစ္ေဒးလ္ဟာ ပြဲထြက္ခြင့္ေနရာအတြက္ သက္ေသျပသဖို႔ အခြင့္အေရးေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရမ္းစ္ေဒးလ္အတြက္ အေကာင္းဆုံး စတင္မႈ မျဖစ္ခဲ့ဘဲ အာဆင္နယ္ပရိသတ္တစ္ဦးက “အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ ပထမဆုံး ေဘာလုံးထိေတြ႕မႈက ေဘာလုံးကို ထိန္းခ်ဳပ္ၿပီး တတ္ႏိုင္သမွ် ေဝးေဝးကန္ထုတ္ဖို႔ျဖစ္ၿပီး ဘယ္အာဆင္နယ္ကစားသမားဆီမွ မေရာက္ခဲ့ဘူး။ မွားယြင္းတဲ့ ေ႐ြးခ်ယ္မႈ မဟုတ္ေပမယ့္လည္း သူက ဘာေၾကာင့္ အာတီတာရဲ႕ နံပါတ္ ၁ ေ႐ြးခ်ယ္မႈမဟုတ္ခဲ့ရလဲဆိုတာကို ၫႊန္ျပေနတာပါ။”လို႔ X မွာ ေရးသားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ပြဲကစားခ်ိန္ ၁ မိနစ္ေလာက္မွာ ဘာေၾကာင့္ ရမ္းစ္ေဒးလ္ ထပ္မကစားရေတာ့တာလဲဆိုတာကို ခင္ဗ်ား နားလည္ၿပီးေလာက္ပါၿပီ။ ဟားဟားဟား”လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.